အောက်ပါတို့သည် စနောက်ရယ်မောခြင်းတ၀က် ငိုကြွေးလွမ်းဆွေးခြင်းတ၀က်နှင့် ရေးထားသော ကဗျာများဖြစ်သည်။ (ကဗျာဟု မသတ်မှတ်လျင်လည်း ရသည်) ကျမအတွက်တော့ တန်ဖိုးမဖြတ်နိုင်သော ရတနာများပင် ဖြစ်သည်။
လေးစားစွာဖြင့်
ခိုင်စိုးလင်း
စတွေ့တည်းက
မတော်တဆမဟုတ်
အမှတ်တရ အခမ်းအနားတစ်ခုမှာ
ကိုယ်ကစ သတိထားမိခဲ့တာလေ
ခြေဖမ်းဂိုးကန်ချင်တယ်ဆိုတဲ့ စကား
ထူးခြားနေတဲ့ဟန် (သောက်ထားတာကိုး)
ဆံပင်ရှည်ဖြောင့်ဖြောင့်မှာ
OSOLO ဦးထုပ် နက်ပြာလေးနဲ့လေ
(ကိုတင်ထွန်းအောင်ကတဆင့်) စက်ဘီးငှားလိုက်တာက
ပိုသတိတရ ဖြစ်စေတယ်
ဒိုင်နမို မပါဘဲ မီးလုံးအစုံပါတဲ့
အစိမ်းရောင် Pheasant ရယ်
River Valley ကအထွက်မှာ နောက်ပြောင်သွားတာရယ်
အားလုံးဟာ တစ်ခုသောကာလမှာ ကျန်ခဲ့ပေမဲ့
တကယ်မေ့လို့ မရသေးဘူး (24-05-1999)
လေပြည်မြူးသော့
လျော့ရဲရဲ လရိပ်အောက်
ကျော့ခိုင်ဖြူနောက်က ထိုင်ပြီး
စက်ဘီးတစ်ခေါက်ထွက်စီးတုန်း
ရုတ်တရက်တွေ့တာ
ကဘတ်ဆိုင်ရှေ့မှာလေ
မမေ့နိုင်ခြင်းရဲ့ Levis ဂျင်းပြာဖျော့
အင်္ကျီကတော့ အနက်လက်ရှည်
ရွှေရည်ဖြာလဲ့နေတဲ့ မျက်ဝန်းတောက်
မူးလောက်အောင် ရင်ခုန်စေခဲ့။ (ရွှေရောင်တောက်နေတော့ ကိုယ်ပါရောမူးသွားတာ) (02-03-1998)
ဝါကျွတ်ပွဲ နောက်ဆုံးတစ်ညမှာ
အောင်သာနို့က တောက်ပေးတာနဲ့
နည်းနည်းသွားနောက်လိုက်မိတယ်
စိတ်ကောက်ရုံအဆင့်ထက်ပိုများ
ဒေါသထွက်သွားမယ်မထင်ခဲ့
ဝဲခနဲ့လွင့်လာတဲ့ အကြည့်
ရင့်လွန်းတာ သတိထားမိမှ
မှားမှန်းသေချာသိ
နှလုံးသား ပြာအတိဖြစ်သွားပြီ။ (07-10-1998)
red lebel တစ်လုံးနဲ့
မုန်းရိပ်လွှမ်းမျက်ဝန်းတစ်စုံ
မှောင်ရီနေတဲ့ညနေမှာ
ရောင်စဉ်ဖြာထွက်
တလက်လက်တောက်ပ
ငေးမ၀အောင် လိုက်ဖက်လွန်း
အစွမ်းထက်မြက် ပြုစားတတ်တော့
နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင် စတိုင်အပြည့်
ပိုင်နိုင်လွန်းတဲ့ အကြည့်တွေကို
ပျော်မွေ့ကျေနပ် စိတ်မဆိုးတတ်ခဲ့။ (10-10-1998)
ဒီဇင်ဘာ နှစ်ဆယ့်လေး
ညအမှောင်မသန်းသေးခင်
မောင်သိန်းလှ အိမ်ရှေ့ခုံတန်းလျားမှာ
အင်္ကျီအနက်ဝတ်ကာထိုင်
မှိုင်နေတာလား
မှုန်သုန်သုန် မျက်နှာထားက
တစုံတရာကို အလိုမကျသည့်နှယ်
ခပ်တည်တည်နဲ့မို့
သူ့အိမ်ဖက်တောင် မရောက်ဖြစ်ဘဲ
ချက်ချင်းပြန်ကွေ့လာမိတယ်
ထပ်တွေ့ချင်တာလည်း ပါသပေါ့
ချော့ခွင့်မရှိသေးတဲ့ဘ၀မှာ
လှည့်ပြန်ဝင် မပြေးသွားအောင်ပဲဆုတောင်း
ကံမကောင်းခဲ့ပါဘူး။ (24-12-1998)
ရီဝေနေတဲ့ ဟိုးတစ်ညနေ
မိုးကုတ်စက်ဝိုင်းအရိပ်တွေအောက်
စက်ဘီးအတူလျှောက်စီးရင်း
လက်သန်းချင်းထိတာကို
ကဗျာတစ်ပုဒ်လို သဘောထား
ခံစားရင်ခုန်ခဲ့ဖူးတယ် (အဲဒီကတည်းက မဟုတ်တာကို ရင်ခုန်နေတာဖြစ်မယ်)
ထူးထူးခြားခြားအသံတုန်ယင်
စကားသံထွက် မပီတတ်ခဲ့
လဲ့လဲ့လေး ပြုံးပြရင်း
အကြည့်ချင်းဖလှယ်ရတာလည်း
တကယ့်ပန်းချီကားတစ်ချပ်ပါပဲ
ဒီလိုနဲ့
နာရီကို မြှောက်မြှောက်ကြည့်
ခြောက်ချက်မထိုးခင် အချိန်အတွင်းမှာ
သစ္စာရည်ကွင်းက ဘောလုံးပွဲမမှီမှာစိုး
တိတ်တခိုးသက်ပြင်း သူချခဲ့တယ်
(သစ္စာရည်ဆိုတာ စစ်တွေက အရက်ဆိုင်နာမည်၊ ဘောလုံးပွဲဆိုတာ သူတို့အဲဒီတုန်းက သုံးတဲ့ အရက်ဝိုင်းကိုဆိုလိုတာ)
ဒီလိုနဲ့
ဂျီကျပြီး အချိန်ဆွဲတဲ့ကိုယ့်ကို
သူစိတ်ဆိုးခဲ့တယ်
ဒီလိုနဲ့
ခြောက်နာရီမထိုးသေးတဲ့ နာရီလက်တံတွေရယ်
ညာဖက်လက်က လက်သန်းလေးရယ်
ရွှေရောင်တောက်နေမဲ့ သစ္စာရည်ရယ်
ဖလှယ်ခဲ့တဲ့ အပြုံးလက်ရယ်
ဒိုင်ခွက်အပြာရောင် အ၀ိုင်းကြီးကြီး နာရီတစ်လုံးရယ်
အဆုံးအစမဲ့ ကဗျာလေးတွေရယ်
သူရယ် ကိုယ်ရယ်
ညနေခင်းမှာ လက်ပြ
နောက်တစ်နေ့မနက်မှာ နှတ်မဆက်ဘဲ လမ်းခွဲခဲ့ကြတယ်။
ခိုင်စိုးလင်း
Saturday, November 21, 2009
ချစ်သူအကြောင်း ကဗျာဟောင်းများ
Sunday, November 15, 2009
ကြော်ငြာ
ဘာလို့လဲ မသိဘူး အခုတလော ကိုယ်ရေးထားတာကို သူများဖတ်တာ သဘောကျနေတယ်
ကျမကိုယ်တိုင် သိပ်ကြိုက်တဲ့ ၀တ္ထုလေး တစ်ပုဒ်ရှိတယ် ဖတ်ကြည့်ကြမလား။ တကယ်ကို သိပ်သဘောကျတယ်။ ကျမစိတ်ဓာတ်ကျတဲ့ အခါတိုင်း အဲဒီဝတ္ထုလေးကို ပြန်ပြန်ဖတ်လေ့ရှိတယ်။ သဘောကျကြပါ့မလားတော့ မသိဘူး။
ကြောင်တစ်ကောင်တဲ့ ၀တ္ထုနာမည်
http://khinesoelung.blogspot.com/2008/08/blog-post.html
လေးစားစွာဖြင့်
ခိုင်စိုးလင်း
Saturday, November 14, 2009
ကို (သို့မဟုတ်) ကျမထံပျံလာသောတောင်ပံမဲ့လိပ်ပြာ - ၃
ကျမကိုယ်ကျမ ဘယ်လို မိန်းမလဲလို့ တခါတခါ တွေးသည်။ ကိုနဲ့ ခပ်ဆင်ဆင်တူသောသူများကို လိုက်ပြီး ရည်းစားထားတတ်နေသည်။ ငယ်တုန်းက သာမန်ရည်းစားအဆင့်၊ အခု အသက်က သုံးဆယ်ကျော်လာတော့ တူတူအိပ်သည့်အဆင့်ပါ ပါလာသည်။ ဒါကိုလည်း ငါမိန်းကလေးပဲ ထိခိုက်တယ်ဘာညာ မတွေးတတ်ခဲ့။ လူတစ်ယောက်ဟာ ကျမရည်းစားဖြစ်ဖို့ အဓိက ကိုနဲ့တူနေဖို့လိုအပ်သည်။ ဒါကြောင့်လည်း ကျမရည်းစားများသည် ရုပ်ရည်ခပ်ဆင်ဆင်များသာ ဖြစ်ကြသည်။
အချစ်ဆိုတာဘာလဲ။ ကျမမသိပါ။ ကျမသိသည်မှာ ကိုသာဖြစ်သည်။ ကို့အပေါ်ထားသော ကျမစိတ်စေတသိတ်သည် အချစ်ဖြစ်ချင်ဖြစ်မည် ဖြစ်ချင်မှလည်း ဖြစ်မည်။ သို့သော် ကျမသည် ကိုကလွဲပြီး တခြားအရာကို မသိတတ်ခဲ့။ ကိုမှတပါး ကျမစိတ်ဝင်စားစရာ မရှိခဲ့။ လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိမလိုဖြစ်တိုင်း ငါတော့ ကို့လောင်းရိပ်အောက်က ရုန်းထွက်ပြီး ဒီလူတစ်ယောက်ကိုတော့ဖြင့် ကိုနဲ့ မပတ်သက်ဘဲ ချစ်တော့မည်ဟု အကြိမ်ကြိမ် ကြိုးစားသော်လည်း ကိုကသာ ကျမဘ၀ကို ပဲ့ကိုင်နေဆဲ။
ယောက်ျားတစ်ယောက်ကို ဖြတ်ပစ်ဖို့အတွက် ဘာအကြောင်းပြချက်မှ ကျမပေးလေ့ မရှိ။ အကြောင်းပြချက်လည်း ကျမမှာ မရှိချေ။ တိခနဲ့ ဘာအဆက်သွယ်မှမလုပ်ဘဲ ဖြတ်ပစ်တတ်သည်။ အဖြတ်ခံရတဲ့လူက ငါအဖြတ်ခံလိုက်ရပြီဆိုတာတောင် သိလိုက်မှာ မဟုတ်။ လူတစ်ယောက်ကို ဘယ်လောက်ပဲ နှစ်နှစ်ကာကာ ချစ်တော့မယ်လို့ ဆုံးဖြတ်ဆုံးဖြတ် တစုံတရာသော အနေအထားမှာ ကျမဆက်ချစ်မရတော့။ ဆက်ခံစားလို့ မရတော့။ ဆက်ပြီး အပျော်သဘောတောင် တွဲမရတော့။ အပြစ်လေး တစ်ခုလောက် မဆိုစလောက်ကလေး လုပ်ကြည့် ကျမက လုံးဝကြည့်မရတော့။ ခွင့်လွှတ်ဖို့ မတွေးတော့။ ချစ်ကြတုန်းက တကယ် စိတ်ရောကိုယ်ရော နှစ်ပြီး ချစ်ခဲ့သလောက် ကျမဖြတ်ပစ်တတ်သည်။ တခါတလေများ ဘာအပြစ်မှ မရှိဘဲ အပြစ်ကို လိုက်ရှာပြီးမဖြစ်ဖြစ်အောင် ပြသနာလုပ်ပြီးတော့ကို ဖြတ်ပစ်ဖူးသည်။ ကိုသည် ကျမကို ကျိန်စာများ တိုက်ခဲ့လေသလား။ ကိုသည် ကျမကို ပျော်ပျော်ရွှင်ရွှင်မနေရအောင် အချစ်ဆိုတာ တစ်ခုအတွက် အမြဲ စိတ်ရှုပ်နေရအောင် ပြုစားခဲ့လေသလား။
ကျမစိတ်သည်ဆန်းကြယ်လှသည်။ အခုပဲ လူတစ်ယောက်ကို သေမလိုချစ်နေရင်းက ကိုဆိုတာ ၀င်လာတာနဲ့ ချက်ချင်းပဲ မချစ်တော့ဘူး၊ ငါချစ်တာ သူမဟုတ်ဘူးစသည်ဖြင့် ပြောင်းသွားတတ်သည်။ ထိုနေရာမှာ နောက်တစ်ယောက်ဆိုတာ ရှိလာဖို့တော့လည်း မလိုအပ်လှ။ ကျမအတွက် ကိုကသာ အချိန်ပြည့်ရှိနေသည်။ ကိုသည် ဆယ့်ကိုးနှစ်သမီးကျမကို ဆယ်စုနှစ်တစ်ခုကျော်အောင်ထိ စိုးမိုးနေဆဲ။ တခါတလေ စဉ်းစားသည်။ ကိုနဲ့သာ အဆင်ပြေပြေ သာယာတဲ့ ဘ၀တစ်ခုကို ခဏတာဖြစ်ဖြစ် တည်ဆောက်ခွင့်ရခဲ့မယ်ဆိုရင် ခုလောက်ထိ ကို့အပေါ်စွဲလမ်းစိတ် ရှိပါ့မလားဆိုတာပါပဲ။ အဲဒါအတော်တော့ စိတ်ဝင်စားစရာကောင်းသည်။ ကို့ဇာတ်လမ်းသည် ဘယ်လိုမဆို ကျမရင်ထဲမှာ ရှိနေပေမဲ့ အပြင်မှာတော့သိမ်းသွားခဲ့ပြီ။ ဆက်ကလို့ မရနိုင်တော့။ ဒီတော့ တွယ်ငြိမှုတစ်ခုမှာ အဆုံးသတ်သွားခဲ့သည်။ အဲဒီတွယ်ငြိမှု ကိုချေဖျက်ဖို့ အခြေအနေ မပေးခဲ့တော့ချေ။ တကယ်တမ်း ဆက်ပြီး ကိုနဲ့ တွဲဖြစ်ကြမယ် တွေ့ဖြစ်ကြမယ်ဆိုရင် ကို့ကို ဒီလောက်ထိ ဆက်ပြီး စွဲလမ်းနေပါ့မလားဆိုတာ တစ်ခုက အတော်ကို စိတ်ဝင်စားစရာ ကောင်းသည်။ ကျမကိုယ်တိုင်လည်း သိချင်လှသည်။
ကျမသည် ကိုဟု ကျမ အတင်းလုပ်ခေါ်ထားသော ကိုမဟုတ်သည့် ကို့နှတ်ခမ်းများကိုငေးကြည့်နေမိသည်။ ကို့နှတ်ခမ်းလေးများသည် ကို့နှတ်ခမ်းများနှင့်တူလွန်းသည်။
“ဘာလို့ နှတ်ခမ်းတွေကို အဲလောက်တောင် စိုက်ကြည့်နေရတာလဲ ချစ်ရဲ့”
“ချစ်လို့”
ကျမသည် ပင်ကိုယ်အားဖြင့် မူယာမာယာ များသူဖြစ်နေသည်။ လူတစ်ယောက်ကို တည်တည်ငြိမ်ငြိမ်နဲ့ လှည့်စားတတ်အောင်လည်း အကျင့်က ရခဲ့ပြီ။ ရွဲ့တတ်သော အကျင့်ကလည်း ရခဲ့ပြီ။ ကျမစိတ်ထဲမှာ ရည်းစားတစ်ခါထားတိုင်း တစ်ခါပြတ်တိုင်း ငါကို့ကို ရွဲ့နေတာလို့ယူဆသည်။ ကိုသိရင် စိတ်ချမ်းသာမှာ မဟုတ်လို့တွေးပြီး ကျေနပ်သည်။ ကို့ကြောင့် ကျမဒီလို ဖြစ်နေတာကို ကိုသာသိရင် ရင်ကွဲမှာ စသဖြင့် လိုရာတွေးပြီး ကြည်နူးနေသည်။ တကယ်တမ်း အသိစိတ်နဲ့ ယှဉ်ပြီး စဉ်းစားရင် ကျမကသာ ကို့ကို စွဲလမ်းနေသလောက် ကိုကတော့ ကျမကို သတိတောင် ရတော့မှာ မဟုတ်ဘူးလို့ မသိမဟုတ် သိသည်။ သိလျက်နှင့်ပင် ကိုက ကျမကို ချစ်ပါတယ်လေ အခြေအနေ အကြောင်းကြောင်းကြောင့် ထားခဲ့တာပါ ဆိုတာမျိုး နဲ့ဖြေသိမ့်နေတတ်ပြန်သည်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို မေ့လို့မရ နာကျည်းလို့ မရတဲ့ အဓိက အကြောင်းအရင်းသည် ထိုယောက်ျားက ချစ်တယ်လို့ ယုံကြည်နေစိတ်ကြောင့်ဖြစ်သည်။ သူချစ်ပါတယ်လေ လို့ထင်နေသရွေ့ ယူဆနေသရွေ့ ထိုယောက်ျားကို စိတ်နာလို့ မရတတ်။ အထူးသဖြင့် အနုပညာဘက်ကို အားသန်သော မိန်းမများက ပိုဆိုးသည်။ စာတစ်ပုဒ် ကဗျာတစ်ပုဒ်ဟာ စိတ်ထဲက ခံစားချက် အရင်းခံမရှိဘဲ မဖြစ်လာနိုင်လို့ ယူဆထားတတ်သော မိန်းမများက အဆိုးဆုံးဖြစ်သည်။ ကိုယ်တိုင်ရေးလိုက်တဲ့ အခါ တခါတလေ ဘာရယ်မဟုတ် အငှားခံစားပြီး ရေးတတ်ပေမဲ့ ကိုယ့်အတွက် ရေးပေးခဲ့သော ကဗျာတို့ကိုကား အမှန်လို့ပင် ဇွတ်မှိတ်ယုံပစ်တတ်သည်။ တကယ်တော့ ရေးတဲ့လူကလည်း ရေးနေတုန်းက တကယ် ခံစားချက်နဲ့ ရေးခဲ့ပေမဲ့ နောင်တစ်ချိန်ထိ အဲဒီခံစားချက်က ဆက်ရှိနေမယ်လို့ ဘယ်ပြောလို့ရပါ့မလဲ။
တကယ်တော့ ကျမသည် ဘုန်းကြီးတစ္ဆေဖြစ်သည်။ အရာရာကို မချင့်ချိန်တတ်တာလည်း မဟုတ်။ အမှန်အတိုင်း မဝေခွဲတတ်တာလည်း မဟုတ်။ ဒါပေမဲ့ ကိုဆိုတာတစ်ခုကို ကျမဘက်ကကို သာယာပြီး အသက်သွင်းနေတတ်သည်။ ကိုနဲ့ ဝေးကွာခဲ့ရသော နာကျင်မှု၊ ကို့အပေါ်အခုထိ စွဲလမ်းတမ်းတနေမှု၊ ကို့အတွက် ဖြစ်ပေါ်လာသော ရင်ကွဲမှုတွေကို သာယာနေသည်။ တကယ်ဆို ဆယ်နှစ်ကျော်ကြာသွားတဲ့အခါ ဝေဒနာသည် ဘယ်လောက်မှ မဆိုသာတော့။ ဒါကိုပဲ ပျောက်ပျက်သွားမှာ စိုးနေတတ်သည်။ တခြားရည်းစားတွေ ဆက်ထားပြီး ဖြတ်လိုက်ရလို့ ရင်ကွဲမတတ်ခံစားရတာတွေကိုပါ ကို့အပေါ်ထပ်ဖြည့်ခံစားသည်။ အသည်းကွဲနေရတာကို ကျမစွဲလမ်းနေသည်။ ကျမသည် ဆယ်ကျော်သက်က အသည်းကွဲတာကို ကုစားဖို့ မကြိုးစားရုံအပြင် အသက်သုံးဆယ်ကျော်သည်အထိ ဆွဲခေါ်လာသည်။ ကျမဘ၀ကို အနစ်မွန်းခံပြီး အသည်းကွဲမှုတစ်ခုကို သာယာသည်။
တစ်စုံတစ်ယောက်က လက်ထပ်ဖို့ ဘာညာ အတည်တကျ အမြတ်တနိုးရှိလာခဲ့လျင် ကျမလည်း လိုလားပါသည်။ အထူးသဖြင့် အသက်အစိတ်ကျော်လာတော့ အိမ်ထောင်နဲ့ ကလေးတွေနဲ့ အတည်တကျ နေလိုစိတ် ဖြစ်ခဲ့သည်။ သို့သော် သုံးလေးနှစ်တူတူနေခဲ့သော ယောက်ျားတစ်ယောက်ကို ရက်ရက်စက်စက်ကျမဖြတ်ပစ်သည်။ သူကတော့ ဘာကြောင့်ဖြတ်တယ် ညာကြောင့်ဖြတ်တယ်ဆိုတဲ့ အတွေးမျိုးစုံတွေးကောင်းတွေးမည်။ ကျမကတော့ သူ့ချစ်ခြင်းအပေါ် ပျော်ဝင်မလို ဖြစ်နေချိန်မှာ ကျမသူ့ကို ချစ်ခဲ့တာ ကို့ကို ရွဲ့နေတာလေဆိုတာမျိုးကို ကိုနဲ့စတွေ့တဲ့ ဆယ့်တစ်နှစ်ပြည့်နေ့လေးမှာ သတိရလိုက်တာ ဖြစ်သည်။ တကယ် မချစ်ခဲ့ဘူးလားဆိုတော့လည်း မဟုတ်။ ချစ်ကြတုန်းက ကျမကိုယ်တိုင် ပျော်ဝင်ပြီး ချစ်တာ။ ကျမကိုယ်တိုင် သူသာမက သူ့မိသားစု၊ သူ့ညီမ၊ သူ့ဝမ်းကွဲတွေ အစစအရာရာနဲ့ ရင်းနှီးပတ်သက်ပြီးတော့ ချစ်တာဖြစ်သည်။ အများက အားကျတဲ့ သာယာတဲ့ အိမ်ထောင်တစ်ခုကိုလည်း ကျမပိုင်ဆိုင်ခဲ့သည်။
တကယ်တော့ အဲလောက်ထိ မဖြစ်သင့်ဘူးမဟုတ်လား။ ကိုဆိုတဲ့ ဆယ့်ကိုးနှစ်က စွဲလမ်းခဲ့တဲ့ ယောက်ျားတစ်ယောက်၊ အခုချိန်မှာ အသက်လေးဆယ်ကျော်နေမည့် ယောက်ျားတစ်ယောက်၊ ကျမနဲ့လည်း အသက်ရှင်နေလျက်၊ သူ့အသိုင်းအ၀ိုင်း၊ ကိုယ့်အသိုင်းအ၀ိုင်း တူနေပေမဲ့ အဆက်သွယ်မရှိတဲ့ ယောက်ျားတစ်ယောက် ကိုရွဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့၊ ဆက်ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ သာယာနေတဲ့ ဘ၀လေး တစ်ခုကို ဖြေဖျက်နိုင်လောက်အောင် ရက်စက်သော ကျမကိုယ်ကျမအံ့သြသည်။ ဒါဟာ တစ်ယောက်နဲ့ တစ်ယောက် လင်မယား သမီးရည်းစားလိုထက် သားမိလို မျိုးရင်းနှီးသွားလို့လားဆိုတာ တွေးမိသည်။ ဒီတော့ နောက်တစ်ယောက် (ဆိုပါတော့ ကိုနဲ့ ခပ်ဆင်ဆင်တူသော နောက်တစ်ယောက်) ကို ကျမကိုလို့ပဲ ခေါ်သည်။ အတင်းခေါ်သည်။ ကိုမဟုတ်သော ကိုသည် ကျမက ကိုလို့ ခေါ်တာကို သိပ်မကြိုက်လှ။
“မောင်လို့ ခေါ်တာလေးတစ်ခုကို သိပ်စွဲလမ်းခဲ့တာ ငယ်ငယ်တုန်းကပေါ့”
“မခေါ်ချင်ပါဘူး ကလေးကလား၊ ကိုဆိုတာလေးက ယဉ်တယ် သိမ်မွေ့တယ် လူကြားထဲလည်း ခေါ်ဖို့ တင့်တယ်တယ် နောက်နောင် ကလေးတွေ မွေးလာရင် ကလေးတွေ ရှေ့လည်း ခေါ်ဖို့တင့်တယ်တယ်”
ကျမသည် တကယ် တစ်ဘ၀လုံးစာ ရည်ရွယ်ထားသလို စကားတွေ ပြောနေမိသည်။ အချိန်ပြည့် ကိုမဟုတ်သော ကို့ကို အချိန်ပေးသည်။ အစစအရာရာ ကို့အတွက် စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး ပူပင်သည်။ ကို့အလိုကို သိပ်လိုက်သည်။ ကို့လိုပဲ မိန်းမပွေတတ်သော ကိုသည် ကျမအတွက် တကယ့်ကို အတိုင်းပင်ဖြစ်နေသည်။ နောက်ပြီးတော့ ကိုသည် ကို့လိုပင် ပွေတယ်လို့ ပြောတာ မကြိုက် စွံတာတဲ့။ ဟုတ်မှာပါ။ စွံတာပါ။ မိန်းမတွေက စွဲလမ်းကြတာ။ ကျမက ကို့ကို စွဲသလိုမျိုးဆို ကိုကျမနဲ့ ပွေခဲ့လို့မှ မဟုတ်တာ။ ကိုကလည်း သူ့အရှုပ်တွေထဲ ငယ်ရွယ်လွန်းတဲ့ ကျမကို ဆွဲမသွင်းချင်လို့ ကျမကို ရင်နာနာနဲ့ ထားခဲ့တာ မဟုတ်လား။
လိုရာဆွဲပြီး ပျော်မွေ့တတ်သောအကျင့်တစ်ခု ကျမဆီမှာ ပျောက်မသွားသေး။ ကိုသည် ကျမကိုတောင်းပန်သော အကြည့်မျိုးကြည့်သည်။
“မင်းကိုကိုယ်အရင်က ဆိုးခဲ့တာတွေ အတွက် မင်းစိတ်ထဲ အငြိုးမထားနဲ့နော် ကိုယ့်စိတ်က ပါလို့ ဆိုးတာ မဟုတ်ပါဘူး။ ”
ကျမသည် ကို့ကို သနားလာသည်။ ကျမဘ၀မှာ ကိုတစ်ယောက်ပဲ ရှိတော့မှာပါလေ။ ကိုက အသက်ပြန်ဝင်လာတာပဲ၊ ကိုက ပြန်လာပြီး ကျမကို တောင်းပန်နေတာ။ ကျမသည် ကို့ကို ကိုလို့ပင် ယူဆလိုက်သည်။ ကိုနဲ့ တူတူနေတဲ့ သုံးလေးရက်က ကျမဘ၀အတွက် အပျော်ဆုံး အချိန်တွေပါပဲ။ အတိတ်က ကျိန်စာတွေ အကုန်လုံးကို ကိုက ချေဖျက်လိုက်သလိုလည်း ခံစားရသည်။ ဒီတစ်ဘ၀စာ ဒီယောက်ျားတစ်ယောက်ကို ကောင်းကောင်းဆိုးဆိုး ချစ်တော့မယ်လို့ စိတ်က ဆုံးဖြတ်သည်။ ကျမရင်ခွင်ထဲ အိပ်နေရင် ကိုဟာ တကယ် ကိုဖြစ်သွားတာပါပဲ။ ကျမဆီပြန်လာတာ။ ကိုကျမဆီတကယ် ပြန်လာတာ။ တစ်ခုပဲ စိတ်ပူတာ ဒီယောက်ျားတစ်ယောက်သည် ကို့ကိုလုံးဝ မေ့ပစ်နိုင်အောင် ကုစားပေးမလား။ အချိန်ရော ဘယ်လောက် ယူမလဲ။
ခိုင်စိုးလင်း
14-11-2009 (12:22)
Tuesday, October 20, 2009
ME AND FINES
"hi, can we talk?"
I was surprised with the unfamiliar male voice. It was raining outside. I just came back from my lunch, smoked at the lobby for a while and chatted with my friends online on the mobile phone before i came back inside the office building, before i heard that greeting.
"yeah, can i help you?"
i asked showing a bit hesitation thinking that he was trying to make survey or something like that.
"i am from national park board. and i saw you throw the cigarette butt at the plants there"
"oh! so sorry i will get it and put back to the trash bin"
"no need. but i need to fine you for that"
"hey i always put the cigarette butts there and the cleaners from this building will clean later. is there any problem with that?"
"how long have you been in singapore?"
"i have been here for almost a year and i always throw my cigarette butts there since the first day i worked here"
"you know littering can be fined in singapore?"
"of course i know. but i am not littering. i just put it there as usual. not only me. almost everyone working in this building is throwing there."
"mam, anyways, it is not correct that you litter there. can i have your particular."
i was so fed up with him and just wanted to finish the conversation. so i told him to come along with me to the office so that i could show him my IC.
He wrote me an invoice that shows the amount $300, needed to pay in 5 months of time. oh my. what a?.
"hey don't you think $300 is too much?"
"no mam, it is the standard amount you need to be fined for littering. it is not the amount i define"
"ok ok, i don't want to talk anymore. how can i pay this? can i pay you now?"
"no, you need to give it via sgx machine, that are available at mrt stations."
sai scolded me a lot for that. the only thing i was feeling bad is that the day before that day, my boyfriend told me to save some money for my future. and i was now paying $300 for my absent minded manner. i dared not tell about it to my boyfriend. he will not end scolding me for smoking, for being fined, for being absent minded and for not being womanly for so many other things.
on the day i paid the tax, sai and me approached the sgx machine and click this and that not too much sure how to pay it. after spending about 15 mins, we found it out and my name suddenly appeared on the screen. we both could not help laughing aloud.
"are you not feeling sad?"
"for what?"
"$300 is alot. you can eat for the whole month."
"arr forget about it. if you think that way, you will need to cry for everything."
actually i felt regretted for a few days after i got the bill. but i took it as a lovely memorial in singapore and rushed to pay it early. every friend scolded me for that. they said they had never heard that a myanmar girl was fined for throwing cigarette butts. well that is life.
++++++++++
finished make up and dressed full. i was ready to go to work. i felt my pocket and got the feeling of the keys. then i locked the door. oh shit. they were not the keys. they were only coins. i called ben to unlock the door for me. i felt strange as i could not hear his phone ring in his room.
"ben, where are you?"
"i am working already. why?"
"i forgot the keys in my room."
"oh shit. i will check whether my brother can come unlock for you. for me i really cannot come out as i just started working here"
i became quite nervous with the thought that i would be locked the whole day with the office dress in non air-con room. actually ben also had this kind of experience before. but he was lucky as i was at home in my room at that time. Ben called me back a few minutes later.
"my bother does not have the keys either. yeah i took the keys the last time i was locked. so how? are you working today?"
"yes i need to go to work"
"can you find something to unlock the door?"
"ok i will try and will call you back"
as he mentioned about work, i remembered to call my boss. maybe he could help me. i dialled henry's number.
"uncle, i am locked in the room."
"how come you are locked in the room? don't you have your own key?"
"i forgot the key in the room and now cannot go out."
"hey i really don't know what you are trying to say. can you find some other reasons if you want to take leave?"
i know him. i know him very well. then i got a second call from ben. so i tried to cut the line with henry.
"uncle, wait i will talk to you later. now my house owner is calling me."
"khine do whatever you want. but don't give me any lean excuse"
"yeah, ben? how?"
"things are getting worse. my boss is also angry with me."
"why? i will explain to him. give me his number."
"he does not seem to understand me. can you explain to him, please?"
"yeah i will do"
"hey, you boss did not listen to me"
"wait. he is calling me"
"yes, uncle?"
"khine, you asked your owner to call me? what are you trying to do? he told me to give you leave as he cannot come and unlock the house. is he my boss? i will tell you what. if you cannot unlock the door. you call 199. don't tell me any more stories."
"uncle, i am really locked. i cannot go out. i will call 199 then."
"don't call 199. you ask your owner to come and unlock for you. bye bye"
of course, it seems to be a story. it sounds to be a lean excuse. no choice.
"ben, get me the locksmith's number if you have"
"is your boss very nasty? he sounds so nasty and he does not seem to believe what i told him."
"well, he is not nasty. he is a nice guy. i will tell you about him later. please now give me the locksmith's number"
"i also don't have. you call 100 and ask. let me know for anything"
"ok"
"you cannot make a phone call with this prepaid number"
fuck.
"ben, you call 100 and get me the number. i cannot make phone call with my phone card. i am using prepaid card"
"oh ok ok i will call"
"khine i called the locksmith already. he will come to you in 30 minutes"
"ok"
"and he will charge you $60 dollars"
"ok. i have no choice"
i tried to unlock the bed room door with so many ways i had heard while i was waiting for the man to come. the aunty from the next door saw me trying and i also asked their help if they have anything to cut the window lock. i know it would not be easy to spoil the main door lock.
i was right. the locksmith said he cannot open the main door as it is computerized. then i asked him to unlock the window lock. and i asked him to come in to unlock my door also.
"mam, the man asked me to unlock only one key. so i told him it will cost $60. but if you have some more to unlock, i will need to charge you for that."
"oh my god, how much?"
"give me $40 more"
"so sorry, can you make it less. i really cannot afford this much. i will give you $80 altogether."
at last my room was open in three seconds. and i paid him $80.
"you need to take care alot in singapore about these."
"yeah. anyways thank you for your help"
"i will stick my number if you need any help later"
ok. will i be in that kind of trouble again? who knows? anyways, i could go to work for the day. i felt the $80 dollars is another fine for me for being absent minded. i don't know how many fines will follow me later on.
khine soe lung
21-10-2009 (00:47)
Sunday, October 18, 2009
ခေါင်းစဉ်မဲ့
ကောင်မလေးကို ကျမသတိထားမိနေတာ အတော်တော့ကြာပြီ။ ထမင်းစားပြီးတိုင်း သူတို့ဆိုင်မှာ သစ်သီးသို့မဟုတ် အအေးနဲ့ ကော်ဖီသွားဝယ်နေကျ။ သူသည်ကျမကို ဟိုမေးဒီမေး မေးတတ်သည်။ ဒီနေ့ဘာလို့ နောက်ကျတာလဲ ထမင်းစားချိန်က ဘယ်ချိန်လဲ အစပ်အရမ်းကြိုက်သလား စသည်စသည်များသည် သူစိတ်ဝင်တစားမေးတတ်သော မေးခွန်းများဖြစ်သည်။ ကောင်မလေးက ဖြူဖြူချောချော တရုတ်မလေး။ တရုတ်မလေးလို့ ကျမဘာသာ ထင်ထားတာဆိုပါတော့။ တရက် ထမင်းစားချိန်နောက်ကျလို့ အတော်လေး နေစောင်းမှ သွားစားတော့ သူက ကျမစားနေကျ ကုလားဆိုင်မှာ ထိုင်ပြီး ကြာဇံကြော်စားနေသည်။ သူ့စားပွဲမှာ တူတူဝင်ထိုင်ဖို့ ပြောတော့ အားနာပါးနာ ထိုင်လိုက်မိသည်။
အတော်တော့ သွက်သည့် ကလေးမ။ ကလေးမလို့သာ ပြောတာပါ။ တကယ်တော့ သူက အိမ်ထောင်နဲ့ဘာနဲ့။ သူ့အကြောင်းကို စီကာပတ်ကုံးပြောပြနေတာ ချစ်စဖွယ်။ စာတလုံးမှမတတ်ဘူးတဲ့။ ဖေ့စဘုတ်မှာတော့ farm villa နေ့တိုင်း ဆော့တယ်တဲ့။ အိမ်ပြန်ရောက်ရင် ဖေ့စဘုတ်ဆော့ပြီး ပိုက်ဆံရှာသတဲ့။ အဲဒီပိုက်ဆံတွေသာ အပြင်မှာ ရရင် သူအိမ်ဝယ်ပြီတဲ့။ အိမ်ဝယ်ပြီးရင် ကလေးယူမယ်တဲ့ ခုတော့ ဘာမှအတည်တကျ မဖြစ်သေးတော့ ကလေး မယူနိုင်သေးဘူးတဲ့။
ဘာလို့ကျောင်းမနေခဲ့တာလဲဆိုတော့ သူတို့က တောရွာလေးမှာ နေသည်ဆိုပဲ။
“ကျောင်းသွားတာ ချောင်းနှစ်ခါကူးရတယ် ဂါဝန်မပြီး ကူးရတာပဲ ပြီးတော့ အိမ်မှာက အဖေဆုံးသွားတော့ ထမင်းစားစရာ မရှိဘူးဒီတော့ စာလည်း ဆက်မသင်ဖြစ်တော့ဘူး”
“ အမေက လယ်ထဲမှာ လုပ်တာ တစ်လကို ရိန်းဂစ် ၆၀ ရတယ် စင်ကာပူဒေါ်လာဆို နှစ်ဆယ် အစိတ်လောက်ပဲ ရှိတာ ကလေးက လေးယောက် ထမင်းမစားရဘူး ပိန်းဥတွေတူးစားကြတယ် ပိန်းရွက်တွေစားတယ် ကျောင်းသွားတုန်းကဆို ထန်းသီးတို့ဘာတို့ခူးစားကြတာပဲ ငါတို့ရယ် မဟုတ်ဘူး တခြားကလေးတွေလည်း တူတူပဲ တွေ့ကရာ အသီးတွေခူးပြီး ကျောင်းမှာ စားတယ်”
ကျမသည် တချို့ကလေးတွေ ပိုက်ဆံသိန်းသုံးလေးဆယ်ရင်းပြီး မလေးရှားသွားကြတာ ဘာတွေများလုပ်ကြသလဲစိတ်ဝင်စားလာသည်။ မလေးနိုင်ငံတောင် ဒီလောက်အခြေနေတွေ ရှိနေတာ နိုင်ငံခြားသားအနေနဲ့ စာပေသာ မတတ်ရင် ဘာတွေပင်ပင်ပန်းပန်း လုပ်ကြပါလိမ့်လို့ အတွေးရောက်သည်။ ပိန်းဥတူးစားရသည့် အဆင့်။ ဒါနဲ့ အင်္ဂလိပ်စကား ဘယ်လို သင်လဲဆိုတော့ စင်ကာပူရောက်တော့ နားထောင်ရင်း ပြောတတ်သွားတာပဲတဲ့။ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲ။ တော်ရုံ ဘွဲ့ရပြီး စင်ကာပူမှာ အလုပ်လာလုပ်နေတဲ့ ဗမာတွေထက်တောင် သူက သွက်လက်စွာပြောတတ်သေးသည်။
“အင်္ဂလိပ်စကားလည်း ဒီရောက်မှတတ်တာ တရုတ်စကားလည်း ဒီရောက်မှ တတ်တာ”
“အမ် တရုတ်မဟုတ်ဘူးလား”
“မဟုတ်ဘူး မလေး အစစ်”
“သြော် ဆာရာဝတ်တို့ဘာတို့ ဖက်ကလား၊ အဲဒီက မလေးတွေတော့ မူစလင် မလေးတွေနဲ့ မတူကြဘူး ဖြူတယ် တရုတ်နဲ့ တူတယ်”
“ဟုတ်တယ် ခရစ်ယာန်ကိုးကွယ်ကြတယ် လူတွေက တရုတ်စကား သိပ်မတတ်ရင် အံ့သြကြတယ် အကုန်လုံးက မလေးလို့ ပြောရင် မယုံကြဘူး”
သတိထားမိသလောက် ဘယ်လို စာမတတ်ပေမတတ်ထဲကပဲ လာလာ မလေးရှားကလာတဲ့ လူတွေ အထူးသဖြင့် မလေးတရုတ်တွေဟာ အတော်တော့ ကြိုးစားကြတာ တွေ့ရသည်။ ဘယ်လို အထက်ကို ရောက်မလဲ ဘယ်လို ရာထူးကြီးကြီး မြန်မြန်ရမလဲ ဆိုတာ သူတို့အတွက် အတော်ကို အရေးကြီးနေသည်။ တချို့က တရားသော နည်းဖြင့် ကြိုးစားသည် တချို့က သူများ ပုခုံးပေါ် နင်းတက်ပြီး အမြင့်ကို ရောက်ကြသည်။ ကောင်မလေးက တရုတ်တော့ မဟုတ်။ ဒါပေမဲ့ သူ့ကြည့်ရတာလည်း အတော်ကို ကြိုးစားပမ်းစား ပိုက်ဆံစု အမြင့်ရောက်မှ ဆိုတဲ့ စိတ်ရှိနေပုံရသည်။
“နောက်နှစ်လောက်ဆို အိမ်ဝယ်နိုင်ပြီ လင်မယားနှစ်ယောက်လုံး အလုပ်လုပ်နေတာ အခန်းကိုလည်း သူများနဲ့ ရှယ်ယာနေတယ် ဒါတွေက ခဏပါပဲ နောက်နှစ်ဆို အိမ်ဝယ်ပြီး ကလေးမွေး အိမ်ခန်းကို လူငှားတင်လို့ ပိုက်ဆံရအုံးမယ်”
သူပြောတာ နားထောင်ပြီး ကိုယ့်ဘာသာတောင် ရှက်ရမလိုလို၊ တစ်ခုခုပဲလိုနေသလိုလို။ ကျမက အခန်းမှာ တစ်ယောက်တည်း နေတယ်ဆိုတော့ သူက နှမြောမဆုံး။ သူများနဲ့ နေလိုက်ပြီး အဲဒီအတွက် ကုန်မဲ့ ပိုက်ဆံကို စုပါလားတဲ့။
“အိမ်ထောင်မရှိဘူးလား ရည်းစားတော့ ရှိမှာပေါ့”
ကျမက မဖြေဘဲ ပြုံးပြလိုက်တော့ သူက ဘယ်တော့ ယူမလဲတွေဘာတွေမေးတော့သည်။ ဘယ်တော့ယူကြမလဲတဲ့။ ကျမတို့အနာဂတ်သည် ဘာမှရေရေရာရာ ရှိလှသည်မဟုတ်။ တကယ်က သူများတွေ သားသမီး ပညာရေး ဘာညာအတွက် ဆွေးနွေးနေချိန်မှာ ကျမတို့နှစ်ယောက်က မဟုတ်တာနဲ့ စကားများတုန်း၊ ဟိုဟာ ဒီဟာ မနာလိုဖြစ်ကြ၊ ရွဲ့ကြတုန်း။
ကျမပြုံးပဲ နေမိတာကို သူက ဘာသဘောပေါက်သွားသည်မသိ
“သိပြီ သိပြီ တူတူနေကြတယ် မလား”
“မဟုတ်ဘူး သူက ဒီနိုင်ငံမှာ မဟုတ်ဘူး”
“သြော် ထိုင်းမှာလား”
တကယ်က သူဘာမှသိတာ မဟုတ် ကျမကို သူ့ဘာသာ ထိုင်းလူမျိုးလို့ ထင်နေတာ။ ကျမက သဘောကျစွာရယ်တော့ သူသည် ကျမကို နားမလည်သလို ကြည့်သည်။ ကျမဟာ သူထင်သလို လူကောင်း သူကောင်း မဟုတ်ဘဲ အရူးမဖြစ်နေသည်လို့ သူ့စိတ်ထဲ ထင်ကောင်း ထင်မည်။
“လခက ဘယ်လောက်ရလဲ အလုပ်ချိန်ကရော နားရက်တော့ ရှိမှာပေါ့ ဒီမှာတော့ သိတဲ့ အတိုင်းပဲ နားရက်လည်း တစ်လမှတစ်ရက်တည်း”
တစ်ပတ်နှစ်ရက် အပြည့် မနားရလို့ စိတ်တိုနေသော ကျမသည် သူပြောလိုက်တော့လည်း ကိုယ့်အလုပ်ကို ကိုယ်သဘောကျရမလိုလိုဖြစ်လိုက်သေးသည်။
“မနက်ဆို ငါးနာရီထလာရတယ် တစ်နေကုန် ဆိုင်မှာ လုပ်တယ် ညနေပြန်တယ် အိပ်တယ် အရေးကြီးတာ ပိုက်ဆံရဖို့ပဲလေ ပိုက်ဆံ အတွက် အလုပ်လုပ်နေတာပဲ”
မနက်ဆို ကိုးနာရီ ထရတာတောင် စိတ်ပျက်လက်ပျက်ရှိလှသော ကျမက ဘာမှပြန်ပြောစရာ စကားမရှိတော့။ ကျမရော ပိုက်ဆံတစ်ခုတည်း အတွက် အလုပ်လုပ်နေတာလား။
ရုံးက ကောင်မလေးတွေ (အတော်များများ ကျမထက် အငယ်တွေပါပဲ) အကုန်လုံး သူတို့နောက်နှစ် ဆို ဘာလုပ်မယ် နောက် သုံးနှစ်ဆို ဘာလုပ်မယ် စသည်ဖြင့် ကိုယ်ပိုင် သတ်မှတ်ချက်တွေ ရှိနေတာ တွေ့ရတော့ ကျမသည် တအံ့တသြ ဖြစ်ရသည်။ ကျမငယ်ငယ်တည်းက အခုထိ ဘယ်တော့ ဘာဖြစ်ရမယ် ဘာဖြစ်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်မှ မရှိဖူးခဲ့။ သူတို့ကလည်း ကျမကို အံ့သြကြသည်။ အနာဂတ် ရည်မှန်းချက် မရှိဘဲ ဘယ်လို နေသလဲတဲ့။ ဒီလိုပဲ နေနေတာပဲလေ။ ကျမသည် သူတို့လေးတွေ အတွက် အထူးအဆန်း ဖြစ်လို့နေသည်။ သူတို့တွေ အကြောင်းကို သေချာသိလိုက်ရတာလည်း ကျမအတွက် အထူးအဆန်းပင်။ ခုတလော လူတိုင်းလူတိုင်းမှာ ဘယ်လို ဘယ်သို့စသော မျှော်လင့်ချက် ရည်မှန်းချက်တွေ ရှိနေကြတာ ကျမကြားနေရသည်။ အရင်ကတော့ လူတချို့ဟာ ရည်မှန်းချက်ကြီးတယ်ဆိုတာလောက်သာ သိထားပြီး လူတိုင်းက ခုလို ဖြစ်နေကြမှန်း သတိမထားမိခဲ့။ ခု ထမင်းတောင် မစားနိုင်လို့ ပိန်းဥတူးစားခဲ့ရတဲ့ ကလေးမက နောက်နှစ်ကျ အိမ်ဝယ်ပြီး ကလေးယူမယ်တဲ့။
ကျမလည်း သုံးတာတွေ များနေတယ် လျှော့မှပါလေဟု စဉ်းစားမိသည်။ ဘာကို လျှော့ရမလဲ၊ ဘာအတွက် လျှော့ရမလဲ ဆိုတာမျိုးက နောက်ကလိုက်လာသည်။ ပိုက်ဆံက စုရင် ရပါပြီတဲ့၊ ပြီးရင် ဘာလုပ်မလဲ။ ကျမက ဘာစီးပွားရေးမှ မလုပ်တတ်။ ကျောင်းတက်ပါလား ကျောင်းတက်ပါလားဆိုပြီး ကျမကို အတော်လေး တိုက်တွန်းအားပေးသူတွေ ရှိသည်။ အဲဒီမှာလည်း မေးခွန်းတွေက ဆက်လိုက်ပါလာသည်။ ကျောင်းတက်ပြီး ဘာလုပ်ရမလဲ။ တချို့က ကျမအရည်အချင်းကို နှမြောကြသည်တဲ့။ တကယ်တော့ ကျမမှာ ဘယ်လိုအရည်အချင်းတွေ ရှိမှန်း ကျမမသိ။
“ကျောင်းဆက်တက်စေချင်တယ်”
“ကျောင်းမတက်ရင် မချစ်ဘူးလား”
သူစိတ်ဆိုးစေမဲ့ မေးခွန်းနဲ့ ရွဲ့ပြီး ပြန်မေးဖို့လောက်သာ ကျမသိသည်။ တကယ်တော့ အချစ်ဆိုတာကရော တကယ်ပဲ ကျမလိုချင်နေတာ ဟုတ်သလားလည်း ကျမ မသိပြန်။ ကျမထက် ဆယ်နှစ်လောက်ငယ်တဲ့ ကလေးမလေးက ကလေးမွေးဖို့ စီမံကိန်းတွေ လုပ်နေလေသည်။ ကျမလိုချင်တာ အဲလို ဘ၀မျိုးမဟုတ်တာတော့ သေချာသည်။ ကလေးမွေး၊ အိမ်ဝယ်၊ ပိုက်ဆံစု။
“ငါခရီးတွေ သွားနေချင်တယ် ဘာမှမလုပ်ချင်ဘူး”
“အဲလို သွားနေတဲ့လူတွေက အစ်မအရွယ်မှာ အလုပ်တွေ အများကြီးလုပ်ခဲ့ပြီးပြီ ပိုက်ဆံတွေ အများကြီး ရှာခဲ့ပြီးပြီ၊ အဲဒါမျိုးက ခုအရွယ်မှာ လုပ်လို့မရဘူး ”
ခရီးတွေ ထွက်ဖို့စဉ်းစားမိပြန်တော့ ပိုက်ဆံစုဖို့ ရည်မှန်းချက်ကရလာသည်။ ဟုတ်တယ် ပိုက်ဆံ စုရမယ်။ “သွားမယ် ရုံးပြန်ရအုံးမယ် ”
ကျမသည် ကောင်မလေးကို နှတ်ဆက်ပြီး ထွက်လာသည်။ ဂျက်ကက်ထဲ လက်က အလိုလိုရောက်တော့ ဗူးခွံလေးပဲ ထွက်လာသည်။ အိုးရှစ်ထ် စီးကရက် ကုန်နေပြီ။ ကျမသည် နီးစပ်ရာ 7-11 က စီးကရက်တစ်ဗူးဝယ်လိုက်သည်။ ရုံးကိုအပြန်လမ်းသည် သစ်ရွက်ကြွေများနှင့် စီးကရက် မီးခိုးကြားမှာ လှနေကျအတိုင်း လှနေဆဲ။
ခိုင်စိုးလင်း
18-10-2009 (15:18)
Sunday, October 11, 2009
ကတ္တီပါလမ်း (၇)
ကျွန်မသည် တစ်ပတ်လောက် ဆောက်တည်ရာမရနိုင်ခဲ့။ ရုံးပင် မသွားနိုင်။ သူများတွေမေးငေါ့နေကြမှာကို ကျွန်မခံရအခက်ဆုံး။ ကိုယ့်ကလှည့်ကျ ဘယ်လိုခံရလဲလို့ ဆုံလိုက်သော မျက်လုံးတိုင်းက ကျွန်မကို မေးနေသလိုလို။ ကျွန်မရှင်းပြချင်သည်။ သို့သော် ကျွန်မဆရာကြီးနဲ့ လက်ထပ်လိုက်ရတုန်းက အခြေအနေဟာ ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်၏ ရူးမိုက်သော အချစ်တစ်တည်းကြောင့်ဆိုတာ ဘယ်သူက လက်ခံနားထောင်ပေးမလဲ။
ဆရာကြီးသည် ညနေဆို ပုံမှန်တော့ ပြန်လာသည်။ သို့သော် အိမ်ပြန်ချိန်တို့ကတော့ နောက်ကျလေပြီ။ စောင့်မျှော်နေရသော ကိစ္စတစ်ခုကို မနှစ်မြို့သော ကျွန်မသည် ဆယ်နှစ်ကျော် စောင့်ဆိုင်းမှုနဲ့ အသားကျခဲ့ပြီးပြီ။ ဆက်လက်စောင့်ဆိုင်းလိုစိတ် မျှော်နေလိုစိတ် မရှိတော့။ ညနေတွေမှာ ကျွန်မသွားမိသွားရာ သွားနေမိသည်။ ဟိုတယ်ကလပ်တွေ၊ ညထိဖွင့်တဲ့ ရှော့ပင်းမောလ်တွေ၊ စတိတ်ရှိုးပွဲတွေ၊ နောက်ပြီးတော့ ကျွန်မခွဲထားသော ကျွန်မ၏ မိတ်ဆွေဟောင်း ရုပ်ရှင်ရုံတွေ။ အရွယ်ကောင်းကောင်း ချောချောလှလှ ပြင်တတ်ဆင်တတ်သော မိန်းမတစ်ယောက် အတွက် အဖော်မပါဘဲ လျှောက်သွားနေတာ နေ့စဉ်နဲ့အမျှ ပုရိဿများ၏ အကြည့်ပေါင်းစုံကို မမြင်ချင်မှအဆုံး။ အဲဒီမှာ ဘိုဘို့ကိုစတွေ့ခဲ့သည်။
ဘိုဘိုသည် ပေတေတေ ဂျစ်ကန်ကန်ပုံစံ နှစ်ဆယ်ကျော်အရွယ်လေး။ ကျွန်မနောက်ကို မမ မမ နဲ့ တစ်ကောက်ကောက်လိုက်နေတော့ ဘာအထာလဲဆိုတာ မသိတာတော့ မဟုတ်။ ဒါပေမဲ့ ဆရာကြီး တစ်ယောက်တည်းကို တစ်သက်လုံးချစ်လာခဲ့သော ကျွန်မသည် ဘိုဘို၏ ဇွတ်တရွတ် ပိုးပန်းမှုတွေကိုတော့ သာယာမိတာအမှန်။ ဘာလိုချင်လဲဆိုတာ သိသိကြီးနဲ့ မသိချင်ယောင်ဆောင်ပြီး ဘိုဘို့ကို ကျွန်မလက်ခံတွဲဖြစ်ခဲ့သည်။ ကျွန်မသွားလေရာနောက် ဘိုဘိုပါမှန်းမသိပါလာတော့သည်။ တဖြည်းဖြည်းနဲ့ ဘိုဘို့နာမည်သည် ကျွန်မနာမည်နှင့်တွဲထွက်လာသည်။ ဂရုမစိုက်။ ကျွန်မဘာကိုမှ ဂရုမစိုက်လို။
ဘိုဘိုက အတော်တော့ လည်သည်ဆိုရမည်။ အစပိုင်းမှာ ဘယ်သွားသွားဘယ်လာလာ သူက ကုန်ကျခံသည်။ ကျွန်မက ကျွန်မပေးပါ့မယ်ဆိုတာလည်း မရ။ “ဘိုက ချစ်ရသူပါမရယ် ပြီးတော့ ဘိုက ယောက်ျား၊ မအတွက် အားကိုးစရာပဲ ဖြစ်စေရမယ်”။ တစ်ခါနှစ်ခါ သုံးလေးခါဆိုတော့ အမြဲ သတိနဲ့ဆက်ဆံနေတဲ့ ကျွန်မတောင် သူငါ့ကို တကယ်ချစ်ရှာပါလားလို့ ထင်မိတော့မတတ်။ သူ့လိုငယ်ငယ်ချောချော ကောင်လေးတစ်ယောက်က ငါ့လို အိမ်ထောင်ရှိတဲ့ မိန်းမကြီးကြီး တစ်တစ်ယောက်ကို ကပ်တာ ငွေမက်လို့ပဲဆိုပြီး မှတ်ချက် ချထားတဲ့ ကိုယ့်ဘာသာတောင် မှားနေသလိုလိုခံစားခဲ့ရသည်။ နောက်တော့ ပိုက်ဆံအိတ်လေးကို ထုတ်ပြပြီး “မရယ် ဘိုဒီနေ့ ဒယ်ဒီ့ဆီက ပိုက်ဆံတောင်းဖို့မေ့လာလို့” ဆိုပြီး ကျွန်မပိုက်ဆံအိတ်က ပိုက်ဆံတွေကို ပိုင်စိုးပိုင်နင်းယူပြီး သူ့အိတ်ထဲ ထည့်တတ်လာသည်။ ကျွန်မသည် ဘိုထိုသို့လုပ်တာကို ကျေနပ်သည်။ ကျွန်မထင်ထားတာ ကျွန်မတွက်ထားတာလည်း ထိုအတိုင်းပဲ မဟုတ်လား။ မှန်တာပြောရရင် ချစ်ခြင်းမေတ္တာသက်သက်ကို ကျွန်မတောင့်တပေမဲ့ ခုလိုအချိန်မှာ ချစ်ခြင်းတစ်ခုရလာလို့ရော စိတ်ညစ်ကြရုံအပြင်ဘာများ ထူးလာမှာလဲ။
“မရယ် ခုတလော အိမ်မှာ ဒယ်ဒီကစီးပွားရေးအတော် မပြေလည် ဖြစ်နေတာ ဘိုအလုပ်လုပ်ချင်တယ်၊ မတို့ရုံးမှာ ဘို့အတွက် အလုပ်မရနိုင်ဘူးလား”
“မတို့ရုံးက ဘိုနဲ့ မကိုက်ပါဘူးကွာ၊ သူဌေးသားကို ညဉ်းတယ်ဆိုတော့ သနားရမလိုပဲ၊ ဆင်ပိန်တာ ကျွဲလောက်တော့ ရှိမှာပါကွ၊ မက ဘို့အဖေလောက်တောင် ချမ်းသာတာ မဟုတ်ဘူး၊ ကုမ္ပဏီလေးတစ်ခုရှိတယ်ဆိုပြီး အထင်မကြီးပါနဲ့ကွာ”
“ဘို့သူငယ်ချင်းတစ်ယောက်က ကားရောင်းချင်တယ်ပြောတယ် ဗိုက်နာနေတာနော် ကားက အကောင်းကြီးရယ် အလကားရသလိုပဲ မ၀ယ်ထားလိုက်ပါလား မရယ်၊ အမြတ်ချည်းပဲ၊ အလကားမဖြစ်ရအောင် ဘိုအငှားမောင်းမယ် မအတွက်လည်း ပိုက်ဆံရတယ် ဘိုလည်း အလုပ်ရတယ်”
“မဖြစ်ပါဘူးကွာ အိမ်ကဆရာကြီးက ပိုက်ဆံတွေပိုနေလား ဘာညာမေးရင် ဖြေရခက်မယ်”
“ဒါများမရယ် ဘို့နာမည်နဲ့ ၀ယ်ထားလိုက်တာပေါ့ ဒါဆို မအိမ်က ဘိုးတော်လည်း မသိတော့ဘူး”
“အဟီး မှန်တာဝန်ခံရရင် မမှာ အဲလောက် ပိုက်ဆံ မလိုက်နိုင်ဘူး ဘိုရဲ့၊ ရုံးမှာ နေ့စဉ်လည်ပတ်နေတဲ့ ငွေတောင် မလောက်မငှဖြစ်နေတာ ၀န်ထမ်းတွေတောင် ဒီနှစ်အတွက် bonus ကောင်းကောင်း မပေးနိုင်ဘူး”
ကျွန်မသည် ဘိုဘိုလည်တာထက် ပိုလည်သည်။ ဆရာကြီးက ကျွန်မဘိုဘိုနဲ့ တွဲနေတာကို သိသိသာသာ ကန့်ကွက်သည်။ ဒီတော့ကျွန်မက ပိုရွဲ့ချင်လာသည်။
“မင်းက မိန်းကလေးနော် အနေအထိုင်ဆင်ခြင်”
ကျွန်မသည် မိန်းမသားဖြစ်နေတာ တစ်ခုတည်းအတွက်ပဲ အရာရာကို အလျှော့ပေးရမည်ဆိုသည့် သဘောလား။ ယောက်ျားတွေက လုပ်ချင်ရာ လုပ်ခွင့်ရှိပြီး မိန်းမတွေကတော့ မိန်းမဆိုတဲ့ ကန့်သတ်ချက်တစ်ခုနဲ့ ဘာမှ စိတ်သွားတိုင်းကိုယ်ပါ မလုပ်ရဘူးလား။ ကျွန်မကဘိုဘိုနဲ့ တွဲတယ်ဆိုတဲ့ကိစ္စကို လုပ်ချင်လို့ လုပ်နေတယ်ရယ်တော့ မဟုတ်ချေ။ ဒါပေမဲ့ ကျွန်မဆီက ရယူလိုမှုတစ်ခုရှိလို့ပဲဖြစ်ဖြစ်၊ ကျွန်မကို အသုံးချနေတာပဲ ဖြစ်ဖြစ် ကျွန်မအတွက် အဖော်တော့ရတယ်လေ။ သာမန်မိန်းမတစ်ဦးအနေနှင့် တစ်ဦးတည်းပိုင်ဆိုင်သင့်တဲ့ အချိန်တွေကို ကျွန်မက တခြားမိန်းမနှစ်ယောက်ကို ခွဲဝေပေးနေရတာလေ။ သားကလည်း အတန်းကြီးလာတော့ ကျွန်မနားကပ်မနေတတ်တော့။ သားငယ်ငယ်ကဆို ဆရာကြီး ညညထပြန်သွားတဲ့ အချိန်တွေဆို သားကို အဖော်ပြုပြီးနေပျော်ခဲ့သည်။ ခုတော့ သားကိုတောင် အိပ်ခန်းသက်သက် ပေးထားရပြီ။
ဒီကြားထဲ ကျွန်မနေမကောင်းဖြစ်လိုက်သည်။ အမေက အိမ်မှာလာနေပြီး ပြုစုပေးရှာသည်။ ခုတလော အမေနဲ့ သိပ်စကားများ ရန်ဖြစ်တာမျိုးမရှိတော့ချေ။ ရေနွေးအိုး မနိုင်တနိုင် မလာသောလက်ဖျဉ်တွေ ပျဉ်းကျနေတာ သတိထားလိုက်မိသည်။ အမေသည် သမီးနှင့် အပြိုင်ချောသော မိန်းမမဟုတ်တော့။ စကားပြောတာလည်း ညင်သာလာသည်။ အဖေထက်တောင် အေးဆေးတည်ငြိမ်လာသလိုမြင်ရသည်။ ကျွန်မကို ဘိုဘိုနဲ့ ပတ်သက်ပြီးတော့တောင် ဆဲဆိုခြင်း မရှိတော့။ သေချာမေးပြီး ဖျောင်းဖျဆုံးမစကားလို့ ထင်ရတာမျိုးပြောသည်။ အမေသည် ငယ်ငယ်တုန်းကသာ အဲလိုလေသံမျိုးနဲ့ အဲလိုနာခံဖွယ် ဆုံးမတတ်သူမျိုးဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲဟု ကျွန်မတွေးမိသည်။
အမေသည် အရွယ်ကုန်သွားလို့ အားကုန်သွားတာလား၊ ကျွန်မကိုယ်တိုင်တောင် ဆရာကြီးနဲ့ သမုတ်ပြီး မနာလိုဖြစ်ခဲ့ဖူးတာ တကယ်မဟုတ်တော့သလို ခံစားလာရသည်။ ကျွန်မသည် အမေ့ကို ဘယ်တုန်းကမှ စိတ်တိုင်းမကျခဲ့သော်လည်း ဒီလိုအမေမျိုးမဟုတ်ရင် ကောင်းမှာပဲဟုတော့ အမြဲတွေးခဲ့သည်။ သို့သော် ဘယ်လိုအမေမျိုးဖြစ်စေချင်သလဲဆိုသော အဖြေကိုတော့ ခုမှကျွန်မရှာတွေ့တော့သည်။ ယခုအမေသည် ကျွန်မလိုချင်မှန်းမသိ လိုအပ်နေခဲ့သော အမေဖြစ်နေသည်။ ကျွန်မသည် အမေ့နားပဲ ကပ်နေချင်သည်။ အမေ့နှင့်သာ စကားပြောလိုသည်။ အမေကတော့ အရင်တုန်းကလို စကားများများ မပြောတော့။ အချိန်အားတိုင်းကို ဘုရားစင်ရှေ့မှာသာ ကုန်လွန်နေတတ်လာသည်။ ကျွန်မသည် အမေဘုရားဝတ်ပြုနေတာကို ကြည့်ပြီး ကြည်နူးစိတ်ဝင်မိသည်။ ကျွန်မကို ရိုက်ပုတ်ဆဲဆိုတတ်သော အာကြမ်းလျှာကြမ်း အမေကို ကျွန်မမေ့သွားသည်။ ကျွန်မလက်ရှိအမေသည် ကျွန်မကို ချစ်ခင်နှစ်လိုဟန်ပြသည်။ ကျွန်မသည် သားအတွက် သည်လို အမေမျိုးဖြစ်ချင်လာသည်။ အမေ့အပေါ်ထားဖူးသော အာဃာတများလည်း ရင်ထဲက အမြစ်ပါမကျန်ပျောက်ကွယ်သွားသည်။
ဘိုဘိုကို ကျွန်မဖြတ်လိုက်သည်။ ဆရာကြီးက ကျေနပ်ပုံပြသည်။ ကျွန်မနားကို ပိုကပ်လာသည်။ ကျွန်မကိုအရင်လို အရိပ်တကြည့်ကြည့်ရှိတတ်လာသည်။ ကျွန်မသည် ဟိုးအရင် ဆရာကြီးနဲ့ လက်မထပ်ခင်တုန်းက ဆရာကြီး ဂရုစိုက်ခံခဲ့ဖူးသော အနေအထားကို ပြန်ရောက်လာသည်။ အမြဲတမ်းထိုသို့ ဂရုစိုက်မှုတစ်ခုကို ကျွန်မပြန်တမ်းတခဲ့သည်။ တကယ်တမ်းပြန်ရလာတော့လည်း အရင်လိုသာယာမှုမရှိတော့။ ကျွန်မအတွက် အလုပ်သည်အဓိက ပြန်ဖြစ်လာသည်။ စိတ်ကစဥ့်ကလျားဖြစ်တိုင်း အလုပ်ကိုသာဖိလုပ်သည်။ ကျွန်မအတွက် လိုအပ်နေတာ ဘာလဲ။ ကျွန်မ မသိချေ။ ကျွန်မသည် ဘ၀ကို မကျေနပ်မှုများဖြင့် ကုန်ဆုံးတတ်လာသည်။ အရာရာကို စိတ်တိုင်းမကျ။ ကျွန်မအတွက် ဘ၀ဆိုတာ နာကျင်မှုတွေချည်းပဲလား။ အနားကပ်လာတတ်သော ကောင်လေးများ၊ ကျွန်မကို ငယ်ငယ်က ပိုးပန်းဖူးပြီး ယခုပြန်လိုက်သူများ၊ ဆရာကြီး၏ ကြင်နာယုယမှု၊ ဆွေမျိုးများ၏ အရေးပေးမှု။ ကျွန်မသည် မည်သည့်အရာကိုမှ သာယာခြင်းမရှိဖြစ်နေသည်။
အမေက တရားစခန်းလေး ၀င်ကြည့်မလားသမီးတဲ့။ အမေသည် တရားဘာဝနာစိတ်ဘက်ရောက်နေသည်။ အဖေကတော့ သူ့ဘာသာ ဘာမှပြောင်းလဲခြင်းမရှိ။ အရာရာ ပြောင်းလဲနေသော သဘာဝတရားကြီးထဲမှာ ဇရာကြောင့်ရုပ်ရည်ပြောင်းလာသော်လည်း နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ ဘာတစ်ခုမှမပြောင်းလဲအောင် ဘယ်လိုစိတ်မျိုးနဲ့ အဖေနေထိုင်ပါသလဲ။ အဖေသည် အလုပ်မလုပ်တော့သော်လည်း ကျွန်မတို့ငယ်ငယ်တုန်းကလို အိမ်မှာ တစ်ခုမဟုတ် တစ်ခုလုပ်နေတတ်မြဲ။ ကျွန်မက ဘယ်လောက် ရင်းနှီးဟန်ပြပြ သိပ်တော့လည်း ၀မ်းသာ ၀မ်းနည်းပုံမပြချေ။ အဖေသည် တည်ငြိမ်လွန်းသည်။ တောက်လျှောက် တည်ငြိမ်နေသည်။ ကျွန်မသည် အဖေ့ကို ခင်တွယ်သည်ထက် ပိုခင်တွယ်လာသည်သာမက စိတ်ဝင်စားမှုတစ်ခုပါတိုးလာခဲ့သည်။
ခိုင်စိုးလင်း
12-10-2009 (00:20)
ဆက်ရန်
Friday, September 25, 2009
ကျွန်မကို ချစ်သော မိန်းမများ အပိုင်း (၄)
ခင်သန်းဦး
တစ်ရက် ကျူရှင်က ပြန်လာပြီး ထမင်းစားမယ်လုပ်တော့ နောက်ဖေး သောက်ရေအိုးစင်နားမှာ သနပ်ခါးပန်း (ဗမာအခေါ်မသိပါ) ဖြူလွှလွှတွေ တထွေးကြီး မွှေးမြနေတာပဲ။ မာမာဝယ်လာတယ်ပဲ ထင်ပြီး ပန်လို့ရလား ဘုရားတင်ဖို့လားမေးရသည်။ ကောင်မလေးတစ်ယောက်က ကျွန်မအတွက် လာပေးသွားတာဆိုတော့ အံ့သြတကြီး ဘယ်သူလဲလို့ မှန်းကြည့်လိုက်သည။် ဘယ်သူဖြစ်နိုင်သလဲ။ ဘယ်ရပ်ကွက်က ဘာညာအဖွားက ဆက်ပြောတော့ မထင်မှတ်ထားသော ခင်သန်းဦး။ ထိုစဉ်ကစပြီး ကျွန်မတို့နှင့် သိပ်မရင်းနှီးသော ခင်သန်းဦးသည် ကျွန်မဘ၀ထဲ မှတ်မှတ်ထင်ထင်ဝင်လာခဲ့သည်။
ငါးတန်းမှာ အတန်းခွဲ စာမေးပွဲစစ်တုန်းက နေမကောင်းလို့ ဘီခန်းကို မတော်တဆရောက်ရသည်ဆိုသော ခင်သန်းဦးက နှစ်လည်ပိုင်းမှာ စာတော်သည်လို့ နာမည်ကြီးလာသည်။ ခြောက်တန်းကျတော့ အေခန်းကိုရောက်လာသည်။ အတန်းထဲမှာ သိသည်၊ ခင်သည်။ ပန်းလာပေးရလောက်အောင်လည်း သိပ်တော့ တရင်းတနှီးမရှိလှ။ သို့သော် ဤစာစုသည် ထိုပန်းတို့မှ အစပြုသည်ဆိုရမည်ပင်။
ခင်သန်းဦးသည် ငယ်ငယ်က ခဏခဏနေမကောင်း ဖြစ်တတ်ပြီး ဆေးသောက်ရမှာ အလွန်ကြောက်သည်။ အခုထိလည်း ကြောက်ဆဲ။ တကယ်က သူဆေးသောက်တာ ပုံမကျတာ။ မျိုချရ အချိန်တိုအောင်ဆိုပြီး ဆေးကို အာခေါင်ထဲ သွင်းသည်။ အာခေါင်ထဲရောက်တော့ ဆေးတွေက လွယ်လွယ်ပျော်ကုန်ရော။ အဲဒီမှာ အခါးဓတ်က လျှာဖျားလေးမှာ မသိမသာတင်ပြီး ရေမျှောရတာထက် ပိုထွက်လာရော။ အန်ထွက်ရော။ ကျွန်မက သူဆေးသောက်တာကြည့်ပြီး အသည်းတယားယားရှိလှသည်။ ဆေးကြောက်တာနဲ့ပဲ သူ့အဖျားက တာရှည်တတ်သည်။
ခင်သန်းဦးက မောင်နှမတွေထဲမှာ အကြီးဆုံးဆိုတော့ အငယ်တွေကိုညှာတတ်တဲ့ အကျင့်က ပါလာပြီးသား။ ဆိုတော့ကာ အိမ်မှာ အငယ်ဆုံးမို့လို့ဆိုးချင်တိုင်းဆိုးတဲ့ ကျွန်မကို ငယ်ငယ်တည်းက ညီမငယ်တစ်ယောက်လို အလိုလိုက်တတ်ပါသည်။ သူငယ်ချင်းထဲမှာ ကျွန်မအ၀တ်အစားကို လျှော်ပေး မီးပူတိုက်ပေးဖူးတာဆိုလို့ သူပဲ ရှိသည်။ (အိမ်မှာမေ့ကျန်ခဲ့၍ လျှော်ထားပေးခြင်းကို မဆိုလိုပါ) ရှေ့မှာတင် ငါလုပ်ပေးမယ်ဆိုပြီး လုပ်ပေးတာ။ ဆယ်တန်းဖြေခါနီးတုန်းကလည်း စာမပြီးသော ကျွန်မကို သူပဲ အိမ်ကိုလာပြီး စာကူလုပ်ပေးရသည်။ သင်္ချာပုစ္ဆာတွေဟာ သူ့ကြောင့် ကျွန်မ၀က်ဝက်လန် မကွဲတာ ဖြစ်သည်။
တစ်ခါ သူ့အိမ်မှာ အလှူလုပ်တော့ ငါးဟင်းနဲ့ ဘုန်းကြီးဆွမ်းကပ်တာ (အဲဒီတုန်းက) ငါးဟင်းမစားတဲ့ ကျွန်မအတွက် ဆိုင်ကနေ ကြက်အသည်းအမြစ်သွားဝယ်ပေးဖူးသည်။ သူ့အိမ်ကိုယ့်အိမ် ၀င်ထွက်သွားလာတာ များလာကြတော့ သူ့မိသားစုသည် ကိုယ့်မိသားစုလိုဖြစ်လာသည်။ သူ့ဆွေမျိုးတွေသည် ကိုယ့်ဆွေမျိုးတွေလိုဖြစ်လာသည်။ ကျွန်မရန်ကုန်မှာ မရှိတုန်းက မကြီးနှင့် သမီးကို သွားသွားဂရုတစိုက်ရှိတတ်တာလည်း ခင်သန်းဦးဖြစ်သည်။ သူ့အဒေါ်အိမ် ဦးလေးအိမ်ဆိုလည်း ကျွန်မက သွားသွား ဒုက္ခပေးတတ်သည်။ သူ့မောင်အငယ်ဆုံးဆိုရင် ခင်သန်းဦး စစ်တွေမှာ မရှိလည်း အိမ်ကိုလာပြီး စားစရာ ဘာညာလာပေးသွားတတ်သည်။
ခင်သန်းဦးသည် ကျွန်မ၏ အီစီကလီ ကိစ္စများအတွက်လည်း အမြဲ စိတ်ဝင်တစား ရှိခဲ့ဖူးသည်။ နင်နဲ့တူတဲ့ ကောင်လေး ငါတို့ရပ်ကွက်မှာ ရှိတယ်ဆိုတာမျိုး၊ ဘယ်ကောင်လေးက နင်စက်ဘီးစီးသွားတာကို ဘေးကနေ သေချာ စိုက်ကြည့်တယ်ဆိုတာမျိုး၊ ကျွန်မရူးသမျှဇာတ်လမ်းတွေကို အရေးတယူရှိဖူးသည်။ ခုမှသာ ကျွန်မကို ပြောမရဆိုမရဆိုပြီး လွှတ်ထားတာ။ ပြောပစ်ချင်တယ် နင်လုပ်နေတာတွေကို ငါပြောဖို့အတော်မောနေလို့ဆိုပြီး ငြီးညူဖူးသည်။
ခင်သန်းဦးအဆောင်မှာ သွားအိပ်တဲ့ညကဆို ကျွန်မတစ်သက်ပြောမဆုံးသော ဇာတ်လမ်းဖြစ်သည်။ ကျိုက်ထီးရိုးသွားမယ်ဆိုပြီး ဗိုလ်ချုပ်လမ်းမှာနေတဲ့ ကျွန်မက မိန်းထဲကို မနက်လေးနာရီလောက် ထမသွားတတ်လို့ သဇင်ဆောင်မှာ လိုက်အိပ်သည်။ ခက်တာက ညနေတည်းက အငြိမ်မနေဘဲ စောစန္ဒာနဲ့ ဟိုဒီလျှောက်သွားနေသော ကျွန်မကို အဆောင်မှူးက သတိထားမိပြီး ညနေ ရိုးကော ခေါ်ချိန်ကျတော့ first year တွေလူခေါ်သိပ်တာ သိတယ်နော်ဆိုပြီး ဆူပါလေရော။ ရိုးကောပြီးတာနဲ့ အကုန်ပြေးထွက်လာပြီး ကျွန်မကို ပြေးဖွက်ကြသည်။ ခင်သန်းဦးကျေးဇူးကြောင့် သဇင်ဆောင် သုံးထပ်မှာ အပြင်က တံခါးသော့ပိတ်ပြီး တစ်ညအိပ်ဖူးသည်။ ၀ိုင်အိုင်တီ ထဲကို တစ်ယောက်တည်းသွားပြီး ခင်သန်းဦးကို ရှာလို့ ကောင်လေးတွေ ၀ိုင်းစတာ ခံဖူးသည်။
ကျောင်းပြီးလို့ အလုပ်ဝင်ကြတော့ ကျွန်မနဲ့ခင်သန်းဦးက မတွေ့ဖြစ်သလောက် ဖြစ်သွားသည်။ တစ်ရက် အောင်သန်းထွန်း အိမ်ကိုရောက်လာပြီး ပြောသည်။ ခင်သန်းဦး မင်္ဂလာဆောင်တော့မယ်တဲ့။ ကျွန်မတုန်လှုပ်သွားသည်။ ဘာလို့မှန်း မသိ ၀မ်းနည်းလာသည်။ သူငယ်ချင်းကို နှမြောတသဖြစ်နေမိသည်။ သူ့အိမ်ကို လိုက်သွားမိချိန်မှာတော့ အကြောင်းစုံသိရတော့သည်။ တမင် ကျွန်မကို ကြိုမပြောတာတဲ့လေ သူ့အိမ်က။ ကျွန်မသိရင် စိတ်ဆိုးမှာကို မိသားစုကတောင် ကြိုသိနေသလိုပါပဲ။ သူငယ်ချင်းတွေကို ဘယ်ယောက်ျားနဲ့မှ တန်တယ်မထင်တာ ကျွန်မအကျင့်ဖြစ်နေသည်။ မင်္ဂလာ မဆောင်ခင် တစ်ရက် ကျွန်မဖုန်းဆက်ပြီး “ဟေ့ နင့်လူချောလားဆိုတော့” “ မချောဘူး ငါမကြိုက်ဘူး” တဲ့။ “အေး မကြိုက်လည်း လောလောဆယ် အောင့်အီးနေ နောက်မှ ငါချောချောလေး တစ်ယောက်ရှာပေးမယ်” ဆိုပြီး အားပေးလိုက်ရသေးသည်။
“နင်ဘာလက်ဖွဲ့လိုချင်လဲ”
“ငါ့အိမ်မှာ မ၀တ်လှမ်းတဲ့ စင်မရှိသေးဘူး အဲဒါဝယ်ပေး နောက်ပန်းကန်စင်လည်း ၀ယ်ပေးအုံး”
“အေးအေး ငါဝယ်ပေးမယ်”
ကျွန်မသည် မင်္ဂလာဆောင်ကို လက်ဖွဲ့မပါဘဲ သွားရသည်။ သူဝယ်ခိုင်းတာတွေက သယ်သွားလို့ရတာမှ မဟုတ်တာ။ ပြီးတော့ မင်္ဂလာဆောင်က အပြန် သူ့အိမ်လိုက်သွားပြီ သတို့သမီးစီးတဲ့ ဒေါက်ဖိနပ်ကို ယူလာသည်။ ငါကြိုက်တယ်ဆိုတော့ ဟိုက အသာတကြည်ပေးလိုက်တာပါပဲ။ လူတိုင်းကတော့ ကျွန်မကို ၀ိုင်းဆဲကြသည်။ သူများမင်္ဂလာဆောင်မှာ စီးတဲ့ဟာကို သူ့ယောက်ျားက ကွယ်ရာမှာ ဘာပြောမလဲ ဘာညာတွေပေါ့။ ပြောချင်ရာပြောပေါ့။ ကျွန်မသူငယ်ချင်းလည်း ယူထားသေးတာပဲ။ တကယ်တော့ သူ့ယောက်ျားကို ကျွန်မကြည့်မရ။ အလိုလို မကျေနပ်။ မနာလိုသလို၊ ခင်သန်းဦးနဲ့ မတူမတန်သလိုခံစားရသည်။
ခင်သန်းဦးစင်ကာပူကိုလာတော့မယ် ဆိုတော့ ကျွန်မအပြင်ပျော်မဲ့လူတောင် ရှိမှာမဟုတ်။ အလုပ်ရှာနေတုန်း အပူအပင်တွေ စိတ်ဖိစီးမှုတွေ အကုန်လုံးကြားမှာ ကျွန်မနဲ့သူ ကတောက်ကဆဆိုတာ ပထမဆုံး ဖြစ်ဖူးသည်။ စင်ကာပူသည် သူငယ်ချင်းများကို ပိုရင်းနှီးစေသည်။ ဝေးလည်းဝေးကွာသွားစေသည်။ စိတ်ထဲမှာ ခင်သန်းဦးနဲ့ ပတ်သက်တဲ့ ဒေါသ ပထမဆုံးထွက်ဖြစ်ပြီးနောက် ကျွန်မတို့ အတော်ကြာသည်အထိ စကားကို ဟက်ဟက်ပက်ပက် မပြောကြ။ မြင်လိုက်တိုင်း စိတ်ထဲမှာ ၀မ်းနည်းရသည်။ ငယ်ငယ်ကဆို ကျွန်မ မပါဘဲ တစ်နေရာရာကို သွားဖြစ်ရင်တောင် သူက စိတ်မကောင်းဖြစ်တတ်သူ။ ခုတော့ သူလည်း သူ့ဘ၀နှင့်သူ။ သူနောက်ပိုင်းတွေ့တဲ့ သူ့သူငယ်ချင်းတွေနဲ့သူ။ နောက်တော့ သူအလုပ်အဆင်ပြေလာလို့သူ့ဟာသူ နေသားကျသွားတော့လည်း ကျွန်မတို့ ကတောက်ကဆက မေ့သွားရသည်ပင်။
အသက်တွေ ကြီးလာတော့လည်း လူဆိုတာ အနည်းငယ်တော့ ပြောင်းလဲလာတတ်တာပါပဲ။ ဒါပေမဲ့ ကျွန်မတခါတလေ ထမင်းစားချင်စိတ်မရှိလို့ ဖုန်းလှမ်းဆက်တိုင်း ဘယ်လောက် ရုံးကပင်ပန်းလာလာ ကျွန်မစားချင်တာလေးတွေ ဖွယ်ဖွယ်ရာရာချက်ပေးတတ်ဆဲ။ ဘယ်နားလေး သွားသွား ကျွန်မ မပါရင် စိတ်က မဖြောင့်ဖြစ်တတ်ဆဲ။ ခုမှတွေ့ပြီး ခုမှပေါင်းဖော်လာကြတဲ့ သူငယ်ချင်းတွေမှ မဟုတ်တာလေ။
ခိုင်စိုးလင်း
25-09-2009 (16:25)
ကျွန်မကိုချစ်သော မိန်းမများ အပိုင်း (၅) မြတ်စုထွေး ဆက်ရန်
freedom, which i am seriously seeking
i intended to compose a song. but still can't find melody. anyways enjoy it like a poem. here i would like to focus on the reason why and in which situation the arts about freedom is created. as far as i studied, you will not have any mood to compose a song about freedom when you are having it. lots of creations about freedom were composed in the colonial era. but why am i writing some lyric about it when my country is governed by its own national people? maybe i am totally crazy or something. interested to know that something?
ksl
to enjoy the poem, pls click read more.
Freedom is for All
A song is not a song until you sing it.
A life is not a life until you are free.
Baby, have you known what you really want in your life…?
Have you ever thought the warmth of sunshine is all your own…?
Have you ever noticed the beauty of moonlight is just for you…?
Then you have your own right…Just you need to fight for freedom…Freedom for our nation…
The rain is pouring at you to be cool.
The breeze is coming to you to feel it.
Baby, have you ever thought you can get whatever you want..?
Baby, oh you ever believe you are steering your own soul..?
Oh you just feel free to know the future is in your hand…
Then you have your own life…Just you need to will for freedom…Freedom for our destination…
The nature is teaching you to live free.
Don’t ever think that your life is totally ruined.
Try to get a song that you really want to sing.
Just you think about freedom…
Wherever that you were born…
Just you fight for your freedom…
Whichever traditional clothes you are on…
You have your own right…., you have your own heart….
Don’t let anyone own your life…
And believe --
A life is not a life until you are free.
So just start to achieve for our freedom…Freedom for our generations…
Khine Soe Lung
07.11.06
Saturday, September 19, 2009
ကတ္တီပါလမ်း (၆)
ပထမဆုံးအဖဲ့ခံလိုက်ရတာ မမထက်လို့အမည်ရတဲ့ ကျွန်မသိပ် အားကျရတဲ့ အပျိုကြီးဆီကဖြစ်သည်။ အင်္ဂလိပ်စာသင်တန်း အရင်တက်ခိုင်းရမှာတဲ့။ ကျွန်မရှက်လိုက်တာဆိုတာလေ။ ဆရာကြီးက ဒါကို အတည်ယူပြီး တကယ်အင်္ဂလိပ်စာ သင်တန်းတက်ခိုင်းတော့ ကျွန်မ ငိုလိုက်ရသေးသည်။ ကျွန်မသည် အင်္ဂလိပ်စကားကို အိုင်နိုး ယူနိုး သူခိုးမခိုးလောက်ပဲ တတ်တာ။ အပျိုကြီးမမတွေသည် ကျွန်မကို တစက်ကလေးမှ အထင်ကြီးပုံမရကြပါ။ ကျွန်မကသာ သူတို့ကို အထင်ကြီးနေတာ။ ဒါပေမဲ့သိတယ် မလား ကျွန်မက မင်းသမီးလေ။ သူတို့တွေလောက်ကို လုံးဝ ဂရုမစိုက်တဲ့ ပုံစံလုပ်ပြတော့ မမတွေ တင်းကုန်သည်။ ကျွန်မက သူဌေးကတော်ပဲ။ သူတို့က ကျွန်မယောက်ျားပိုင်တဲ့ ကုမ္ပဏီမှာ လခစား အလုပ်လုပ်နေတာပဲ။
“သမီး အန်တီ့ကို ကော်ဖီဖျော်လာပေးချည်”
ကျွန်မက ရုံးကို စရောက်ရောက်ချင်း reception က ထူးထူးကို ခိုင်းလိုက်တာ မမထက်နဲ့ တန်းတိုးသည်။ မမထက်က ရုံးက ၀န်ထမ်းတွေကို ဒါမျိုးခိုင်းတာ လုံးဝ သဘောမကျ။ ကျွန်မက သူ့ရဲ့ မကြည်သလို မျက်နှာပေးကို လုံးဝ ဂရုမစိုက် ချင်ယောင်ဆောင်ပြီး ဆရာကြီး ရုံးခန်းထဲ တန်းဝင်လာခဲ့သည်။ ဆရာကြီးက ကျွန်မမျက်နှာ မသာမယာဖြစ်နေမှန်း သတိထားမိပုံရသည်။
“သမီးဘာဖြစ်လာတာလဲ”
“မဖြစ်ပါဘူး”
“ဖြစ်လာပါတယ် မညာနဲ့”
“မမထက်ကို အလုပ်ထုတ်လိုက်ပါလား အန်ကယ်”
“ထက်ကို အလုပ်ဖြုတ်လိုက်ဖို့ မပြောနဲ့ ထက်ကသူ့ဘာသာ ထွက်မယ်ဆိုရင်တောင် ချော့မော့တားရမှာ ဘာဖြစ်လို့လဲ သူက သမီးကို ဘာလုပ်လို့လဲ”
“ဘာတားစရာလိုလို့လဲ အန်ကယ်က ပိုင်ရှင်ပဲဟာ”
“သမီးနားမလည်သေးတာတွေ အများကြီးရှိသေးတယ် သမီး အများကြီး သင်ယူရအုံးမယ် အန်ကယ်က သမီးကို ကိုယ်ပိုင်ကုမ္ပဏီထောင်ပေးဖို့ထိ စဉ်းစားထားတာ ဒီသဘောတရားတွေကို သမီးသိထားဖို့လိုတယ်”
“အို နားလည်စရာမလိုပါဘူး အန်ကယ်က ပိုင်ရှင်ပဲ သမီးက သဌေးကတော် သူတို့လို သမီးတို့လခစားနေတဲ့လူတွေကို ဘာဂရုစိုက်စရာလိုလို့လဲ”
“အောက်ခြေမလွတ်စမ်းနဲ့ မိုး”
ဆရာကြီးက ကျွန်မကို မအော်စဖူးအော်သည်။ ကျွန်မသည် အောက်ခြေလွတ်တယ်လို့ အပြောခံရတာကို အသေနာသည်။ ဒါဟာ ကျွန်မကို အောက်ခြေကလာတယ်လို့ တနည်းအားဖြင့် ပြောလိုက်တာနဲ့ မတူပေဘူးလား။ ကျွန်မက ခုအောက်ခြေမှာမှ မဟုတ်တော့တာ။ အောက်ခြေလွတ်နေတာ ဆန်းသလား။ ပြီးတော့ ကျွန်မအမြင် ကျွန်မဖြစ်ချင်တာကိုပြောတာ။ သူဌေးတစ်ယောက်ဖြစ်တဲ့ ဆရာကြီးက ဒီလောက်တောင် လုပ်မပေးနိုင်ဘူးလား။ ဒါဆိုရင် သဌေးကတော်ဆိုတဲ့ဂုဏ်ပုဒ်ကို ဘယ်နားသွားထားမလဲ။ ဆရာကြီးကို မကျေနပ်။
အိမ်ပြန်ရောက်လာတော့ ဇာခြည်ကို အခြောက်တိုက် ပြသနာရှာမိသည်။ ဇာခြည်က ပျာပျာသလဲ မမဘာလိုချင်လို့လဲ ဘာဖြစ်လာတာလဲ နေမကောင်းဘူးလား စသည်ဖြင့် ခြေမကိုင်မိလက်မကိုင်မိ။ ကျွန်မသည် သူအရင်တုန်းက ကျွန်မတို့ မိသားစုကို အထင်သေးစွာကြည့်ခဲ့တာကို မျက်စိထဲပြန်မြင်လာသည်။ ခုချိန်မှာ ကျွန်မအိမ်မှာ ကပ်နေရတဲ့ အခြေအနေမို့ သူဒီလို ပျာပျာသလဲဖြစ်နေတာကိုလည်း ကြည့်မရ။ ကျွန်မ အပါအ၀င်လူတွေ အကုန်လုံးပြောင်းလဲနေတာကို စိတ်ပျက်လက်ပျက်ဖြစ်မိသည်။ သို့သော် ကျွန်မ ရုန်းမထွက်နိုင်။ နဂိုအနေအထားသို့ ပြောင်းလဲပစ်ဖို့ဆိုတာ ဘယ်လိုမှစဉ်းစားကြည့်လို့မရ။ ကျွန်မသည် ချမ်းချမ်းသာသာဆိုသော အနေထားတစ်ခုမှာ အလွန်သာယာနေမိပြီ။
နာရီကိုကြည့်မိတော့ သုံးနာရီခွဲပဲ ရှိသေးသည်။ ဆရာကြီးကို စိတ်တိုတိုနှင့်သာ အစောကြီးပြန်လာသည်။ ဘာလုပ်ရဘာကိုင်ရမည်မှန်းမသိ။ သားကလည်း ကျောင်းဆင်းဖို့စောသေးသည်။ စိတ်ပြေလက်ပျောက်ရှော့ပင်းတော့ ထွက်အုံးမယ်လေ ဟုတွေးသည်။ ကျွန်မသည် မလိုအပ်ဘဲ ရှော့ပင်းထွက်ခြင်းအကျင့်တစ်ခုပါ စွဲနေပြီ။ ငယ်ငယ်တည်းက လိုချင်မက်မောခဲ့သော အရာများကို ဈေးတောင် ကြည့်စရာမလိုဘဲ ကျွန်မ၀ယ်နိုင်ပြီ။ အလှပြင်ပစ္စည်း အ၀တ်အထည်ပစ္စည်း အကောင်းစားမှန်သမျှ ကျွန်မမှာရှိသည်။ နာမည်ကြီး အထည်ဆိုင်မှန်သမျှက ကျွန်မကို သိသည်။ နောက်ဆုံးပေါ်ဆိုတာမျိုးအတွက် ကျွန်မဟန်းဖုန်းကိုဆက်ပြီး အကြောင်းကြားတတ်ကြပြီ။ ကျွန်မသည် အ၀တ်အစားများ သူများဆီမှာ မြင်ပြီးသားဆို မ၀တ်ချင်တော့။ လက်ကိုင်အိတ်ဘာညာ သူများကိုင်ပြီးသားဆို မကိုင်ချင်တော့။ ထိုသို့အတွေးမျိုးရောက်တိုင်း ကျွန်မစိတ်ထဲမှာ နွယ်ဆိုသောအမျိုးသမီကို ပြေးပြေးမြင်တတ်သည်။
နွယ်။ ကျွန်မသည် သူ့ကို ခပ်ဝေးဝေးမှသာမြင်ဖူးသည်။ အသက်ငါးဆယ်ကျော်အရွယ်နွယ်သည် ကျွန်မလို ပြည့်ပြည့်ဖြိုးဖြိုး ခါးသေးရင်ချီမဟုတ်။ သူ့ပုံစံက အရပ်ရှည်ရှည် သွယ်သွယ်လျလျ ခပ်ပါးပါး။ သူ့ဝတ်ပုံစားပုံသည် သမာရိုးကျဆန်လွန်းသည်။ သူသည် သာမန်ထက် ထူးထူးကဲကဲပိုမလှ။ သို့သော် ရိုးရှင်းပြီး မပြင်မဆင်ဘဲ အဆင့်တန်းရှိရှိပုံပေါက်နေတာကိုက ကျွန်မအတွက် အနာတရဖြစ်လှသည်။ ကျွန်မသည် သူ့ကို ကြည့်မဆုံးခဲ့။ သူသည် ကျွန်မလိုလှနေလျင်တောင် ကျွန်မဒီလောက် ထိခိုက်ကြေကွဲရမည်မဟုတ်။ ခုက ကျွန်မမပိုင်ဆိုင်သော ခန့်ထည်မှု၊ ကျွန်မလုပ်ယူလို့မရနိုင်သော ရှင်းသန့်မှု၊ ကျွန်မမှာ မရှိသော ပညာတတ်မိန်းမတို့၏ ဟန်ပန်။ သူ့မျက်တောင်များသည် ကျွန်မလိုကော့ညွတ်မနေ။ သူ့နှတ်ခမ်းများသည် ဖြူသော အသားအရေနှင့် မလိုက်ဖက်ဘဲ အနည်းငယ်ညိုရောင်သန်းသည်။ ဆေးမဆိုးဘဲ ဒီတိုင်းခြောက်ခြောက်လေးညိုနေသည်ကပင် သူ့ပုံစံကို တည်ငြိမ်စေသည်။ ကျွန်မသူ့ကို အနီးကပ်ကြည့်ချင်မိသည်။ သူ့မျက်ဝန်းများသည် အနီးကပ်ကြည့်လျင် မှိုင်းညို့နေမည်ဟုထင်ပါသည်။
“မမမိုးရယ် ခုပဲ ဖုန်းဆက်မလို့ ဂူချီအသစ်ရောက်နေတယ်”
ကျွန်မကိုနှုတ်ဆက်လိုက်သော ဆိုင်ရှင်မိန်းမငယ်၏အသံက လေးစားမှုအပြည့်ပါနေသည်။ အရင်တုန်းက ဒါကို ကျွန်မသဘောတွေ့သည်။ ကျွန်မက သူဌေးကတော်လေ။ သို့သော် နွယ့်ကိုတွေ့ပြီးနောက်မှာ သူဌေးကတော်ဆိုသော ဂုဏ်ပုဒ်ကို သဘောမတွေ့တော့။ နွယ်သည် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို ကိုယ်တိုင်ဦးစီးနေသည်။ သူ့ကို လူတိုင်းက အန်တီနွယ်လို့ခေါ်ကြသည်။ သူ့ဝန်ထမ်းများက သူ့ကိုဆို တရိုတသေရှိလွန်းသည်ဟု သတင်းရ၏။ သူ့လိုဖြစ်နိုင်ဖို့ သူ့ထက်သာနိုင်ဖို့ ကျွန်မ အိပ်မက်ပမာ။ သူ့ကောင်းသတင်းများ၊ အောင်မြင်သော သတင်းများသည် ကျွန်မကို တွန်းအားပေးနေသလိုပင်။ ကျွန်မသည်လည်း ကုမ္ပဏီတစ်ခုပိုင်ဖို့ ကြိုးစားရတော့မည်။
သုံးနှစ်။ ကျွန်မသည် အင်္ဂလိပ်စာသင်တန်းကို မရှက်အားဘဲ တက်ခဲ့ရသည်။ အလုပ်ကို ကြိုးစားပန်းစားလုပ်ရသည်။ ဆရာကြီးကလည်း အားပေးသည်။ နောက်ဆုံးတော့ ကျွန်မပိုင်ဆိုင်ချင်သော ကုမ္ပဏီပိုင်ရှင်ဘ၀ကို ရောက်လာသည်။ သို့သော် ကျွန်မ မောက်မာလွန်းသောကြောင့် ၀န်ထမ်းတွေအလုပ်ထွက်သွားလို့ အစပိုင်းမှာ အတော်လေး ဒုက္ခရောက်ရသည်။ ကျွန်မသည် ပေါင်းသင်းဆက်ဆံရေးကို ပညာတစ်ခုအဖြစ်မသိခဲ့။ ကျွန်မသည် ငါက သူဌေးပဲဆိုသော စိတ်နှင့် မည်သူ့မှ ဂရုစိုက်စရာမလို ငါလခပေးထားတာ ဆိုသောစိတ်နှင့် မောက်မာလွန်းခဲ့သည်။ ရုံးမှာ လုပ်မဲ့လူမရှိတော့မှ ကိုယ့်ဝန်ထမ်းကိုလည်း အောက်ကျို့သင့်က ကျို့ရမည်ဟု မြင်တတ်လာသည်။ အလုပ်လုပ်ရာမှာလည်း သက်ဆိုင်ရာ လူကြီးများ ပတ်သက်ရာများကို ကိုယ်လိုချင်တာရဖို့ ဖားသင့်တာဖား၊ လျှော်သင့်တာလျှော် ဆက်ဆံတတ်လာသည်။ အလုပ်က သင်ပေးလိုက်ခြင်းပင်။
ကျွန်မကို အထင်သေးဖူးသော မမထက်ကိုပင် ကျွန်မ တည့်အောင်ပေါင်းတတ်လာတော့ သူကလည်းကျွန်မကို တလေးတစားရှိလာသည်။ သူသည် ကျွန်မအတွက် အကောင်းဆုံး အကြံပေးသူတစ်ဦးပင်ဖြစ်လာသည်။ ဆရာကြီးကိုပင် ကျွန်မက ပြန်ကူညီလာနိုင်တာတွေရှိလာသည်။ တချို့တွေကတော့ အမြင်ကျယ်လို့ အမြင့်ရောက်တာ မဟုတ်ဘူး၊ အမြင့်ရောက်လို့ အမြင်ကျယ်လာတာ ဘာညာ ကျွန်မကို ကွယ်ရာမှာ ပြောသူတာတွေရှိပါသည်။ ကျွန်မဂရုမစိုက်အားတော့။ အရေးကြီးတာ ကျွန်မလုပ်ငန်းအောင်မြင်ဖို့၊ သားကျောင်းမှာ အမှတ်ကောင်းရဖို့ပင်ဖြစ်သည်။
လူတစ်ယောက်ဟာ ငယ်ငယ်က ဖြစ်ချင်လွန်းလို့ထားခဲ့သော ရည်မှန်းချက် ဘာညာတွေက ကြီးလာတဲ့အခါ ပတ်ဝန်းကျင်ကိုလိုက်ပြီး ပြောင်းလဲတတ်လေသည်။ မက်မောလွန်းခဲ့သော ရုပ်ရှင်မင်းသမီးဘ၀ကို ကျွန်မ မလိုလားတော့။ ခိုင်မာတည်ကြည်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ ပြည့်စုံတဲ့ အိမ်ထောင်တစ်ခုဖြစ်လာဖို့ ပေးရတဲ့ အချိန်တွေအတွက် ကျွန်မသည် အလွန်ကြိုက်ခဲ့သော ရုပ်ရှင်မလွတ်တမ်းကြည့်ခြင်း အကျင့်ကိုပင် စွန့်လွှတ်ခဲ့ရသည်။ သားကျောင်းစာတွေ မလစ်ဟင်းအောင်လည်း တဖက်က ဂရုစိုက်ပေးရသည်။ ကျွန်မသည် နွယ့်ကိုပင် ပြိုင်ဖို့ သတိမရတော့။ ကျွန်မဘာသာ ကျွန်မကိစ္စ ကျွန်မအသားကျလာသော ကုမ္ပဏီပိုင်ရှင်ဘ၀မှာ လုပ်ရိုးလုပ်စဉ်များနှင့် အလုပ်များနေခဲ့သည်။ အစည်းအဝေး၊ ငွေရေးကြေးရေး၊ ဒေါ်လာဈေးအတက်အကျတွေ ကြားမှာကျွန်မလုံးချာလည် လိုက်နေသည်။ အဓိက အလုပ်ကိုလုပ်နေတာ အရင်တုန်းကလို နွယ့်ထက်သာရမည်ဆိုသော စိတ်ကူးကြောင့် မဟုတ်တော့။ လုပ်ရိုးလုပ်စဉ်၊ လုပ်သင့်တာကို လုပ်နေရသလိုမျိုး ဖြစ်လာသည်။ မလုပ်ဘဲ ရပ်လိုက်ရအောင်ကလည်း လုပ်ငန်းက အရှိန်အဟုန်ကောင်းစွာ အောင်မြင်နေသည်။ ထိုအရှိန်ရဖို့ ကျွန်မဆွဲလာခဲ့ရသည် ခုတော့ ထိုအရှိန်က ကျွန်မကို ပြန်ဆွဲသွားနေပြီ။ ဒီအချိန်မှာ ထဖောက်တာ ဆရာကြီးဖြစ်သည်။ ကေသီဆိုသော ၀န်ထမ်းကောင်မလေးတစ်ယောက်ကို ဆရာကြီး လက်ထပ်ယူလိုက်လေသည်။
သတင်းရရချင်း ကျွန်မရင်ထဲ ဘလောင်ဆူသွားခဲ့ရသည်။ ရုတ်တရက်ခြေမကိုင်မိ လက်မကိုင်မိ ဆရာကြီးကို လိုက်ရှာပြီး ပြေးရန်တွေ့လိုက်မိသည်။ ဆရာကြီးသည် အတည်ငြိမ်ဆုံးအနေထားနှင့် ကျွန်မကို ဖြေရှင်းသည်။ ကေသီက ကလေးတစ်ယောက်နဲ့ ယောက်ျားက ပစ်သွားတာ အတော် ဒုက္ခရောက်နေလို့ပါတဲ့။ ကဲ။ ကျွန်မသည် ငယ်ငယ်က မိုးဘ၀ကို ပြန်မြင်လာသည်။ ကျွန်မတုန်းက ချစ်လွန်းလို့ဖြစ်ခဲ့တာပါ။ ကေသီကရော။
ခိုင်စိုးလင်း
19-09-2009 (18:56)
ဆက်ရန်
Friday, September 04, 2009
သတိရခြင်းလက်တကမ်း
ဝတ္ထုမဟုတ် ကဗျာမဟုတ်ရင် ဤဘလော့စာမျက်နှာမှာ မတင်ပါဟု ကျမကြွေးကြော်ဖူးသည်။
ဲJun 18 2009 8:33 PM
zarni: ဟေ့
ရုံးကမပြန်သေးဘူးလား
အလုပ်တွေရှုပ်နေတယ်ပေါ့လေ။
ကျမ ရုံးဆင်းခါနီး အစည်းဝေးကြောင့် ဘာမှပြန်မပြောအား
June : 27 2009
2:25pm
zarni: a kywe tee khan bar so de` sar tarr a sarr a` d. sar tarr go tone yin taw taw ga byar san mae nor
ကျမ အလုပ်ထဲမှာမို့ ဘာမှပြန်မပြောအား
Jul 18 2009
mymyauk: my friend said
Nyo Min Kha was dead
is it true?
me: အန်
ဘယ်တုန်းကလဲ
when?
mymyauk: yesterday
me: ;(
i dont know then
i did not see him long
3:57 PM the last time he chat me was jun 27
mymyauk: just dead
me: ;(
4:00 PM who told you
mymyauk: my best friend
4:01 PM me: ;(
4:04 PM i am checking the chat
yeah
it has been about one month
i did not see him
4:05 PM why did he say he is dead
4:06 PM mymyauk: don't know
me:့ how did he say?
4:09 PM mymyauk: thi boo
4:11 PM me: he sent me a poem composing about hiv last month
i am dead worried
4:12 PM i am now asking to get info
Jul 20 2009
mymyauk: Nyo Min Kha is dead
it is confirmed
8 minutes
9:38 AM me:း(
what happened?
mymyauk: don't know
my other friend confirmed
be careful
you could be the next person to go
death is just around the corner
me: why all the great and the famous are dead these days?
9:39 AM yeah i think next will be mind
mine
mymyauk: ya all the great and the famous are dead
and all the stinky disugsting assholes are
also dying these days
those include you
9:41 AM me: it means your trun is coming soon
mymyauk: well
i am neither famous nor bad
so my turn will be more than 100 years later
9:42 AM me: pls contact his family in ygn
9:44 AM mymyauk: ??
why would i have to contact his family
?
i don't know any memember of his
family other than this guy
9:46 AM me: ;(
ok
Sep 04 2009
9:33 PM me: ဟေ့
ဘယ်မှာလဲ
ဘယ်ရောက်နေလဲ
ဟယ်လို
ဟယ်လို
မြန်မြန်ဖြေပါ
9:34 PM အရေးကြီးတယ်
ဟယ်လို
zarni: r u ma khine so linn?
me: ညိုမင်း
နင်ဘယ်မှာလဲ
နင်ဘယ်မှာလဲ
zarni: I'm not nyo min kha
me: အာ
မနောက်နဲ့
နင့်ဖုန်းနံပါတ်ခုပေးငါ့ကို
zarni: r u ma khine soe linn or not?
me: ခုချက်ချင်းပေးပါ
9:35 PM ခုဖုန်းခေါ်မယ်
ဟုတ်တယ်
ဘယ်သူလဲ
ညိုမင်းခ
zarni: MA
me: please
zarni: I'm yon yon
me: give me your ph number now
please
don't kid me
please
i need to call you
zarni: No
I don't kid you
me: ညိုမင်း
zarni: nyo min kha passed away since 17 Jul 09
I'm his girlfriend
9:36 PM me:း(
zarni: just now I miss him a lot
me: ဖုန်းနံပါတ်ပေးပါ
zarni: so that come & look something in his email
me: အစ်မဖုန်းပြောပါရစေ
ဖုန်းနံပါတ်ပေးပါ
ကျေးဇူးပြုပြီး ဖုန်းနံပါတ်ပေးပါ
zarni: 09 .........
or 95..............
9:38 PM me: ခေါ်နေတယ်
း(
မရဘူး
အစ်မကို မနောက်ပါနဲ့
9:40 PM ညီမလေး
အစ်မသိပ်ကိုပျော်သွားတာ
ခုနက
ညိုမင်းသတင်း မဟုတ်ဘူးမှတ်လို့
အစ်မသတင်းကြားရတယ်
9:41 PM မသေမချာကြီး ကြားတာ
အစ်မဖုန်းခေါ်နေတာခေါ်မရပါ
ညိုမင်းခသည် မျောက်ကနေတဆင့် ကျမသူငယ်ချင်း ဖြစ်လာသည်။ မျက်မှန်တပ်ထားသော အသားညိုညို ခပ်ဟော့ဟော့ ကောင်လေး။ ကျမဗမာစာ မရိုက်တတ်ခင်က ကျမပို့စ်များကို ရုံးမှာ လာယူပြီး ပြန်ရိုက်ပေးသည်။ ကျမတို့ ဖွဲ့တည်ရာမှာ ပင်တိုင်ရေးပေးသည်။ သတိရခြင်းလက်တစ်ကမ်းသည် ညိုမင်းခ ကဗျာ၏ ခေါင်းစဉ်ဖြစ်သည်။
ခိုင်စိုးလင်း
Friday, August 21, 2009
သမုဒ္ဒရာ အပိုင်း (၄)
ပင်လယ်ပြင်က လှပလွန်းသည်။ နေသည် အနောက်ဘက် ခပ်ယွန်းယွန်းမှာပင် ရှိသေး၏။ တန်ဆောင်မုန်းလေက သမုဒ္ဒရာ၏ ဆံပင်ကောက်ဖွာဖွာများကို ခပ်ပြင်းပြင်းမွှေနေသည်။ သန်းအောင်က ၀ါးထိုးပေးပြီး ရေမနက်တနက် အရောက်မှာ ခုန်ချကျန်ခဲ့သည်။ သမုဒ္ဒရာ စက်လှေမမောင်းတာ အတော်ကြာပြီ။ သို့သော် အရွယ်ရောက်တည်းက ကျင်လည်စွာ ကိုင်တွယ်လာသော စက်လှေက သမုဒ္ဒရာ မောင်းနှင်ရာ အရပ်သို့ အထစ် အငေါ့ မရှိပါလာသည်။ ဧကရီက ကျစ်ဆံမြီးကျစ်ထားသော ဆံပင်ကို ဖြေချလိုက်သည်။ ထွက်လာခါနီးမှ လဲဝတ်လာသော ဂျင်းဘောင်းဘီနှင့် ကန်းထရီးရှပ် အကွက်စိပ်က ဧကရီနှင့် လိုက်ဖက်လွန်းသည်။ ဧကရီသည် နိုင်ငံခြား မင်းသမီးလေးလို ကြည့်ကောင်းနေသည်။ ဟိုပြေးဒီပြေး ပြေးလွှားခုန်ပေါက်နေသည်။ ပင်လယ်၏ အငွေ့ အသက်က ဧကရီကို ပိုမိုနုပျိုစေသလား မသိ။ ဧကရီသည် မွေးကတည်းက ကျွမ်းဝင်ခဲ့သော ပင်လယ်ပြင်သို့ မည်သည့် အချိန်ပင်လာရလာရ ရင်တသသဖြစ်တတ်သည်။ တစ်ခါမှ မတွေ့ဖူးသူ မမြင်ဖူးသူကဲ့သို့ စိတ်လှုပ်ရှားတတ်သည်။ လှေထိပ်မှာ ရပ်ကာ လက်နှစ်ဖက် ဆန့်တန်းပြီး အကြောင်းမဲ့ အော်တတ်သည်။
ကျော်စွာသည် သမုဒ္ဒရာဘေးမှာ ထိုင်နေရင်း ဧကရီကို ငေးကြည့်နေမိသည်။ အရင်းနှီးဆုံး သူငယ်ချင်း၏နှမ၊ သူကိုယ်တိုင်လည်း ငယ်စဉ်တည်းက ချီပိုး ထိန်းကျောင်းခဲ့ရသော နှမလေးကို မရိုးမသားစိတ်တို့ ထားမိလာသည်။ ပင်လယ်ပြင်သည် အချစ်စိတ်ကို လှုပ်နှိုးတတ်ပါသလား။ တစ်ညလုံး ထိုင်စကား ပြောစဉ်မှာပင် ထိုသို့ စိတ်မကူးဖူးပါဘဲ ခုမှဧကရီကို ပိုင်ဆိုင်လိုစိတ်တို့ တက်ကြွလာသည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်လာသည်ကို ကိုယ်တိုင်လည်း နားမလည်။ တခဏအတွင်းမှာ ဧကရီ့အပေါ် မြတ်နိုးစိတ်၊ တပ်မက်စိတ်တို့က အဟုန်ကြီးမားလာလေသည်။
သမုဒ္ဒရာက ကျော်စွာတစ်ယောက် ဧကရီထံမှ အကြည့်မခွာသည်ကို စက်လှေမောင်းနေရင်းမှ သတိထားမိသည်။ သူ့သူငယ်ချင်းနှင့် သူ့နှမဆိုတာ သူ့စိတ်မှာ အဖြစ်စေချင်ဆုံး ဆန္ဒ။ ကျော်စွာသည် အနေအထိုင်တည်ကြည်သည်။ ပျော်တတ်သော်လည်း အကျင့်စာရိတ္တကောင်းမွန်သည်။ စိတ်သဘောထား ရိုးရှင်းသည်ကို သမုဒ္ဒရာ အသိဆုံး။ ကျော်စွာနှင့် ဧကရီသာ တစ်ဦးအပေါ် တစ်ဦး စုံမက်လို့ကတော့ ကန့်ကွက်မည်သူလည်း မရှိ။ မိခင်ဘခင် လေးဦးလုံးကလည်း တစ်နေ့ဖြစ်လာနိုး စောင့်မျှော်နေကြသည်ပင်။ သို့သော် သမုဒ္ဒရာက နှမဖြစ်သူ အကြောင်းကို သိနေသည်။ ဧကရီသည် ကျော်စွာကို စိတ်ဝင်စားမည်မဟုတ်။ သမုဒ္ဒရာသည် ကျော်စွာကို သနားလာသည်။ တစ်ခုခုဖန်တီပေးချင်စိတ် ပေါက်လာသည်။
“ဟေ့ကောင် ယောက်ဖ ငါတစ်ယောက်လုံး ရှိတာလည်း သတိရအုံး”
သမုဒ္ဒရာက ပေါ်တင်စတော့ ကျော်စွာရှက်သွားသည်။ ဆံပင်တို့ကို သပ်သလိုလိုနှင့် မျက်နှာကို ပွတ်ပြီးရယ်သည်။ သမုဒ္ဒရာကလည်း လိုက်ရယ်သည်။ မရယ်တာ အတော်ကြာလို့လားမသိ ဧကရီက အထူးအဆန်းလိုလှည့်ကြည့်သည်။ ကျော်စွာဘေးမှာ ၀င်ထိုင်ပြီး သမုဒ္ဒရာကို စူးစမ်းသည်။
“ဘာတွေ သဘောကျနေကြတာလဲ”
“ကျော်စွာပေါ့”
သမုဒ္ဒရာက သူငယ်ချင်းကို အဆင်ပြေစေလို၍ လမ်းကြောင်းနေသည်။ စိတ်ညစ်စရာ အကြောင်းတို့သည် အားလုံးထံမှ ပျောက်ကွယ်နေသည်။ ကျော်စွာက သမုဒ္ဒရာကို လက်သီးနှင့်ထိုးသည်။
“ကိုကိုကျော်ဘာဖြစ်လို့လဲ”
“ကောင်မလေး တစ်ယောက်ကို ကြိုက်နေလို့”
ကျော်စွာတစ်ယောက် ဧကရီ့ကိုပင် မကြည့်ရဲတော့။ သမုဒ္ဒရာက တဟားဟား အော်ရယ်နေသည်။
“ဘယ်ကောင်မလေးလဲ”
“ဘယ်ကမှန်းမသိဘူး ကြိတ်ကြိုက်နေတာကြာပြီ”
“ဘာမှမကြာဘူးဟေ့ကောင်”
“ဒါဆို ခုမှကြိုက်သွားတာလား”
“ဟာကွာ မင်းလျှောက်ပြောမနေနဲ့”
ဧကရီက စကားအသွားအလာကို ကြည့်ပြီး သူ့ကို ရည်ရွယ်မှန်းသိလိုက်သည်။ ရုတ်တရက် ဆွံ့အသွားသော်လည်း ချက်ချင်းပင် အိနြေ္ဒဆောင်လိုက်နိုင်သည်။
“ကိုကိုကျော့်ကို ရည်းစားမှရပါတော့မလား ထင်နေတာ ဒီလိုဆိုလည်း ဘယ်ဆိုးလို့လဲ”
“ရည်းစားမဖြစ်သေးဘူး သူက တဖက်သတ်ကြိုက်နေတာ သနားပါတယ် ဟားဟား”
ဧကရီသည် ကျော်စွာ့ကို အားနာလာသည်။ သူ့အစ်ကိုက မနားတမ်းစတော့မည့်သဘောရှိသည်ကိုလည်း ရိပ်စားမိသည်။ ဧကရီက ကျော်စွာကို သမုဒ္ဒရာလိုပဲ ချစ်သည်။ တစ်ယောက်နှင့်တစ်ယောက် လက်ပွန်းတတီးနေနေရာမှ အိုးတိုးအမ်းတမ်းအနေအထားသို့ ရောက်သွားမှာလည်း စိုးရိမ်သည်။
“ကိုကိုလိုပေါ့ ကိုကိုလည်း ကောင်မလေး တစ်ယောက်ကို တဖက်သတ်ကြိုက်နေတယ်”
“ဟင်ဟုတ်လား ဟေ့ကောင် ငါတောင် မသိပါလား”
သမုဒ္ဒရာသည် ဧကရီ မည်သည့်သဘောနှင့် ထိုသို့ပြောမှန်းစဉ်းစားမရ။ တစ်သက်နှစ်တစ်ကိုယ် မိန်းကလေး တစ်ယောက်ကို တဖက်သတ်ကြိုက်ဆိုသော အနေအထားမရောက်ဖူးချေ။ ဧကရီမည်သူ့ကို ဆိုလိုသနည်း။
“ဟုတ်တယ် ကြိုက်နေတာ အတော်ကြာပြီ”
“ဘယ်သူတုန်း ငါဘာသာတောင် မသိရပါလား”
“အမယ် မသိချင်ယောင်ကလည်း ဆောင်တတ်ပါ့”
ကျော်စွာသည် စောစောက ရှက်နေသော စိတ်များပျောက်သွားပြီး သမုဒ္ဒရာကြိုက်နေသည်ဆိုသော မိန်းကလေးကို သိပ်ချင်စိတ်ကြီးသွားသည်။ အရင်းနှီးဆုံးပေါင်းနေသော သူပင် မရိပ်မိ။ သူကျတော့ ခဏတာ ချစ်စိတ်ရောက်သွားသည်နှင့် ချက်ချင်းပင် သမုဒ္ဒရာ ရိပ်မိသွားသည်ကိုလည်း မကျေနပ်။ သမုဒ္ဒရာ သူ့အပေါ်လျှိုထားတာရှိနေပြီပေါ့။ ဧကရီက သဘောကျစွာရယ်သည်။ ဧကရီရယ်လေ ကျော်စွာက ပိုသိချင်လေ။
“ဘယ်သူလဲကွ ပြောကွာ”
“ဘယ်သိမလဲ ပြောတဲ့လူကို မေးပါလား”
“ကိုကိုနော် ဒီလောက် အချစ်ဆုံးသူငယ်ချင်းကိုတောင် မပြောဘဲထားတာတော့ မဟုတ်သေးဘူး ကိုကိုကျော် မခံနဲ့ ရအောင်မေး”
ဧကရီက ကျော်စွာ့ကို မြှောက်ပေးသည်။ သမုဒ္ဒရာ တစ်ယောက် အခက်တွေ့လေပြီ။ သူများကို လှော်ပေးချင်ကာမှ သူကပြန်အစခံနေရသည်။ ကျော်စွာကလည်း အတင်းမေးတော့သည်။
ဧကရီက သမုဒ္ဒရာကို ကြည့်ပြီးရယ်သည်။ လေက အေးစိမ့်လာ၏။ နေသည် ပင်လယ်ထဲသို့ ငုတ်လျှိုးစပြုနေပြီ။ ရေပြင်ပေါ်မှာ မြေရေအိုးနီနီလေး တစ်လုံး မှောက်ထားသည့် အသွင်ဖြစ်နေသည်။ ခပ်ဝေးဝေးမှ ကျောက်ဆောင်ကျောက်တန်းတို့ကို မည်းမည်းသာ မြင်ရတော့သည်။ သူတို့ထွက်လာကာစက လှေအောက်ဘက်မှာ အစုလိုက်ကူးခတ်နေသော ငါးတို့ကိုခုမမြင်ရတော့။ သို့သော်ရေအောက်မှာ ငါးပေါင်းမြောက်များစွာ ရှိနေသည်ဆိုသော အသိက ဧကရီကို ပျော်ရွှင်စေသည်။ ဧကရီသည် ငါးများ၊ ခရုများ၊ ရေမှော်များ အားလုံးကို ချစ်သည်။ ကျောက်ဆောင်များ၊ ဂြင်းများနှင့် သဲပြင်ဖြူလွှလွှကိုလည်း ချစ်သည်။ ပင်လယ်နှင့် ပတ်သက်သမျှကို ဧကရီချစ်သည်။ ကိုလုံးကျော်ပြောသလိုပင် သည်ပင်လယ်ကြီးရှိနေသရွေ့ သူတို့အသက်ဆက်နေနိုင်တာကို လက်ခံသည်။ သမုဒ္ဒရာက လှေကို လာရာလမ်းဘက်သို့ ပြန်ဦးလှည့်လိုက်သည်။
သုံးယောက်လုံး ရင်ထဲမှာ တရားမ၀င်ပိုက်ဆံများအကြောင်း၊ အဖမ်းခံရသော ကိုချစ်ဆွေအကြောင်း၊ အိမ်မှာငိုနေရစ်သော မိခင်ဒေါ်စန်းရီအကြောင်း စသည်တို့သည် ခေတ္တမျှပျောက်ကွယ်နေကြသည်။ လှိုင်းတအိအိနှင့် ပင်လယ်ပြင်က သူတို့စိတ်ကို တည်ငြိမ်သွားစေသလား မပြောတတ်။ နေသည် အလင်းရောင် အကြွင်းအကျန်လောက်သာ ထားခဲ့ပြီး ပင်လယ်ထဲ လုံးဝ ငုတ်လျှိုးသွားချင်မှာ သမုဒ္ဒရာတို့လှေဆိပ်သို့ ပြန်ရောက်လာကြသည်။ စက်ဘီးစီလာသော လမ်းတစ်လျှောက် အကြောင်းမရှိဘဲ ရယ်မောနေကြသည်။ ဆော့နေသော ကလေးသူငယ်များကိုလည်း ချစ်ခင်စိတ်နှင့် ကြည့်နိုင်ကြပြီ။
ကျော်စွာက သူ့အိမ်မှာ ၀င်ကျန်ခဲ့ပြီး သမုဒ္ဒရာတို့ မောင်နှမနှစ်ယောက်သား အိမ်ပြန်လာကြသည်။
“ကိုကိုနော် မီးရှေ့မှာ ကိုကိုကျော်ကို မစပါနဲ့ ရှက်သွားအုံးမယ်”
“ရှက်ပစေပေါ့ သူရှက်ရင် ရယ်ရတယ်”
“ဒီလောက် ရင်းရင်းနှီးနှီးနေတာ ရှက်သွားတော့ ဘယ်လိုဆက်နေမလဲ”
“နင်မကြိုက်လို့ ဒီစကားပြောတာ”
“ဘယ်လိုလုပ်မလဲ he is not my type”
“သိသားပဲ”
“သိရက်နဲ့ ဘာလို့စရသေးလဲ”
“ဖြစ်စေချင်လို့”
သမုဒ္ဒရာက မျက်နှာပိုးသတ်ပြီးပြောတော့ ဧကရီစိတ်မကောင်း။ ကျော်စွာကို သူခင်သည်။ သဘောလည်းကျသည်။ သို့သသော် သွေးသား အရင်းအချာလိုသာ သဘောထားလို့ရသည်။ သမုဒ္ဒရာကအမှန်တကယ်ဖြစ်စေချင်နေမှန်းလည်း သိသည်။ ဘယ်လိုဖြစ်ဖြစ် စိတ်ကူးယဉ်ကြည့်လို့ကို မရတာကဆိုးသည်။ ဧကရီကို မည်သို့သော လူမျိုးကများ စိုးမိုးလာနိုင်မည်နည်း။ ဧကရီ့စိတ်တို့သည် ကြည်လင်နေရာမှ ပြန်လည်မှိုင်းညို့လာသည်။ သက်ပြင်းချလိုက်သံကျယ်လောင်သွားသည်။
“ဖြစ်စေချင်တာကလည်း ဖြစ်နိုင်တယ် ဖြစ်သင့်တယ်ထင်လို့”
“ဖြစ်သင့်တာတော့ မီးလည်း သိပါတယ် ဒါပေမဲ့ ဖြစ်လာမှာမဟုတ်ဘူး”
သမုဒ္ဒရာသည် နှမငယ်ကို သနားစိတ်ဝင်လာသည်။ ဧကရီရင်ထဲက အစွဲအလမ်းသည် သူ့တာဝန်မကင်း။ သူ့နှမကို သူနားလည်သော်လည်း အဘယ်ကြောင့် ထိုသို့ဖြစ်ရသည် ဆိုသော သဘောတရားကိုမူ နားမလည်နိုင်။ မိန်းမတို့၏ စိတ်သည် ဆန်းကြယ်လှသည်။ လူအများက အထင်ကြီးသည်ဆိုသူကိုလည်း သူတို့ အထင်ကြီးချင်မှကြီးသည်။ အများတကာက ဆိုးသည်ပေသည်ဟု သတ်မှတ်ထားသူကိုလည်း သူတို့ စွဲလမ်းချင်စွဲလမ်းနေပြန်သည်။ စွဲလမ်းစိတ်ကို မွေးမြူပြီး စွဲလမ်းစိတ်နောက်ကို လိုက်တတ်ကြသည်။ သမုဒ္ဒရာက ချောသောလှသော တော်သော မိန်းမများကို သဘောကျဖူးသော်လည်း မစွဲလမ်းဖူးခဲ့။ သူ့နှမကိုယ်တိုင် သင်ပေးသော မိန်းမတို့ သဘာဝနှင့် အမြဲတစေ နှိုင်းကြည့်တတ်ခဲ့သည်။ မျက်စိမှိတ်ချစ်သည်ဆိုတာ သူ့မှာ မရှိ။ သူသဘောမတွေ့သော အချက်တစ်ခုတွေ့သည်နှင့် ထိုမိန်းကလေးကို စိတ်ဝင်စားမှု လျော့ပါးသွားတော့သည်။ တခြားယောက်ျားတိုင်းကတော့ သူ့လိုဟုတ်ပုံမရကြ။ စိတ်သဘောထားမကောင်းမှန်း သိသိကြီးနှင့် ချစ်လို့ဆို လက်ထပ်ကြသည်။ အကျင့်စာရိတ္တမမှန်ကန်မှန်း သိပါလျက် စွဲလမ်းကြသည်။ အိမ်ထောင်ရှိလျက် တပ်မက်ကြသည်။ ယောက်ျားတို့၏ စိတ်သည်လည်း ဆန်းကြယ်လှပေသည်။
“ဒါနဲ့ကိုကိုက ဘယ်သူ့ကို တစ်ဖက်သတ်ကြိုက်နေတယ်လို့ ထင်ရတာလဲ”
“ဘယ်သူ့ကိုမှမထင်ဘူး သူများကို စနေတာ အမြင်ကတ်လို့လျှောက်ပြောတာ”
“ဟားဟား တတ်နိုင်ပါ့”
“ကိုကိုက မချစ်တတ်ဘူးနော်”
“မသိဘူး”
“တကယ် ဒီအသက်အရွယ်ရောက်နေပြီ ဘယ်မိန်းမကိုမှ ချစ်တာ မမြင်ဖူးဘူး”
“ချစ်တာ မိန်းမတစ်ယောက်ကို ချစ်မှ မှမဟုတ်တာ မိသားစုကိုချစ်တယ် အလုပ်ကိုချစ်တယ် အလုပ်သမားတွေကိုလည်း ချစ်တာပဲ ဒီမြေကိုလည်း ချစ်တယ် ပင်လယ်ကိုလည်း ချစ်တယ် ဟုတ်ဖူးလား”
“မတူဘူးလေကွာ အသက်နှစ်ဆယ်ကျော်နေပြီ အစိတ်နားကပ်တော့မယ် မိန်းကလေး တစ်ယောက်ယောက်တော့ ချစ်ဖူးသင့်ပြီ။
“ချစ်တယ်လေ မီးကို အရမ်းချစ်တာပဲကို”
“အာ မီးမဟုတ်တဲ့ တခြား မိန်းကလေးကို ပြောတာ”
“ဟီးဟီး မမွေးသေးတာလား မတွေ့သေးတာလား တစ်ခုခုပဲ”
“မသိသေးတာဖြစ်မယ် တွေ့တာကတွေ့ပြီးနေပြီ”
“ဆိုပါအုံး ဘယ်သူလဲ”
“နီနီရဲ”
“ဟားဟား”
“မေမေကလည်း သဘောတူမှာ အိုးမကွာ အိမ်မကွာ ကူဖော်လောင်ဖက်လည်းရ ဟီးဟီး”
“သူ့ယူရင် ငါတော့ အိမ်မှာမနေတော့ဘူး နင်ပဲ ကြေးသော့တစ်ချောင်းကိုင်ပြီး နင့်ယောက်မနင်စောင့်ရှောက်”
သမုဒ္ဒရာတို့ ရယ်သံကို ခြံဝတည်းက ကြားနေရသော ဒေါ်စန်းရီ ပိုဝမ်းနည်းလာသည်။ ဦးသော်တာကို တိုင်နေရင်း ငိုနေရမှ ထကြည့်သည်။ သားနှင့်သမီးသည် ဘာကိုသဘောကျလာကြသည် မသိ။ မိဘကိုတော့ စိတ်ဆင်းရဲအောင် လုပ်ထားပြီးထွက်သွားကြသည်။ ပြန်လာတော့ တဟီးဟီးတဟားဟား။
တိတ်ဆိတ်နေသော အိမ်ကိုကြည့်ပြီး ဧကရီနေ့ခင်းက ကိစ္စကို သတိရလိုက်သည်။ မိခင်ကိုချော့ရအုံးမည်။ သူတို့သားမိသည် စိတ်ဆိုးခဲကြသည်။ စိတ်ဆိုးလည်း အပြောင်အပြက်ပြောတတ်သူများ ဖြစ်သည့် အလျောက် ပြန်စနောက်ရင်းက သင့်မြတ်တတ်သည်သာ။ အခုကိစ္စကတော့ ဧကရီစချော့မှဖြစ်မည်။ ဧကရီက အပြစ်လုပ်ထားသူဟု သူ့ကိုယ်သူမယူဆသော်လည်း မိခင်ကိုတော့ ချော့သင့်သည်ထင်၏။
“ထမင်းခူးလိုက်ရတော့မလားမေမေ”
ဒေါ်စန်းရီက မည်သို့မှပြန်မပြောဘဲ နောက်ဖေးခန်းသို့ဝင်သွားသည်။ ဧကရီက မိခင်နောက် ပြေးလိုက်ရင်းပါသွားသည်။ ဦးသော်တာသည် စာအုပ်ကို အာရုံစိုက်ချင်ယောင်ဆောင်နေရင်းက ဇနီးနှင့် သမီးကို သဘောတကျပြုံးသည်။ သမီးဖြစ်သူသည် ရိုင်းစိုင်းသော ကလေးမဟုတ်။ အားလုံးထိလွယ်ရှလွယ်သော အချိန်ကာလမှာ တစိုးတစိမှ အမှားမခံတတ်ကြသည့် သဘောအတိုင်းသာ မိခင်ကို ခံပြောခြင်းဟု သူနားလည်သည်။ ရက်အတော်ကြာ မရယ်မပြုံးနေသော သားနှင့် သမီးကို ယခုလိုရွှင်ရွှင်ပြပြ မြင်ရသည်ကပင် ဦးသော်တာကျေနပ်လှပြီ။ လူငယ်ဆိုသည်မှာ ခံစားလွယ်တတ်သလို မေ့ပျောက်လွယ်တတ်ကြသည်သာ။ မကြုံဖူး၍သာ သူတို့ခဏတာ တုန်လှုပ်သွားခြင်းဖြစ်သည်။ မကြာမီနေသားတကျဖြစ်ပြီး အရင်လိုရယ်မော ကျီစယ်နေကြလိမ့်မည်ဟု ဦးသော်တာယုံကြည်သည်။
ဦးသော်တာ ငယ်စဉ်ကလည်း ထိုသို့သွေးကြွဖူးသည်ပင်။ ယခုတော့ နိုင်ငံရေးဘာညာတို့ကို စိတ်ထဲမထားဖြစ်တော့။ အချိန်တန်လျင် အားလုံးသေကြမည်ဟုသာ သဘောပိုက်ထားတော့သည်။ ဘုရားတရားကို ဆည်းကပ်ဖြင်းကသာ တမလွန်သို့ ကောင်းကျိုးသယ်သွားနိုင်သည်ဟု ယူဆတော့သည်။
မကြာမီ ထမင်းစားခန်းအတွင်းမှ ဒေါ်စန်းရီနှင့် ဧကရီတို့၏ ရယ်မောသံကိုကြားရလေသည်။
ခိုင်စိုးလင်း
(ဆက်ရန်)
Saturday, July 25, 2009
သမုဒ္ဒရာ အပိုင်း (၃)
ဆရာတော်ကြီးနားမှာ ဦးပဉ္ဖင်းပျိုများရောက်နေကြပြီ။ သူတို့သည် တစ်ကျောင်းလုံး သံင်္ဃာများ စုဆောင်းထားသမျှ ငွေကြေးတို့ကို ဆရာတော်ကြီး ရှေ့မှာ ပုံပြီးတရားမ၀င်တော့သော စက္ကူနှင့် သုံးလို့ရသေးသော ငွေတို့ကို ခွဲပြီးစီနေကြသည်။ မခင်ကြည်နှင့် သီလရှင်များ သယ်လာသော ပိုက်ဆံတို့ကိုလည်း အားလုံး ၀ိုင်းစီကြသည်။ တပင်တပန်း စိတ်ရှည်လက်ရှည် ခေါက်ထားရသော ပိုက်ဆံတို့ကို ပြန်ဖြန့်ရလေပြီ။ ကထိန်လှည့်ရာမှာ အလှပြိုင်ဖို့ပိုက်ဆံများ။
“ဆွမ်းတကာ ဦးသော်တာတို့ကို သွားခေါ်ချေတော့။ ညနေလာဖြစ်အောင် လာပါလို့”
“တင်ပါ”
ကပ္ပိယ ဦးလှထော်သည် စိတ်ထဲမသာမယာနှင့် ဦးသော်တာတို့ အိမ်ကို လျှောက်လာသည်။ တစ်လမ်းလုံး အုတ်အော် သောင်းနင်းဖြစ်နေသည်ကို မြင်ခဲ့ရသည်။ အေးချမ်းသော ဒေသသည် ရုန်းရင်းဆန်ခတ်ဖြစ်ရလေပြီ။ ခါတိုင်း ကလေးသူငယ်တို့ ငိုကြွှေးသံကိုပင် ကြားရခဲသော အရပ်မှာ လူကြီးများပါ ငိုသူငို ရယ်သူရယ် ဆောက်တည်ရာ မရဖြစ်ရလေပြီ။ ဦးသော်တာ အိမ်မှာ ရှိနေသည်။ ဦးလှထော်ဝင်လာတော့ ပျက်နေသော မျက်နှာတို့ကို ပြင်ပြီး နှတ်ဆက်ကြသည်။ တရားမ၀င် ပိုက်ဆံသတင်းကြားပြီးကတည်းက မည်သည့်စကားမှ မဆိုနိုင်ဘဲ နှစ်ယောက်သား မှိုင်နေကြခြင်း ဖြစ်သည်။ သူတို့မှာ တွေးစရာ တပုံကြီးရှီနေသည်။ လုပ်စရာလည်း အများကြီး။ သို့သော် ဘာကို ဘယ်ကစတွေးပြီး ဘာလုပ်ရမှန်းမသိတော့။
“ဆရာတော်ကြီးက ညနေကျောင်းကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်တယ် ဦးသော်တာ”
“ဆရာတော်ကြီး သိပြီးရော့ပေါ့”
“ဟုတ်ကဲ့ အဲဒါအတွက် လူကြီးတွေနဲ့ တိုင်ပင်ချင်တယ်ပြောတယ် သားကိုပါ ခေါ်ခိုင်းလိုက်တယ်”
သားဆိုမှ သမုဒ္ဒရာတို့ မနက်ကတည်းက အခန်းအောင်းနေကြတာကို ဦးသော်တာ သတိရသွားသည်။ သတင်းဆိုးကို သမုဒ္ဒရာတို့ကို မပြောရသေး။ ဦးလှထော် ပြန်သွားမှ လင်မယားနှစ်ယောက် သားအခန်းရှိရာ အပေါ်ထပ်သို့ တက်လာကြသည်။ သူတို့သား သမုဒ္ဒရာ မူပျက်နေသည်ကို သူတို့ သတိထားမိခဲ့သည်။ သို့သော် သားလိမ္မာသည်ကို သိနေသည့် အလျောက် ဘာမှ မေးစမ်းမှု မပြုဘဲစောင့်ကြည့်နေကြခြင်းဖြစ်သည်။ နောက်မှ ဧကရီမှ တဆင့်မေးမည်ဟု စိတ်ကူးထားသည်။
သမုဒ္ဒရာ အခန်းကို အတွင်းမှ ဂျက်ချထားလေသည်။ ဦးသော်တာနှင့် ဒေါ်စန်းရီတို့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ တခုခုတော့ ထူးခြားနေလေပြီ။ သမုဒ္ဒရာသည် ဘာများဖြစ်နေပြီနည်း။ ပိုက်ဆံကိစ္စထက် သားကိစ္စက ခေါင်းထဲရောက်သွားသည်။ သားကို စိတ်ပူစပြုလာသည်။ တံခါးကို ခပ်ပြင်းပြင်းခေါက်လိုက်မိတော့သည်။
တံခါးဖွင့်ပေးသူက ဧကရီ။ သူတို့သမီး၏ မျက်နှာသည် မမြင်ဖူးသူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ခါတိုင်းလို ပြုံးရယ်နေသော ချစ်စရာ မိန်းမပျိုမဟုတ်တော့။ ဒေါသနှင့်ခက်ထန်နေသည်။ မိဘတို့ ပိုမိုထိတ်လန့်သွားရလေပြီ။ ကျော်စွာညကတည်းက မပြန်သည်ကိုလည်း သူတို့သိနေသည်။ အခန်းထဲမှာ သုံးယောက်သား တစ်ညလုံး ရှိနေသည်ကိုလည်း သိနေသည်။ သူတို့၏ ပူပင်မှုသည် ဧကရီထံသို့ပြောင်းသွားသည်။ ဒေါ်စန်းရီသည် မတွေးကောင်းသည်တို့ကိုတွေးမိလေပြီ။ ဘာမကြောင်းကိစ္စမှန်း မသိရဘဲ ၀မ်းနည်းလာသည်။ တစ်ပူပေါ်နှစ်ပူဆင့်လေပြီ။
မျက်နှာမကောင်သော မိခင်ဖခင်တို့ကို မျက်စိမျက်နှာပျက်နေသော သမုဒ္ဒရာတို့ နှတ်ဆက်စကားပင် မဆိုမိကြပေ။
“သားတို့ တစ်ခုခုဖြစ်နေကြတယ်မဟုတ်လား သမုဒ္ဒရာ”
ဖခင် အမေးကို မည်သို့ဖြေရမည်ကို သမုဒ္ဒရာ မသိ။ သူတို့ဘာဖြစ်နေကြသနည်း။ သူတို့သည် မိခင်ဖခင် တို့ကို စိတ်ပူအောင် လုပ်မိကြလေပြီ။ မိခင်ဒေါ်စန်းရီသည် ငိုတော့ မတတ်ဖြစ်နေတာ တွေ့ရသည်။
“သားတို့ ဖြစ်တယ်ရယ်တော့ မဟုတ်ပါဘူးပါပါ။ သားမိတ်ဆွေတစ်ယောက် အဖမ်းခံရတယ်”
တစ်စုံတစ်ယောက် အဖမ်းခံရသော သတင်းသည် သူတို့ လင်မယားအတွက် တစ်သက်တာမှာ ပထမဆုံးအကြိမ် ၀မ်းသာစရာ ဖြစ်သွားရသည်။ တော်ပါသေးရဲ့ဟု ဒေါ်စန်းရီ သက်မချနိုင်သည်။ ဦးသော်တာလည်း ပူပင်မှုလျှော့သွားသည်။
“မနေ့ညက ဦးအောင်ဒင်ရဲ့တူ ၀ရမ်းပြေးကို လာဖမ်းသွားတယ်လို့တော့ကြားတယ် အဲဒါသားပြောတဲ့သူလား သားက ၀ရမ်းပြေးနဲ့ ဘယ်လိုမိတ်ဆွေဖြစ်နေတာလဲ”
“၀ရမ်းပြေးမဟုတ်ပါဘူး ပါပါ ကိုချစ်ဆွေက လူကောင်းပါ လူကောင်းမှ အများအကျိုးအတွက် အမှန်တရားကိုပြောပြီး စွန့်စားရဲတဲ့ သူရဲကောင်းပါ”
သမုဒ္ဒရာ၏ အသံကခက်ထန်နေသည်။ ဖခင်မျက်နှာကို မကျေမနပ် စိုက်ကြည့်နေတာကို ဦးသော်တာ သတိထားမိသည်။ တစ်ခုခုမှားနေပြီမှန်း သိလိုက်သည်။ မနက်က ဒေါ်စန်းရီဈေးသွားရင်း ဦးအောင်ဒင် အိမ်မှာ ပုန်းနေသော လူသတ်တရားခံ ၀ရမ်းပြေး ဒေါ်သီ၏တူကို ညက ရဲများလာဖမ်းသွားသည်ဟု ကြားလာခဲ့သည်။ ထိုသူကို သူတို့သားက သူရဲကောင်းဟုပြောနေသည်။ သမုဒ္ဒရာသာမက ဧကရီနှင့် ကျော်စွာပါ ထိုသို့ယူဆပုံရသည်။ သုံးယောက်သား ဒေါသမျက်နှာနှင့် သူတို့ကို မျက်တောင် မခတ်ကြည့်နေကြသည်။ ဦးသော်တာသည် လာရင်းကိစ္စကို သတိမရတော့။
“ဘာလို့ အဖမ်းခံရတာလဲ ဒါဆို”
သမုဒ္ဒရာသည် သူသိသမျှကို ဒေါနှင့်မာန်နှင့် ပြောပြနေသည်။
“ဘယ်ကလာ ဟုတ်ရမှာလဲသားရယ် အခုပိုက်ဆံတွေ အတန်ကြီးတွေအားလုံးကို ဖျက်သိမ်းလိုက်ပြီ မေမေတို့ အဲဒီကိစ္စ…”
“ဘာ”
ဒေါ်စန်းရီသည် စကားကို ဆုံးအောင် မပြောလိုက်ရ။ သမုဒ္ဒရာတို့ သုံးယောက်သား အလန့်တကြား ထအော်ကြသည်။
“ဟုတ်တယ် စောစောက ရေဒီယိုက ကြေငြာသွားတယ် တစ်မြို့လုံး ပွက်လောရိုက်နေပြီ သားတို့သာ အခန်းအောင်းနေလို့ ဘာမှမသိတာ”
သမုဒ္ဒရာတို့သည် စကားတစ်ခွန်းမှ ဆက်မပြောနိုင်ဘဲ ကြက်သေသေနေကြသည်။
“လောလောဆယ် ဘယ်သူမှ ဘာလုပ်ရမယ်မသိဖြစ်နေတယ် ဆရာတော်ကြီးက ညနေ ကျောင်းမှာ အဲဒီကိစ္စကို တိုင်ပင်မယ်ပြောတယ် သားကိုပါ ခေါ်ထားတယ်”
သူတို့သုံးယောက် တမနက်လုံး မစားမသောက် ဆွေးနွေးခဲ့ကြသည်။ ငွေကြေးကို အဆီးအတားမရှိ ထုတ်နေခြင်းဖြင့် ဖြစ်လာနိုင်မည့် အကျိုးဆက်တို့ကို စဉ်းစားဝေဖန်ခဲ့ကြသည်။ သို့လော သို့လော အမျိုးမျိုးဝေဖန်တွေးတောခဲ့ကြသည်။ ယခုဖြစ်ပေါ်နေလာသော အခြေအနေကို သူတို့ သိကြရပြီ။ သူတို့ ဘာဆက်လုပ်ရမည်နည်း။ တစ်နိုင်ငံလုံး ကျွတ်ကျွတ်ဆူနေမှာ သေချာသည်။ သူတို့ အစွမ်းအစဖြင့် ကူညီပေးနိုင်ဖို့ အကြောင်းမမြင်။ သူတို့မှာ အစွမ်းအစတစ်ခုမှမရှိ။ သူတို့သည် လူဗြိန်းများ ထုံအသူများသာဖြစ်သည်။ တစ်သက်နှင့် တစ်ကိုယ် မိမိတို့ဘာသာ မိမိတို့ ထိုမျှ အထင်သေးဖူးခြင်းမရှိခဲ့။
သမုဒ္ဒရာသည် တော်တစ်ချက် ပြင်းပြင်းခေါက်လိုက်သည်။ ကျော်စွာက အိမ်ပြန်မှဖြစ်မည် ဆိုပြီး ပြန်သွားသည်။ အခန်းထဲမှာ သမုဒ္ဒရာတို့ မောင်နှမနှစ်ယောက်တည်း တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့လေသည်။
-----------------------------------------------------------------------------------------------
ဆရာတော်ကြီးက အတင်းကန့်ကွက်နေသော်လည်း စီစဉ်ထားသည့်နေ့မှာ ကထိန်ခင်းလိုက်ကြသည်။ စီစဉ်ထားသည့် ကထိန်အတိုင်းတော့ ဖြစ်မလာတော့။ ဖြစ်ကတတ်ဆန်း မဟုတ်သော်ငြား စည်ကားမှုမရှိတော့။ ပိုက်ဆံတွေကို အနည်းအကျဉ်းပြန်လှဲပေးတော့ ဆရာတော်ကြီးက ဦးဆောင်ပြီး ရပ်မိရပ်ဖ ဦးသော်တာတို့ ဦးဘမောင်တို့က တစ်နယ်လုံးအတွက် မျှမျှတတဖြစ်အောင် စီစဉ်ပေးကြသည်။ အားလုံးသည် ဆရာတော်ကြီးနှင့်တကွ ကျောင်းနေသံင်္ဃာများကို အရင်ကထက်ပို ကြည်ညိုလာကြသည်။ သမုဒ္ဒရာသည် လူငယ်ပိုင်းကို ဦးဆောင်နေသော်လည်း အရင်လို ရယ်ရယ်မောမော မရှိတော့။ သူ့ကိုယ်သူ သိမ်ငယ်စိတ်အပြည့်နှင့် လုပ်စရာ ရှိတာကို လုပ်နေမိခဲ့သည်။
လှဲမရဘဲ ကျန်ခဲ့သော ငွေစက္ကူအဟောင်းများကို သမုဒ္ဒရာ ထိုင်ရေနေသည်။ သူ့ရင်ထဲမှာ နာကျည်းစိတ် မုန်းတီးစိတ်တို့နှင့် စက္ကူစုတ်သာသာ တန်ဖိုးမရှိတော့သော တစ်ရာတန် ငါးဆယ်တန်များကို မီးရှို့ပစ်လိုက်လေတော့သည်။
“သားဘာလို့ ဖျက်ဆီးပစ်တာလဲ နောက်ပြန်သုံးလို့ ရရင် ရလာမှာပေါ့”
ဒေါ်စန်းရီက နှမြောတသဖြစ်စွာ ပြောသည်။ သမုဒ္ဒရာသည် မိခင်စကားကို ဘာမှပြန်မချေပ။ ပြာကျသည် အထိ တစ်ရွက်ချင်း တိတ်ဆိတ်စွာ ထိုင်ရှို့နေမိသည်။ ဧကရီက သမုဒ္ဒရာကို သိုင်းဖက်ပြီး အနားမှာ လာထိုင်သည်။ သမုဒ္ဒရာသည် ဧကရီ့ကို ပြန်လည် မဖက်။ ဧကရီက သမုဒ္ဒရာ ထင်မှတ်ထားသည်ထက် တည်ငြိမ်မှု ရှိသည်။ သည် အတောအတွင်းမှာ အဆပေါင်းများစွာ ရင့်ကျက်လာသလို ထင်ရသည်။ ဆံပင်စည်းပုံ မျက်နှာချေ လိမ်းပုံကအစ ပြောင်းလဲလာသည်။ ကလေးဆန်ဆန် ဖီးလိမ်းပြင်ဆင်ခဲ့ရာမှ အပျိုကြီးမမ တစ်ယောက် အသွင်ဖြစ်လာသည်။ သူ့စိတ်ထဲမှာ မည်သို့ ဖြစ်နေသည် ဆိုတာထက် သူ့အစ်ကိုစိတ်ကို ပိုပြီးနားလည်အောင် လုပ်နေသည်။ မိသားစု အတွက်ရော၊ ယက္ကန်းရုံ အလုပ်သမားတွေ အတွက်ရော၊ တစ်နိုင်ငံလုံး ပြည်သူပြည်သားတွေ အတွက်ရော သိမ်းကျုံးပူပန်ပြီး အအိပ်အစား မမှန်ဖြစ်လာသော သမုဒ္ဒရာကို ဧကရီက အစ်မကြီး တစ်ဦးပမာ ပြုစု ဂရုစိုက်သည်။
သမုဒ္ဒရာကို ပြောမရသော ဒေါ်စန်းရီက ဧကရီကို ခေါ်ပြီး တားခိုင်းသည်။
“တော်ရုံ စိတ်ပြေသလောက် ရှို့ပြီး ယူထားလိုက်ပါတော့လား သမီးရယ် နောက်ပြန်သုံးလို့ ရမယ်ဆိုရင် ကိုယ်ကျိုးနည်းမှာ ”
ဧကရီသည် မိခင်ဖြစ်သူကို အမြင်ကတ်လာသည်။ တတွတ်တွတ် ပြောနေသည်ကို သည်းမခံနိုင်သည့် အဆုံး ပြန်အော်မိတော့သည်။ သူ့အသံသည် ကျယ်သော်လည်း လည်ချောင်းထဲမှာ တစ်ဆို့နေသည်။
“ကိုယ်ကျိုးနည်းပြီသားပဲ မေမေ ပိုက်ဆံတွေကို ပြန်သုံးလို့ရလာမယ်လို့ ဘယ်တော့မှ မမျှော်လင့်နဲ့ ပြန်သုံးလို့ရအောင်သာ လုပ်မယ်ဆိုရင် စတည်းက အသုံးမ၀င်ဖြစ်အောင်လည်း မလုပ်ဘူး။ မေမေနားမလည်ဘူးလား။ အခု အသစ်တွေတောင် ထုတ်နေပြီ၊ လကုန်ရင် ၀န်ထမ်းတွေကို အဲဒါပေးလိမ့်မယ် သူတို့ လုပ်ချင်ရာ လုပ်နေတ၊ သူတို့ ထင်တိုင်း ကြဲနေတာ မေမေက ဒီလောက်တောင် မသိဘူးလား”
ဒေါ်စန်းရီသည် သူ့သမီးကို သူ့ကိုယ်မှ သူ့သွေးသားနှင့်မွေးထုတ်ပေးလိုက်ခြင်းအပေါ် သံသယဖြစ်ချင်လာသည်။ မိမိတုန်းက မိဘနှစ်ပါးသာ ဆုံးပါးသွားခဲ့သည်။ မိခင်ကို ထိုသို့မအော် စဖူးခဲ့။ ဧကရီမှာ ဘယ်က အရိုင်းအစိုင်းစိတ်တွေ ၀င်ပြီး မိမိကို ပြန်အော်နေရသနည်း။ ဒေါ်စန်းရီ ၀မ်းနည်းပက်လက် ငိုတော့သည်။ ပိုက်ဆံတွေ ဆုံးရှုံးတာ အတွက် လူတိုင်းဖြစ်တာပဲလေ ငါ့ကျမှ ကွက်ဖြစ်တာ မဟုတ်ဘူးလို့ ဖြေတွေးပြီး မငိုမိအောင် ထိန်းခဲ့သမျှ သမီးနှင့် သားကို ပြောမရဆိုမရဖြစ်တော့ စိတ်ကို ချုပ်တည်း ထားနိုင်ခြင်းမရှိတော့။ တစ်ဦးတည်းသော သမီးငယ်ကို ညီအစ်မလို နောက်ပြောင်ကျီစယ်ပြီး အရောတ၀င် ဆက်ဆံခဲ့သည်။ အရာရမှာ မရွံ့မကြောက်အောင် သွန်သင်ခဲ့မိသော မိမိအမှားဖြစ်လေပြီလား။ ထီဟန်နန်းဟန် အမည်နာမတွေကို သဘောကျလွန်းလို့ ဧကရီလို့ အမည်ပေးခဲ့လို့များ သမီးသည် ထိုမျှခက်ထန်လာရခြင်းလား။
ဧကရီသည် မိခင်ထိုမျှလောက် ငိုသည်ကို မမြင်ဖူးခဲ့။ မိမိကြောင့် ငိုရသည် ဟုလည်း နောင်တရမိသည်။ အမှန်က သူ့မိခင်ကို ဒေါသထွက်ခြင်းမဟုတ်။ သူ့ရင်ထဲမှာ ကိုချစ်ဆွေ အဖမ်းခံရတည်းက ကိန်းအောင်းနေသော ဒေါသနှင့် ပိုက်ဆံကိစ္စကြောင့် တိုးပွားလာသော ဒေါသတို့က မိခင်ဖြစ်သူအပေါ် မြှားဦးလှည့်သွားခြင်းသာ ဖြစ်သည်။ မိမိမှာ ဒီလိုရင့်သီးသော လေသံရှီနေသည်ကိုပင် ဧကရီ မသိရှိခဲ့။ စကားပြောနေစဉ်မှာပင် တခြားသူ တစ်ဦးဝင်ပူးပြီး ပြောနေသည် ထင်ရလောက်အောင် မိမိအသံကို မိမိကိုယ်တိုင် ပြန်မမှတ်မိ။ ဒေါ်စန်းရီသည် အငိုမရပ်ဘဲ သူတို့လင်မယား အိပ်ခန်းထဲပြေးဝင်သွားသည်။ ဧကရီကိုယ်တိုင် ငိုချင်နေသော်လည်း အံကို ကြိတ်ထားသည်။ မိခင်ကို လိုက်ချော့ချင်သော်လည်း မချော့ရဲ၊ မချော့ဖြစ်။ သမုဒ္ဒရာက သားမိနှစ်ယောက်ဖြစ်နေသည်ကို မည်သို့မျှ ၀င်မပြော။ ခါတိုင်းဆို အခုလို အကြီး အကျယ်ဖြစ်ဖို့မပြောနှင့် တစ်ယောက်နှင့် တစ်ယောက် စကားလေးတစ်ခွန်း မှားပြီး စနောက်မိရင်တောင် သမုဒ္ဒရာက ရယ်စရာ မောစရာများနှင့် ရောချပစ်တတ်ခဲ့သည်။ အခုတော့ သမုဒ္ဒရာ ဆွံ့အနေသည်။
သူ့အနားမှာ ပြန်လာထိုင်ပြီး မီးတော်တို့ကို ကြည့်နေသော ဧကရီ့ကို သမုဒ္ဒရာက တချက် လှမ်းကြည့်ဖြစ်သည်။ ဧကရီမျက်နှာအပျက်ပျက် ဖြစ်နေတာ သူမြင်သည်။ ဧကရီ့ပုခုံးကို သိုင်းဖက်ပြီး ကျစ်ဆံမြီးကျစ်ထားသော ခေါင်းကို အုပ်မိုးကိုင်ထားမိသည်။ အချိန်အတော်ကြာသည် အထိ နှစ်ယောက်သား စကားမပြောဖြစ်ကြ။ ဧကရီက သမုဒ္ဒရာ ထပ်ထားသော ပိုက်ဆံပုံထဲမှ တစ်ရွက်ကို ယူပြီး မီးပုံထဲ အသာအယာထည့်ကြည့်သည်။ ပြာကျသွားသော ပိုက်ဆံတို့သည် အနားစွန်းလေးတွေတော်ရုံမလောင်ဘဲ ကျန်ချင်နေသည်။ အစမျှမကျန်အောင် မီးပုံထဲ ထိုးထည့်ရသည်။
“စက္ကူပြာကျတာထက် နှေးတယ်နော်”
“ quality paper တွေကိုးမီးရယ်”
“ဒီပိုက်ဆံတစ်ရွက်တစ်ရွက်ထုတ်ဖို့ တော်တော်ကုန်မှာနော်”
“အင်း နိုင်ငံခြားက နည်းပညာတွေရော ကုန်ကြမ်းရော မနည်းဘူးရင်းရတာ”
“၀ါဇီမှာ ထုတ်တာရော နိုင်ငံခြားက နည်းပညာနဲ့လား”
“ဟုတ်တယ် ဂျာမဏီက နည်းပညာ German Giesecke & Devirent Firm ဆိုလား ဘာလားပဲ”
“လုပ်ရက်ကြတယ်နော်”
တိတ်ဆိတ်သွားကြပြန်သည်။ လေတချက်တချက် တိုက်လိုက်တိုင်း ပြာမှုန်တို့က လွင့်ဝဲသွားသည်။ သူတို့နှစ်ယောက် ခေါင်းမှာလည်း ပြာတွေဖွေးနေသည်။ မီးမရှို့ရသေးသော ပိုက်ဆံတို့ကို အုတ်ခဲကျိုးနှင့် ဖိထားရသည်။ အမှန်က သမုဒ္ဒရာတို့ဆီမှာ ငွေသားအနေနှင့် သိပ်များများစားစားထားသည် မဟုတ်။ သမုဒ္ဒရာနှင့် သူ့ဖခင် ရှာသမျှကို ဒေါ်စန်းရီက ရွှေတွေပဲ ၀ယ်စုထားတာ များသည်။ အခုသူတို့ ဆုံးရှုံသွားသော ပိုက်ဆံသည် သူတို့ပိုင်ဆိုင်သမျှစည်းစိမ်ဥစ္စာ ၏ ဆယ်ပုံတစ်ပုံခန့်ပင် မရှိ။ သို့သော် ယက္ကန်းရုံအတွက်လည်ပတ်နေသော ငွေတွေဖြစ်သည်။ ဦးသော်တာ လှေသမားတွေ အတွက် အရင်းအနှီးထုတ်ပေးဖို့ထားသော ငွေတွေလည်းဖြစ်သည်။ ထို့အတွက် သမုဒ္ဒရာတို့က ပိုနှမြောသည်။ မိဘတို့က ယက္ကန်းရုံကို ခေတ္တပိတ်ထားဖို့ပြောသော်လည်း သမုဒ္ဒရာလက်မခံ။ ရှားပါးနေသော အချိန်မှာ အလုပ်သမားတွေ အလုပ်လက်မဲ့ပါ ဖြစ်သွားရဖို့ကို သူမလိုလား။ သူတို့ရက်လုပ်သော ချိတ်ထဘီနှင့် ပုဆိုးတို့သည် အရောင်းလုံးဝရပ်စဲသွားသည်။ ရက်ပြီးသမျှကိုလည်း နှစ်အိမ်ခွဲပြီး ပုံထားရသည်။ ကုန်ကြမ်းဝယ်ဖို့ကိုတော့ သူတို့ အခက်တွေ့နေသည်။ ဒီပုံအတိုင်း ဆက်သွားလို့ကတော့ ဘယ်လောက်တာရှည်လည်ပတ်နိုင်မည်လဲ မပြောတတ်ပြီ။ လောလောဆယ် သမုဒ္ဒရာ သဘောအတိုင်း မငြင်းမဆန်လိုက်လျောပြီး အလုပ်ရပ်ပစ်ဖို့ မတောင်းဆိုသော ကျော်စွာကရော မည်သည့် အတိုင်းအတာထိ လက်ခံမည်နည်း။ သူ့မိဘတွေကရော။ ကျော်စွာတို့မိသားစုသည် သမုဒ္ဒတို့ထက် စုမိဆောင်းမိရှိတာတော့ မှန်သည်။ သို့သော် ၀င်ငွေမရှိဘဲ ထွက်ငွေချည်းပြနေသော အလုပ်ကို ဘယ်အထိ ဆက်လုပ်ဖို့ သဘောတူမည်နည်း။
“ပိုက်ဆံအသစ်တွေ ထုတ်ပြန်အုံးမယ်ဆိုတာရော ဘာသဘောလဲ မသိဘူးနော်”
“မပြောတတ်တော့ပါဘူး”
သမုဒ္ဒရာသည် ငေးမောနေသည်။ သူ့စိတ်ထဲမှာ တစ်နိုင်ငံလုံးကို သွားကြည့်လိုက် ချင်စိတ်ပေါက်နေ၏။ လူတွေ ဘယ်လောက်တောင် ဒုက္ခရောက်နေကြပြီလဲ။ ကိုချစ်ဆွေ တစ်ယောက်ရော မည်သို့ ညဉ်းပမ်းခံနေရပြီလဲ။
ဧကရီသည် သူမမြင်ဖူးလိုက်သော ကိုချစ်ဆွေကို ပုံဖော်ကြည့်နေမိသည်။ သမုဒ္ဒရာ ပြောပြချက်အရ အသားညိုညို ပိန်ပိန်သေးသေး ဆိုတာလောက်ပဲ သိရသည်။ ဧကရီသည် ပိန်သေးသော ယောက်ျားများကို သဘောမကျတတ်။ ယခုမူ ပိန်ပိန်သေးသေးဆိုသော သူမမြင်ဖူသူတစ်ယောက်က သူ့ကို စိုးမိုးထားသည်။ သူ့မျက်လုံးများက မည်သို့ရှိလေသနည်း။ ပိရိသေသပ်သော နှတ်ခမ်းများကို ပိုင်ဆိုင်လေသလား။ ဆံပင်ကရော မည်သို့ပုံစံထားတတ်သနည်း လက်ချောင်းတို့ကကော သွယ်လျသလား။ သူ့အသံသည် စူးရှလေသလား ခပ်သြသြလား။
ကျော်စွာသည် သမုဒ္ဒရာတို့နားကို လျှောက်လာသည်။ ကျော်စွာက သမုဒ္ဒရာလို အိမ်တွင်းအောင်းမနေတော့ သူမှာ ပြောပြစရာများက တပုံတပင်ပါလာသည်။ သူသည် လမ်းတကာသွားပြီး လူတွေအကြောင်း စိတ်ဝင်တစားလေ့လာခဲ့သည်။ ဦးအောင်ဒင် အိမ်ကိုပင် ရောက်ခဲ့ပြီး ကိုချစ်ဆွေ အကြောင်းလည်း မေးမြန်းခဲ့သည်။ သူသိသမျှ သမုဒ္ဒရာကို ပြောပြချင်နေသည်။ ဧကရီက ကျော်စွာထိုင်ဖို့ ခွေးခြေတစ်ခု သွားယူပေးသည်။ သမုဒ္ဒရာသည် ကျော်စွာ့ကို မကြည့်ဘဲ ငွေစက္ကူများကိုသာ သေချာပြာကျအောင် ဂရုစိုက်နေသည်။
“မီးရှို့မနေနဲ့ ဟေ့ကောင် ဇကော်တွေ သစ်သားယောက်မတွေဝယ်လို့ရတယ်”
“ဘာကိုလဲ”
“တောကလူတွေ သနားဖို့ကောင်းတယ်ကွာ ပိုက်ဆံတွေ အခုလိုဖြစ်တာ မသိသေးတဲ့ လူတွေရှိတယ်။ မနေ့ညနေကက ဇကောတွေ ရောင်းတဲ့ လင်မယားနှစ်ယောက်ကို စနောက်ပြီး ငါးဆယ်တန် တစ်ရွက်သွားပေးကြတာ ဟိုက ဘာမှမသိဘဲ ပြန်အမ်းတယ်။ တချို့က တကယ်ယူတော့မလို့ ဦးလှမောင်က သနားလို့ ၀င်ပြောတာတော်သေးတယ်။ အဖိုးကြီးဆိုငိုလိုက်တာကွာ ဦးလှမောင်လည်း မတရား ၀ယ်ချင်တဲ့လူတွေကို ဆဲလိုက်တာ မိုးမွှန်သွားတာပဲ ငါ့မှာရယ်လည်း ရယ်ချင်တယ် တော်တော်လည်း ၀မ်းနည်းသွားတယ်ကွာ”
ကျော်စွာသည် ပြောရင်း ပြန်ဝမ်းနည်းလာသည်။ မသိနားမလည်သော တောသူတောင်သားများကို သနားခြင်းမက ဖြစ်မိသည်။ လှည့်စားဖို့ ကြံစည် သူများကိုလည်း ဒေါသထွက်နေသည်။ ရိုးအကြပါသည်ဆိုသော သူတို့အရပ်မှာတောင် ထိုသို့ဖြစ်နေလျင် တခြားမည်သည့်နေရာတွေမှာ မည်သို့မည်ပုံဖြစ်ပျက်နေကြပြီနည်း။ အမြဲတမ်းအေးချမ်းလာခဲ့သော သူတို့မြို့ကိုပင် စိတ်ကုန်လာသည်။ လောဘအကြောင်း လိမ်လည်ခြင်း အကြောင်းတွေဆိုတာ သူတို့ဒေသလို ပြည့်စုံဖူလုံသော နေရာမှာ သူမတွေ့စဖူးခဲ့။ အခုလူတွေ အားလုံး တရားပျက်နေကြပြီထင်သည်။
ကျော်စွာပြောပြသော အကြောင်းအရာများက စုံလင်သည်။ အိမ်ရောင်းလို့ ငွေတွေကို အကုန်လက်ခံပြီးမှ ရေဒီယိုက သတင်းကို ကြားရပြီး တရားမ၀င်ပိုက်ဆံများကို ပိုက်ကာ အိမ်က ဆင်းပေးလိုက်ရသော မိသားစု၊ တစ်သက်လုံး ဘဏ်မှာ စုဆောင်းထားသော ပိုက်ဆံများကို ထုတ်ပြီး သားရှင်ပြုဖို့ ကြံရွယ်ကာမှ အားလုံး ဆုံးရှုံသွားလို့ ရူးမတတ်ဖြစ်သွားသော မုဆိုးမ၊ ရွှေဈေးတက်မယ် သတင်းကြားလို့ ရှိသမျှပိုက်ဆံကို ရွှေတွေဝယ်လိုက်လို့ ငါးပြားမှ မဆုံးရှုံးလိုက်သော သူဌေးတစ်ဦးစသည်ဖြင့် စီးပွားပျက်သွားသောသူများ၊ ထူးထူးခြားခြား ကံကောင်းထောက်မသော သူများ အကြောင်းကို ကျော်စွာက ဖောက်သည်ချသည်။
“ဦးအောင်ဒင် အိမ်ကို ရောက်ခဲ့သေးတယ်ကွ၊ ကိုချစ်ဆွေ အကြောင်းသွားမေးတာ”
ကိုချစ်ဆွေဆိုသော အသံကိုကြားတော့ ဧကရီက ငြိမ်နားထောင်နေရာမှ လှုပ်ရှားလာသည်။
“ဘယ်မှာတဲ့လဲ ဘယ်မှာဖမ်းထားတာတဲ့လဲ”
“ဘယ်ခေါ်သွားမှန်းကို မေးလို့မရဘူးတဲ့ ဖမ်းသွားတဲ့လူတွေကလည်း ဒီကရဲတွေ မဟုတ်ဘူးတဲ့ ရန်ကုန်က စီမံကိန်းနဲ့ လွှတ်လိုက်တာလို့ ပြောတယ် ဒီကရဲတွေကိုတောင် ဘာလို့ဖမ်းပါတယ်ဆိုတာ အမှန်မပြောခဲ့လို့ အားလုံးက လူသတ်ပြီး ၀ရမ်းပြေးလာတာ မှတ်နေကြတာ။ ဒီကရဲအုပ် ကိုသောင်းဆွေကတောင် ဦးအောင်ဒင်ကို အပြစ်တင်တယ် တောင်းလည်းတောင်းပန်တယ် ဦးအောင်ဒင်သာ အစတည်းက သူတို့ကို ပွင့်ပွင့်လင်းလင်းပြောထားရင် သူတို့ကိုယ်တိုင် ဖုံးထားပေးမှာပေါ့တဲ့ အခုတော့ အားလုံး ယူကြုံးမရ ဖြစ်နေကြတယ်”
“ဒါဆို ရန်ကုန်ကိုပဲ ခေါ်သွားတာထင်တယ်နော် အဲလိုဖမ်းခေါ်သွားရင် ရိုက်နှက်တာတွေ သတ်ပစ်တာတွေရော ရှိလားကိုကို”
သမုဒ္ဒရာသည် နှမဖြစ်သူ၏ မျက်နှာကို သေချာကြည့်လိုက်မိသည်။
“ရှိရင် ရှိမှာပေါ့ သူ့မိန်းမလည်း သနားပါတယ် သားလေးတစ်ယောက်က သုံးတန်းပဲ ရှိသေးတာတဲ့”
ဧကရီ၏ မျက်နှာရဲကနဲ့ ဖြစ်သွားသည်။ သူ့စိတ်ထဲ ဖြစ်နေတာကို သမုဒ္ဒရာ ရိပ်မိနေသည်ကိုလည်း ရှက်သွားရသည်။ တစ်ရာတန်သုံးလေးရွက်ကို တပြိုင်တည်း မီးပုံထဲ ထိုးထည့်ပြီး “ဆင်းရဲတဲ့လူတွေဆို ပိုဒုက္ခရောက်မှာပဲ” ဟုပြောသည်။
ထိုစဉ်စက်လှေသမား ကိုလုံးကျော်ဝင်လာသည်။ အခုမှ ပင်လယ်မှ ပြန်ရောက်ကာစပုံ ပေါ်နေသည်။
“ဦးလေး မရှိဘူးလားဝေး”
“မရှိဘူး ကိုလုံး ဘုန်းကြီးကျောင်းသွားတယ်”
အခုတလော ဦးသော်တာ တစ်ယောက် အားအားရှိတိုင်း ဘုန်းကြီးကျောင်းကို သွားနေတတ်သည်။ ဘုရားတရား သံင်္ဃာ ရတနာသုံးပါး အရိပ်မှာနေရတာ အအေးချမ်းဆုံးဟုပြောသည်။ ခါတိုင်းလို တံငါဆိပ်သွားခြင်း ယက္ကန်းရုံကို ၀င်ပြီးစစ်ဆေးခြင်း တို့မလုပ်တော့။ ဥပုဿ်စောင့်သည်လည်း မဟုတ်ဘဲ ညနေစာကို မစားတော့။ ဒေါ်စန်းရီက သစ်သီးဖျော်ရည် တစ်ခုခုလုပ်ပေးရသည်။
“ငါလည်း အခုပဲ လှေဆိုက်လို့တန်းလာတာဟေး ဦးလေးကိုတော့ တောင်းပန်ရတော့မှာပဲ ကွယ်တို့ ငါ့မိန်းမက လှေဆိုက်တာနဲ့ ပြေးလာပြီး ငိုတာပဲ သူ့ပိုက်ဆံတွေသုံးမရဖြစ်သွားပြီ တို့တွေလည်း ဆင်းရဲပါပြီဆိုပြီးတော့။ မနည်းချော့မော့ထားခဲ့ရတယ်။ သမုဒ္ဒရာ မင်းအဖေပြန်လာရင် ပြောပေးပါကွာ ကိုလုံးဒီတစ်ခေါက် ယူသွားတဲ့ ပိုက်ဆံတွေကို နောက်တစ်ခေါက်မှ ပေါင်းပေးမယ်လို့ နော- မင်းတို့တွေရော ပါသွားတာ တော်တော်များလား။ များလည်း ဘာအရေးလဲကွာ တို့တွေမှာ ပင်လယ်ရှိနေသရွေ့ ရိုးမတော ရှိနေသရွေ့ ဘယ်တော့မှ ထမင်းမငတ်ဘူး”
ကိုလုံးသည် သူ့ဘာသာပြောချင်ရာ ပြောပြီး တဟားဟားရယ်သည်။ သမုဒ္ဒရာက ကိုလုံးကို အားကျလာသည်။ ငါးဖမ်းပြီးအကုသိုလ် အလုပ်လုပ်နေသော်လည်း ကိုလုံးမှာ တရားရှိသည်။ လောဘဇောထပြီး ပူဆွေးခြင်းမရှိ။ ခန္ဓာကိုယ် အာဟာရအတွက် ထမင်းနပ်မှန်ဖို့သာ အရေးကြီးသည်ဟု ကိုလုံးနားလည်သည်။ လူတိုင်းသာ ကိုလုံးလို သဘောတရား ရှိလျင် အခုလို ကိစ္စတွေ ဖြစ်လာစရာ အကြောင်းမရှိဟု သမုဒ္ဒရာတွေးသည်။
“စက်လှေ ပြင်ရမှာလားကိုလုံး မပြင်ရင် ကျွန်တော် ခဏယူသွားချင်တယ်”
“ဝေး ယူလေကွာ ငါးတွေလည်း ချပြီးပါပြီ ဘာလုပ်ဖို့တုန်း ဒါနဲ့”
“နီးနီးနားနား တစ်ပတ်လောက် စီးကြည့်ချင်လို့”
“အေး စီးကြစီးကြ သိပ်လည်း အဝေးကြီးတော့ မသွားနဲ့အုံး နေ၀င်သွားမယ်”
သမုဒ္ဒရာတို့သည် စက်ဘီးကိုယ်စီဆွဲပြီး ထွက်လာကြသည်။ ကိုလုံးကျော်ကိုပါ ကျော်စွာ့စက်ဘီနောက်မှာ တင်ခေါ်ခဲ့သည်။ လမ်းတလျှောက် ဆော့ကစားနေသော ကလေးများကို သမုဒ္ဒရာ ကြည့်မရဖြစ်နေသည်။ မိဘတွေမည်မျှပူပင်နေသည်ကို မသိတတ်ကြ။ ကိုလုံးကို သူ့အိမ်ရှေ့မှာ ချပေးပြီး လှေဆိပ်ကိုရောက်လာကြသည်။ ကိုလုံးတပည့်သန်းအောင်က သူလိုက်မောင်းပေးမည်ပြောသည်ကို သမုဒ္ဒရာက လက်မခံ။ စက်လှေကို သူ့ဘာသာ မောင်းချင်စိတ်ပြင်းပြနေလေသည်။
ခိုင်စိုးလင်း
( ဆက်ရန် )
Saturday, July 18, 2009
သမုဒ္ဒရာ အပိုင်း (၂)
သမုဒ္ဒရာသည် ယူကျုံးမရဖြစ်နေသည်။ ညက သူတို့သုံးဦး ကိုချစ်ဆွေ ပေးခဲ့သော အသိတရားနှင့် ခန်းနားသန့်ပြန့်သော သူ့အိပ်ခန်းထဲ လွတ်လပ်မှုအကြောင်းများ၊ လူ့အခွင့်အရေးအကြာင်းများကို တတ်သလောက် မှတ်သလောက် ဆွေးနွေးနေချိန်မှာ ကိုချစ်ဆွေကတော့ ပြေးမလွတ်ဘဲ အဖမ်းခံခဲ့ရသည်။ “နောက်နေ့မှတွေ့ကြတာပေါ့” ဟုပြောခဲ့သော ကိုချစ်ဆွေသည် နောက်နေ့ရောက်သည်ကိုပင် မစောင့်ခဲ့ရ။ အမှန်က လုံခြုံရေးအတွက် စိတ်မချရသော ဦးအောင်ဒင့် အိမ်မှာ ကိုချစ်ဆွေကို မထားခဲ့သင့်။ သူ့အိမ်မှာ ဖြစ်ဖြစ် စက်ရုံမှာဖြစ်ဖြစ် ဖွက်ထားခဲ့ဖို့ကောင်းသည်။ အခုတော့ အားလုံးနောက်ကျသွားလေပြီ။ နောက်တစ်ခုက ခြောက်လကျော် ခုနစ်လအထိ ဟိုမှသည် ကူးပြောင်း ရှောင်တိမ်းနိုင်ခဲ့သော ကိုချစ်ဆွေသည် သူတို့ဒေသရောက်ကာမှ အဖမ်းခံရသည်ကိုလည်း မချိတင်ကဲ ဖြစ်မိသည်။ လူတစ်ယောက်ကိုပင် ဖွက်မထားနိုင်ရအောင် သူတို့ဒေသက ကျဉ်းမြောင်းနေသလော။ သို့တည်းမဟုတ် သူတို့အရပ်မှာ နေထိုင်သော လူတို့၏ မသိနားမလည်ဘဲ မေးမြန်းသမျှကို မထိန်မ၀ှက်ဖြေတတ်သည့် ပရိယာယ် မကြွယ်မှုကြောင့်လော။ လူရွယ်တို့၏ ခေါင်းဆောင်ဟု သတ်မှတ်ထားခြင်းခံထားရသော သမုဒ္ဒရာ သူ့ကိုယ်သူ အပြစ် မကင်းသလို ခံစားလာရသည်။ အားလုံးသည် သူ၏ညံ့ဖျင်းမှုကြောင့်သာ ဖြစ်မည်။
နေ့လည်ဘက်သို့ ရောက်လာသည်။ တချို့နေရာများမှာ နောက်အပတ် ကထိန်အတွက် အကတိုက်သူများနှင့် စည်ကားလွန်းသည်။ ဘုန်းကြီးကျောင်းသို့ ရောက်နေသော မိန်းမပျိုများက သူတို့ တိတ်တခိုး ယောက်မတော်ချင်နေသော ဧကရီကို မျှော်နေကြသည်။ ချိန်းဆိုထားသော အချိန်အတော်လင့်သည့် အထိ ဧကရီပေါ်မလာတော့မှ သူတို့ဘာသာ သူတို့ ငွေစက္ကူခေါက်ကြသည်။ စီးပွားရေး ကောင်းသော ဒေသ ဖြစ်သည့်အလျောက် တစ်ရာကျပ်တန်များ၊ ငါးဆယ်ကျပ်တန်များက အထပ်လိုက်။ ရပ်ကွက်အလိုက် အပြိုင်အဆိုင် လှုထားသော ငွေစက္ကူများက ပန်းလိပ်ပြာလေးများ၊ ကြာပွင့်လေးများ ဖြစ်လာကြသည်။ သီလရှင်များက အုန်းလက်ကို ဓားနှင့်နွှာပြီး ပန်းစက္ကူကပ်နေကြသည်။ တချို့မိန်းကလေးများသည် နို့ဆီခွက်ထဲ သဲထည့်ပြီး သဲကိုမမြင်ရအောင် ပန်းစက္ကူနှင့် အလှဆင်ကြသည်။ မကြာမီ ခေါက်ထားသော ငွေစက္ကူပန်းများသည် နို့ဆီခွက်တို့ပေါ်မှာ ကြွားကြွားရွရွ ယိမ်းနွဲ့ကြတော့မည်။ သမုဒ္ဒရာ၏ ယက္ကန်းစက်ရုံမှ အလုပ်သမားခေါင်းဆောင် မခင်ကြည်က နေကြာပန်းပုံ အကြီးကြီး ခေါက်ပြီးလို့ အားလုံးဝိုင်းကြည့်နေကြစဉ်မှာ ကိုရင်တစ်ပါးက အမျိုးသမီးများရှိရာကို ပြေးဝင်လာသည်။
“ဒကာမ ဒေါ်ကြည် ဆရာတော် ခေါ်နေတယ်”
ကိုရင်၏ အရေးတကြီးအမူအယာကြောင့် မခင်ကြည်နှင့် အတူ သီလရှင် နှစ်ပါး နှင့် ၀ိုင်းဝိုင်းတို့ ကိုရင်နောက် လိုက်သွားကြသည်။ ဆရာတော်သည် ရေဒီယိုနားထောင်နေသည်။ သူတို့အရပ်၏ တစ်ပါးတည်းသော ကျောင်းထိုင်ဆရာတော်။ ပါဠိစာ၊ ကျမ်းဂန်များသာမက ပထ၀ီ၊ သမိုင်း၊ သဘာဝသိပ္ပံ နှင့် သင်္ချာ၊ အင်္ဂလိပ်စာတို့ကိုပါ သိနားလည်သော ဆရာတော်ကို တစ်နယ်လုံးလေးစားဆည်းကပ်ကြသည်။ တခြားဘုန်းကြီးကျောင်း မရှိသည့်အလျောက် များပြားလှသော ကိုရင်များ ဦးပဉ္ဖင်းများကို တစ်ပါးတည်း အုပ်ချုပ်သည်။ ဘုန်းကြီးကျောင်းသည် စာသင်တိုက် အမည်မခံသော်လည်း စာသင်တိုက် တစ်ခုပမာ ကြီးမားလှသည်။ ဆရာတော်ကိုယ်တိုင်က တက္ကသိုလ်မှ ဘွဲ့မရထားသော်လည်း ဦးပဉ္ဖင်း တော်တော်များများက BA, B Sc များဖြစ်သည်။ သို့သော် မည်သည့် ဦးပဉ္ဖင်းတစ်ပါးတစ်လေမှ ကျောင်းဆောင်ခွဲထွက်ဖို့ စိတ်မကူးကြ။ အားလုံး ဆရာတော်၏ ဦးစီးမှုအောက်မှာ ကိုရင်ငယ်များအား စာသင်ပေးရခြင်း တရားဓမ္မအားထုတ်ခြင်းတို့ဖြင့် မွေ့လျော်နေကြသည်။ ဒေသခံများကလည်း ဘုန်းကြီးကျောင်း တစ်ကျောင်းတည်း ရှိခြင်းကို သဘောကျသည်။ သူ့ကျောင်း၊ ကိုယ့်ကျောင်း စသည့် အငြင်းပွားစရာ ကိစ္စများ မပေါ်ပေါက်တော့။ လှူစရာ ရှိလျင် အပြိုင်အဆိုင်လှူတတ်ကြသည်။ ကျောင်းဝေယျာဝစ္စအတွက်သာ သူ့ထက်ငါ အလုအယက် လုပ်ပေးတတ်ကြသည်။ ကျောင်းမှာ ဆွမ်းဒကာဟု ဒေသအခေါ် ကပ္ပိယလေးယောက် ရှိသည်။ သံင်္ဃာတော်များကို အလှည့်ကျပြုစုကြသည်။
ကပ္ပိယ ဦးလှထော်က မခင်ကြည်တို့ကို ထန်းလျက် တစ်ပန်းကန်နှင့် နှမ်းယိုတစ်ပန်းကန် ချပေးဧည့်ခံသည်။ ဆရာတော်က ရေဒီယိုပိတ်လိုက်သည်။
“မခင်ကြည်”
“တင်ပါ“
“ဒကာမတို့ ဘာလုပ်နေကြတာလဲ”
“ပိုက်ဆံခေါက်နေပါတယ် ဘုရား”
“ဘယ်လောက်တန် အများဆုံးပါလဲကွဲ့”
“အကုန်များပါတယ် ဘုရား၊ တစ်ဆယ်တန်နဲ့ ငါးကျပ်တန်ကတော့ အများဆုံးပါပါတယ်။ ငါးဆယ်တန်တွေ တစ်ရာတန်တွေကလည်း မနှစ်ကထက် များပါတယ် ဘုရား”
“အေး ဟုတ်ပြီ၊ သင်္ကန်း၊ ပရိက္ခရာတွေရော ၀ယ်ပြီးကြပြီလား”
“တင်ပါ ၀ယ်ပြီးပါပြီဘုရား”
ဆရာတော်သည် မျက်နှာ တစ်ချက်ပျက်သွားသည်။ ၀ိုင်းဝိုင်းသည် ဆရာတော် ထိုသို့မေးသည်ကို သဘောမတွေ့ဖြစ်သွားရသည်။ ကထိန်အလှူမှာ ဘယ်လောက်တန် ပိုက်ဆံ အများဆုံးပါပါ ဆရာတော်ကြီး အနေနှင့် ယခုလို မမေးသင့်ဟု သူထင်သည်။ တစ်သက်လုံး ကြည်ညိုလာခဲ့သော ဆရာတော် အပေါ် ပထမဆုံး အကြိမ်သံသယစိတ် ၀င်မိသည်။ ငရဲကြီးမယ်ဟု ကိုယ့်ဘာသာ ပြန်သတိပေးသော်လည်း လူငယ်တို့သဘာဝ အတိုင်း စိတ်ထဲကတွေးမိသည်ကို ဖျောက်ဖျက်လို့မရ။ သူတို့ တလေးတစား ကိုးကွယ်လာသော ဆရာတော်ကြီးသည် ပိုက်ဆံမက်သူ တစ်ဦး ဖြစ်နေသလော။
“ငါးဆယ်တန်ရယ် တစ်ရာတန်ရယ်ကို ဖျက်သိမ်းလိုက်ပြီ ခုပဲ ရေဒီယိုက ကြေငြာတယ်”
မခင်ကြည်သည် ရုတ်တရက် မှင်သက်သွားသည်။ အတွေးလွန်နေသော ၀ိုင်းဝိုင်းက ဆရာတော်ပြောတာကို နားမလည်လိုက်။ ဘာဖျက်သိမ်းတာလဲ၊ ဘယ်လိုဖျက်သိမ်းတာလဲ။ သတိပြန်ဝင်လာသော မခင်ကြည်သည် ခြေလက်တို့ တုန်ပြီး မျက်ရည်ဝိုင်းလာသည်။
“ဒုက္ခတော့ ရောက်ပါပြီ အရှင်ဘုရား”
“ဟုတ်တယ် ဦးဘမောင်တို့၊ ဦးသော်တာတို့ လူကြီးတွေနဲ့ အစည်းအဝေးတော့ လုပ်မှဖြစ်မယ် ဆွမ်းတကာ အားလုံးကို ညနေကျောင်းလာဖို့ သွားဖိတ်ချည်။ ဟိုကလေး ဘယ်သူ ဦးသော်တာရဲ့သား၊ သူ့ကိုပါ ပါလာပစေ”
ဝိုင်းဝိုင်းသည် ခုထိ ဇာတ်ရည်မလည်နိုင်သေး။ ဆရာတော်၏ စကားများကို သဘောမပေါက်။
“ငိုနေလို့တော့ မပြီးဘူး မခင်ကြည် အခုအောက်မှာ ခေါက်နေကြတဲ့ ပိုက်ဆံတွေကို ယူလာခိုင်းလိုက်။ ကထိန်ကိစ္စကိုလည်း ဖျက်လိုက်ကြတော့ လူတွေအားလုံး ဒုက္ခရောက်နေတဲ့ အချိန်မှာ ဘုန်းကြီးကထိန်ရလို့လည်း အကျိုးမရှိပေဘူး။ အခုသုံးလို့ရသေးတဲ့ ပိုက်ဆံတွေကို တစ်နယ်လုံး ရှားပါးသူတွေကို မျှဝေပေးဖို့လုပ်ရမယ်”
“တင်ပါ”
ဝိုင်းဝိုင်းတစ်ယောက် ယခုမှ သဘောပေါက် နားလည်သွားသည်။ မခင်ကြည်နှင့်အတူ ဆရာတော်ကြီးကို ဦးချပြီးထွက်လာရင်း စုဗူးထဲမှာ တသေတသတ်ခေါက်ထားသော ငါးဆယ်တန်များကို မြင်ယောင်လာသည်။ မိခင်ထံမှ မုန့်ဖိုးရတိုင်း စုစုထားပြီး ငါးဆယ်တန် အသစ်လေးများနှင့် လှဲထားတတ်တာ သူ့အကျင့်။ အခု ငါးဆယ်တန်တွေ ဖျက်သိမ်းလိုက်ပြီဆိုတော့ သူစုထားသမျှ အဖိုးမတန်ဖြစ်လေပြီ။ သူက အရေးမကြီး သူ့လိုပင် တစ်ရာတန် အသစ်တို့ စုဆောင်းတတ်သော မိခင်သည်ကော။ ၀ိုင်းဝိုင်းထိတ်လန့်လာသည်။ အိမ်မှာ သုံးစရာငွေ မကျန်တော့မှာ ကြောက်ရွံ့လာသည်။ စောစောက ဆရာတော်ကို စိတ်ထဲမှ ပြစ်မှားမိသည်ကိုလည်း ခြောက်ခြားလာသည်။ သူ့ဘ၀က အဖတ်ဆယ်မရတော့ဟု ထင်လာသည်။ မပြောမဆို မခင်ကြည်ကိုထားပြီး တဟုန်ထိုးပြေးထွက်သွားတော့သည်။
မခင်ကြည်သည် ပိုက်ဆံခေါက်နေသူများကို ဘယ်လိုဘယ်ဝါ မရှင်းပြဘဲ ရှိသမျှပိုက်ဆံကို ဆရာတော်ကြီး ကြည့်ချင်သည် ဆိုသော အကြောင်းပဲ ပြောပြီး သယ်ခိုင်းသည်။ အသက်ကြီး ကာမှ အိမ်ထောင်ကျပြီး တစ်နှစ်မှ မပေါင်းလိုက်ရဘဲ လင်ယောက်ျားသေဆုံးသွားသဖြင့် နဂိုနေလာခဲ့သော အပျိုခေါင်းဆောင် အပျိုကြီး နေရာ ပြန်ရလာသော မခင်ကြည်သည် စိတ်ဓာတ်ကြံ့ခိုင်မှန်းတော့ လူတိုင်းသိသည်။ အားကိုးစရာ မရှိလို့ အိမ်ထောင်ပြုကာမှ လင်ယောက်ျားဆုံးတော့လည်း စိတ်ကစဉ့်ကလျားမဖြစ်။ သမုဒ္ဒရာတို့သည် ယက္ကန်းရုံမှာ အလုပ်ပြန်လုပ်ပြီး သူ့ဘ၀သူ ပြန်ကျောင်းသည်။ နောက်ထပ် အိမ်ထောင်ပြုဖို့လည်း စိတ်ကူးမရှိတော့။ တစ်ဝမ်းတစ်ခါး အတွက်သာ ကုန်ကျစရာ ရှိသည့်အတွက် သူစုထားသော ပိုက်ဆံအတော်ရနေပြီ ဖြစ်သည်။ မည်သူ့ကိုမှ ဖွင့်မပြောဘဲထားသော စိတ်ကူးတစ်ခုလည်း သူ့မှာ အခိုင်အမာရှိသည်။ ပိုက်ဆံပြည့်လျင် သမုဒ္ဒရာကို အကူအညီတောင်းပြီး ယက္ကန်းစင် အသေးတစ်ခု ထောင်ချင်နေသည်။ လတိုင်း ပိုက်ဆံထည့်ပြီး အားတိုင်း စိတ်ကူးတယဉ်ယဉ်နှင့် နေတတ်သောကြောင့် သူ့စုဗူးထဲမှာ အဘယ်မျှ စုဆောင်းလျက်ရှိသည်ကို သူ့ဘာသာ ပြန်ကြည့်စရာမလိုဘဲ မခင်ကြည်သိသည်။ ဤပုံအတိုင်းဆို သူ့စိတ်ကူးအကောင် အထည်ဖော်ဖို့ မဖြစ်နိုင်တော့။ ကျချင်နေပြန်သော မျက်ရည်ကို သုတ်ပစ်လိုက်သည်။ ဆရာတော်ကြီး ပြောသလို ငိုနေလို့ရော အကျိုးထူးမည်တဲ့လား။
ခိုင်စိုးလင်း
(ဆက်ရန်)
Tuesday, July 07, 2009
သမုဒ္ဒရာ
တကယ်တော့ သမုဒ္ဒရာ ဆိုတာ ၀တ္ထုနာမည်မဟုတ်ပါ။ လောလောဆယ် အမည်မပေးရသေး၍ ဤသို့ အမည်ပေးထားလိုက်သည်။
ထိုအရပ်မှာ စိတ်ကိုဖျားယောင်းတတ်သော စမ်းချောင်းအသွယ်သွယ်တို့ အပူအပင်မဲ့စွာ စီဆင်းကြသည်။ ပန်းတို့သည် ရာသီအလိုက် အဆုပ်လိုက် အခိုင်လိုက် ပွင့်ကြသည်။ တစ်ဖက်မှာ စိမ်းစိုမှုအတိပြီးသော တောင်တန်းက မားမားမတ်မတ်။ တစ်ဖက်မှာလည်း အပြောကျယ် ကြည်လင်လှသော ပင်လယ်ကြီးက အရှိန်ကောင်းလျှက် ။ မိန်းမပျိုအိုတို့က သစ်လွင်သော အ၀တ်အထည်တို့ဖြင့် လှပစွာရယ်မောကြသည်။ အရာရာ သစ်လွင်မှု လန်းဆန်းမှု တို့ဖြင့် ထုံပြွမ်းနေသည်။ အဟောင်းအနွမ်းဆိုတာ သူတို့မှာ ရှိပုံမရ။ ကြွေလွင့်သော သစ်ရွက်တို့သည်ပင် ဆန်းသစ်နေသယောင်။ ထိုအရပ်မှာ နေထိုင်သူတို့သည် ပွဲလမ်းသဘင်စသည်တို့ကို အထူးတလည် ကျင်းပခြင်း မရှိကြ။ သူတို့အတွက် နေထွက်သည်မှ နောက်တစ်နေ့နံနက် နေထွက်သည်အထိ ပျော်ပွဲ ရွှင်ပွဲဖြစ်သည်။ နေ့စဉ်နေ့တိုင်း ပွဲသဘင်ဖြစ်သည်။ နေ့စဉ်နေ့တိုင်း ပျော်ရွှင်မှု အတိပြီးသည်။ ရယ်သံများက အမြဲလတ်ဆတ် ချိုလွင်၏။ ကလေးသူငယ်များ သည်ပင် ငိုခဲကြသည်။ တစ်ညလုံးဖွင့်သော စားသောက်ဆိုင်တို့မှာ ခိုက်ရန်ဖြစ်ပွားခြင်း မရှိသလောက်။ လူငယ်ကာလသားများသည် အမြဲလိုလိုစည်းလုံးကြသည်။ တစ်ခုခုအတွက် တက်ညီလက်ညီလုပ်တတ်ကြသည်။ မည်သူတစ်ဦးတစ်ယောက် အသက်ကို ကယ်ဖို့မှဝန်မလေးကြ။ မည်သူတစ်ဦးတစ်ယောက် အတွက်မဆို အသက်ကို စွန့်ဖို့လည်း ၀န်မလေးကြ။ လူရွယ်တို့ကို ဦးဆောင်ဦးရွက်ပြုသူကား သမုဒ္ဒရာဖြစ်သည်။
အမြဲတမ်း နောက်ပြောင်ကျီစယ်နေတတ်သော သမုဒ္ဒရာတစ်ယောက် လူသူပတ်ဝန်းကျင် ကိုရှောင်နေတာ နှစ်ရက်နှင့် တစ်မွန်းတည့်ရှိပြီ။ မိုးလင်းသည်နှင့် တပြိုင်နက် မည်သူကိုမှ နှတ်မဆက်ဘဲ အိမ်မှ ထွက်သွားတတ်သည်။ ညနေစောင်းမှ ပြန်ရောက်လာ တတ်သည်။ တစ်နေ့လုံး ဘယ်ကိုသွားလို့ ဘာလုပ်နေသည်ကို မည်သူ တစ်ဦး တစ်ယောက်မှ မသိရ။ ညနေဖက်ဆို ခါတိုင်းလို ညဈေးတန်းတစ်လျှောက် ဆိုင်တကာလည် ပြီးသောက်စားခြင်းလဲ မရှိ။ အိမ်ကို ပြန်ရောက်သည်နှင့် စားစရာရှိတာ တစ်ယောက်တည်းစားပြီး အခန်းထဲဝင်သွားသည်။ ပထမ တစ်ရက်က သူ့ကိုမတွေ့ဘူး ဆိုတာကလွဲပြီး ထူးထူးခြားခြား သတိမထားမိကြ။ နှစ်ရက်ဆက်တိုက် ထိုနည်း လည်းကောင်း ဖြစ်လာတော့ အမြဲတမ်း တပူးတွဲတွဲနေတတ်သော ကျော်စွာက သတိပြုမိလာသည်။ နေ့ခင်းဘက် အလုပ်လုပ်နေကြသော အုပ်စုတွေကိုမေးသည်. သမုဒ္ဒရာ သူတို့ဆီမလာ။ အလုပ်မရှိ အကိုင်မရှိ တစ်နေကုန် သီဆိုပျော်ပါးနေသူတွေကို သွားကြည့်သည်။ ထိုနေရာမှာ သမုဒ္ဒရာ ရှိမနေ။ ညဘက်တော့ ပေါ်လာမှာပါဆိုပြီး ညဈေးတန်းထိပ်မှာ ထိုင်စောင့်သည်။ မိုးသာစင်စင်လင်းသွားသည်။ သမုဒ္ဒရာက ပေါ်မလာ။ အိမ်ကိုလိုက်သွားပြန်တော့လည်း တစ်ညလုံး အိမ်ထဲမှာ အောင်းနေပြီး မိုးလင်းလင်းချင်း ထွက်သွားသည်ဟု ပြောကြသည်။ ဘယ်ကိုထွက်သွားမှန်းတော့ တစ်ယောက်မှ မပြောနိုင်။ ကျော်စွာ စိတ်ရှုပ်လာသည်။
ကျော်စွာနှင့် သမုဒ္ဒရာဆိုတာ ကျောင်းမနေခင်တည်းက မိဘတွေမှတဆင့် တကယ့် ညီအစ်ကို အရင်း သွေးသားအသွင် ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ကျောင်းတက်တော့လည်း ကပ်ရက်ထိုင်ကြသည်။ အရွယ်ရောက်လာပြန်တော့ မိုးလင်းကနေ ညမိုးချုပ်ထိ။ တခါတလေ အာရုံတက်သည် အထိ အမြဲတစေ တတွဲတွဲ။ စိတ်ဝင်စားမှု ၀ါသနာ အားသန်ရာက အစ တစ်ယောက်နဲ့တစ်ယောက် တမင်လုပ်ထားလား အောက်မေ့ရအောင် တိုက်ဆိုင်တူညီနေတော့ အလုပ်ခွင်မှာလဲ နှစ်ယောက်မခွဲ။ အခုတော့ သူမပါဘဲ သမုဒ္ဒရာ ဘယ်ထွက်သွားသလဲ။ နှစ်ယောက်တူတူ သွားတတ်သော နေရာတွေကို လိုက်လိုက်ရှာရသည်။ ဘယ်မှာမှ မတွေ့။ သမုဒ္ဒရာသည် သွားမနေကျ နေရာ တစ်ခုကို ရောက်နေပြီ ဖြစ်ရမည်။
နေသည် အနောက်ဂေါယာသို ယွန်းလေပြီ။ အိပ်တန်းပြန်သော ငှက်အစုစုကို ပုစွန်ဆီရောင် မိုးကောင်းကင်မှာ တွေ့မြင်ရသည်။ ကောင်းကင်မှာ တိမ်တို့ မရှိသလောက်ပင်။ မကြာမီ တန်ဆောင်မုန်းလ၏ တောက်ပသော စန်းပုဏ္ဏမီ ထွက်ပေါ်လာပြီး ငွေရောင်ခြည်တို့ ပက်ဖျန်းတော့မည်။ လပြည့်ဖို့ ဘယ်လောက်မှ မလိုတော့။ ကလေးသူငယ်များပင် မီးရှူးမီးပန်း ဗြောက်အိုးတို့ဖြင့် တန်ဆောင်မုန်းပွဲတော်ကို ကြိုလင့်နေပြီ။ သမုဒ္ဒရာသည် အိမ်ပြန်လမ်းကို စိတ်မပါ လက်မပါ လျှောက်လာသည်။ သူ့စိတ်တွေက တစ်ခုခုနှင့်ဖိထားသလို လေးလံလှသည်။ စိတ်ပျော်ရွှင်စရာတွေကို ဘယ်လိုလှည့်ပတ်တွေးတွေး သူပျော်မလာခဲ့။ စိတ်ပူပင်စရာ မရှိပါဘူးလို့ ဖြေတွေးပေမဲ့ စိတ်ကပူပင်လာသည်။ ညနေတိုင်း သွားရောက်ပျော်ပါးနေကျ ကပွဲရုံ စားသောက်ဆိုင်တို့ကို မသွားချင်။ သူငယ်ချင်းများနှင့် ၀ိုင်းဖွဲ့ သီဆိုခြင်းလဲ မလုပ်ချင်တော့။ သူ့ဘ၀တစ်လျှောက်လုံး အပူအပင်မဲ့စွာ နေလာတာကို သတိရသည်။ သူသည် လွတ်လပ်မှုကို ဘ၀မှာ တန်ဖိုးအထားဆုံး။ ပျော်ရွှင်မှုကို အတပ်မက်ဆုံး။ လူရွယ်တွေကို နောက်ပြောင်ကျီစယ်ပြီး ခင်မင်ရင်းနှီးရတာကို အနှစ်သက်ဆုံး။
သမုဒ္ဒရာ၏ ဖခင်သည် မည်သည့်အရာကိုမှ အကြောက်အလန့် မရှိအောင် သင်ပေးခဲ့သည်။ အရာရာပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲသော စွမ်းရည်ကို ဖခင်ဆီမှ သူရရှိခဲ့သည်။ အမှန်တရား အတွက် ဘာမဆိုလုပ်ရဲသော သတ္တိကို ဖခင်က သူ့သွေးသားထဲ စီးဆင်းစေခဲ့သည်။ အမှန်တရားကို မြင်တတ်အောင်လည်း လမ်းပြပေးခဲ့သည်။ မိခင်ကတော့ အမြဲတစေ ရွှတ်နောက်တတ်သော ဗီဇနှင့်သူ့ကို မွေးဖွားခဲ့သည်။ ပွင့်လင်းခြင်း ရင်းနှီးခြင်း သူတပါးကို ပျော်စေအောင်လုပ်ခြင်းဖြင့် အရာရာကို အနိုင်ယူတတ်အောင် သင်ပေးခဲ့သည်။ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်လှသော သမုဒ္ဒရာကို လူရွယ်များသာမက လူကြီးများကပါ အထင်ကြီးကြသည်။ အရွယ်မရောက်သေးသော ကလေးသူငယ်များက အားကျကြသည်။ အပေါင်းအသင်းများက ချစ်ခင်ကြသည်။ တစ်နယ်လုံးမှာ ၀ိုင်းဝန်းလုပ်ဆောင်ရသော ကိစ္စမှန်သမျှ သမုဒ္ဒရာ ဦးဆောင်သော လူရွယ်များ၏ လက်ခြေချည်း။ သူ့မိဘသည် သူ့အတွက် အမြဲ ဂုဏ်ယူရသည်။ သူ၏တစ်ဦးတည်းသော နှမသည် သူ့ကြောင့် မျက်နှာပိုပွင့်သည်။ လူပျိုတို့၏ တန်ဖိုးထား နှစ်သက်မှုကိုခံရသည်။
မိမိအိမ်ဝင်းတံခါးရှေ့သို့ သမုဒ္ဒရာရောက်လာသည်။ မှောင်ရီပျိုးစပြုပြီ။ ခြံထဲမှာ ညမွှေးပန်းတို့က မွှေးကြိုင်သင်းအီသော ရနံ့တို့ကို လွှင့်စပြုနေပြီ။ သူ့နှမ ဧကရီသည် ခြံထဲမှ ခုံတန်းမှာရှိနေသေးသည်။ ဇီဇ၀ါ ပန်းရုံကွယ်ထားသောကြောင့် ဧကရီကို တ၀က်တပျက်သာ မြင်ရသည်။ ပွင့်အာခါစ ဇီဇ၀ါပန်းတို့ နှင့်အလှပြိုင်နေသော ဧကရီ။ အမြဲတမ်း လန်းဆန်းတက်ကြွနေတတ်သော သူ့နှမ။ အစ်ကိုဖြစ်သူနှင့် သူငယ်ချင်းလို ပွင့်လင်းသော မိန်းမပျို။ တခါတလေ အစ်ကို ကို သူ့ထက်အငယ် ကလေး တစ်ယောက်လို ဆက်ဆံတတ်သော အမျိုးသမီး။ တခါတခါကျတော့လဲ အစ်ကိုဖြစ်သူ အပေါ် ဆိုးနွဲ့ ဂျီကျ တတ်သော မိန်းကလေး။ သူတို့မောင်နှမက တော်ရုံတန်ရုံ ညီအစ်မထက် တပူးကပ်ကပ် ရှိတတ်သည်။ သမုဒ္ဒရာက သူ့နှမကို အရွယ်ရောက်ပြီသော ဘာသော နားမလည်။ သူတို့ယောက်ျားလေးများ၏ အမူအကျင့် ဓလေ့စရိုက် စိတ်နေသဘောထား တို့ကို အကုန်ပြောပြသည်။ ဧကရီကလဲ သူ့အကိုကို ဓမ္မတာ လာသော ကိစ္စပင်မချန် ပွင့်လင်းစွာပြောတတ်သည်။ အသက်နှစ်ဆယ် အရွယ်အထိ သမုဒ္ဒရာ တစ်ယောက် မိန်းကလေး တစ်ယောက်ကိုသော်မှ မချစ်ကြိုက်မိတာ ဧကရီ့ပယောဂ အများကြီး ပါသည်။ ဘယ်လိုစကားပြောတာက ဘယ်လိုပရိယာယ်၊ ဘယ်လိုမျက်လုံး အကြည့်က ဘယ်လိုမာယာ စသည် ဖြင့် မိန်းမတို့၏ သဘော အကုန်စင်သိနေမှတော့ ဘယ်သူ့ကိုမှ သံသယကင်းကင်း ချစ်ကြည့်လို့မရတော့။ ဧကရီသည်လည်း ထိုနည်းလည်းကောင်း။ မည်သည့်ယောက်ျားလေး ကမှ ဧကရီကို စိတ်ညွတ်အောင် မလုပ်နိုင်သေး။ နောက်ပြီး အစ်ကို ကို အထင်ကြီးလွန်းသူဖြစ်သည့် အလျှောက် ယောက်ျားတိုင်းကို သမုဒ္ဒရာနှင့် နှိုင်းယှဉ်ပြီး အထင်ကြီးလို့မရ။
သမုဒ္ဒရာက နှမဖြစ်သူကို ခါတိုင်းလို ကျီစယ်ချင်စိတ်မရှိ၍ အိမ်ပေါ်တန်းတက်မည် ပြုသည်။
“ကိုကို ဒီမှာ ကိုကျော်စွာစောင့်နေတာကြာပြီ”
သမုဒ္ဒရာသည် ကျော်စွာကိုပင် သတိမထားမိခဲ့။ ကျော်စွာက ဧကရီနှင့်တွဲထိုင်နေသည်။ သမုဒ္ဒရာပြန်လှည့်လာတော့ ကျော်စွာ့မျက်နှာ မသာမယာကိုတွေ့ရသည်။
“ဘယ်သွားနေတာလဲကွာ အလုပ်ထဲမှာလည်း မရှိဘူး၊ သွားတတ်တဲ့နေရာတွေလည်း ကုန်ပြီ”
သမုဒ္ဒရာက ကျော်စွာ့အမေးကိုပြန်မဖြေ။ ပြုံးပဲပြုံးပြီး နှစ်ယောက်စာ ခုံတန်းမှာ ကပ်ကပ်သတ်သတ် ၀င်ထိုင်သည်။ ကျော်စွာနှင့် ဧကရီကို လက်တစ်ဖက်စီနှင့် သိုင်းဖက် လိုက်သည်။ သမုဒ္ဒရာ မျက်နှာမှ အပြုံးသည် ပျောက်ကွယ်လေပြီ။
“ငါ မင်းတို့နှစ်ယောက်ကို ပြောစရာရှိတယ်”
ကျော်စွာနှင့်ဧကရီက သမုဒ္ဒရာ ဘာပြောမည်ကို စိတ်ဝင်တစားနားစွင့် နေကြသော်လည်း သမုဒ္ဒရာ နှတ်မှ မည်သည့်စကားမှထွက်မလာတော့။ ကြံခိုင်သော သူ့မေးရိုးများသာ ငေါထွက်လာကြသည်။ အစ်ကိုဖြစ်သူကို မျက်တောင်မျှမခတ် စိုက်ကြည့်နေသော ဧကရီ စိတ်ပူစပြုလာသည်။ သူ့အစ်ကို တစ်ခုခုဖြစ်နေမှန်းတော့ စတည်းကရိပ်မိခဲ့သည်။ ကျော်စွာလာရှာတော့ တစ်ခုခုဆိုတာ သေချာသွားသည်။ အဘယ်တစ်ခုခုမှန်းတော့ သူခန့်မှန်းမရခဲ့။ သို့သော် ယခုလို စိတ်ပူပန်ခြင်း အလျှင်းမရှိခဲ့။ စိတ်ဝင်စားစရာ သို့မဟုတ် တစ်စုံတစ်ယောက်ကို လျှို့ဝှက်ကူညီစရာ တစ်ခုခုလို့သာ ထင်မှတ်ခဲ့သည်။ ယခုလို သမုဒ္ဒရာမျက်လုံးများက ဒေါသအရောင် တရိပ်ရိပ်တောက်နေသည်ကို မြင်တော့ ဧကရီထိတ်လန့်ရပြီ။ တော်ရုံတန်ရုံ သမုဒ္ဒရာ ဒေါသဖြစ်သည်ကို တွေ့ရခဲပါဘိ။ သမုဒ္ဒရာမှာ ချစ်သူခင်သူသာ ပေါများသည်.။ ရန်ဆိုသည်မှာ သမုဒ္ဒရာအတွက် မရှိဖူးခဲ့။
“ကိုကိုဘာဖြစ်လာတာလဲ”
သမုဒ္ဒရာက ပြန်မဖြေ။ အတန်ကြာ အံကြိတ်ပြီး မလှုပ်မယှက်။ ခဏအတွင်းမှာ ပြည့်ခါနီးလက ကောင်းကင်ကို အခမ်းနားဆုံး အလှဆင်လိုက်သည်။ ကြယ်တာယာ တို့ကလည်း လမင်းနှင့် အပြိုင်ပြိုးပြိုးပြက်ပြက်။ ကောင်းကင်တစ်ခုလုံး လှပဲလှနိုင်လွန်သည်။ သမုဒ္ဒရာတို့ သုံးယောက်သည် ကောင်းကင်ကို မော့ကြည့် နေသော်လည်း မြင်ကြသယောင်မရှိကြ။ တစ်ခြံလုံးမှာ ပွင့်ကာစ ပန်းအစုစုတို့၏ ချိုအီသော ရနံ့သည် သူတို့နှာဖျားမှ တဆင့် တစ်ကိုယ်လုံးကို ပြန့်စီးနေသော်လည်း အမွှေးဓတ်ကို ခံစားဖို့သတိမရကြ။ လမ်းမပေါ်မှာ ဆူညံပွက်လောရိုက်နေကြသော ကလေးသူငယ်များ၏ ရယ်သံ၊ မီးရှုးမီးပန်းဖောက်သံ၊ ဗြောက်အိုးသံများက သူတို့နားထဲ ၀င်ရောက်နိုင်စွမ်း မရှိကြ။ ကျော်စွာနှင့် ဧကရီတို့က သမုဒ္ဒရာ နှတ်ဖျားမှ ထွက်လာမည့် အရေးကြီးပုံရသော ကိစ္စကိုပဲ စိတ်ဝင်စားနေကြသည်။ သမုဒ္ဒရာကလည်း အဘယ်ပုံ အစပျိုးရမည်မသိဖြစ်နေသည်။ သူ့စိတ်တို့ပိုရှုပ်ထွေးလာ၏။
မပြောဘဲထားလိုက်တော့မည်ဟု အကြိမ်ကြိမ် စဉ်းစားသည်။ ပြောမှဖြစ်မည်ဟုလည်း အကြိမ်ကြိမ်ဆုံးဖြတ်ပြန်သည်။ ဆိုးဝါးသော အခြေအနေဖြစ်မလာသေးမီ သူ့လိုကြိုသိပြီး စိတ်ဆင်းရဲ သွားကြမှာကိုလည်း သမုဒ္ဒရာမလိုလား။ ဘာမှမသိဘဲ ဘုန်းဘောလအော နေနေကြမှာ ကိုလည်းမလိုလားပြန်။ သူ့သူငယ်ချင်းနှင့် နှမဖြစ်သူကို သမုဒ္ဒရာ တလှည့်စီကြည့်နေသည်။ နှစ်ယောက်လုံးသိလိုစိတ်နှင့် တောက်ပနေကြသည်။ သမုဒ္ဒရာ သက်ပြင်းကို အရှည်ကြီး ချလိုက်သည်။
“တို့နိုင်ငံ အခြေအနေမကောင်းဘူး”
ကျော်စွာနှင့်ဧကရီသည် နိုင်ငံရေးကို စိတ်ဝင်စားသူများမဟုတ်ကြ။ အရာရာပြည့်စုံပြီး ပျော်ပျော်နေရသော ဘ၀မှာ စိတ်ဝင်စားစရာလည်း မလိုခဲ့ကြ။ သူတို့ဒေသမှာ စီးပွားရေးက အစပူပန်စရာမလို။ ပင်လယ်ပြင်ကြီးကို အမှီသဟဲပြု လုပ်စားမလား၊ ရိုးမတောင်ကို အရင်းအနှီးပြု လုပ်စားမလား၊ ယက္ကန်းစင်တွေပဲ ထောင်စားအုံးမလား၊ သဘာဝ အရင်းအမြစ်သည် သူတို့ နေထိုင်ရာ ဒေသတစ်ဝိုက်ကို အစွမ်းကုန် မျက်နှာသာ ပေးထားလေ၏။ သမုဒ္ဒရာနှင့် ကျော်စွာသည် တက္ကသိုလ်မှ စိုက်ပျိုးရေးဘွဲ့ ရထားသော်လည်း သူတို့ ၀ါသနာပါရာ ယက္ကန်းစင်တွေကိုပဲ ဦးစီးလုပ်ကြသည်။ ထဘီ၊ ပုဝါ၊ ပုဆိုး တို့ကို သူများထက်သာအောင် ဒီဇိုင်း အဆင်ဆန်းကိုယ်တိုင်ဆွဲပြီး ရက်လုပ်ကြသည်။ မိဘတွေ လက်ထက်တည်းက စပ်တူလုပ်ကိုင်ခဲ့သော ရက္ကန်းစက်ရုံက သူတို့နှစ်ယောက်ကြောင့် သုံးဆလောက် ကျယ်ပြန့်လာခဲ့သည်။ အရင်းအနှီး နည်းပါးသူတို့က သမုဒ္ဒရာတို့ဆီမှာ အခစားလုပ်ကြသည်။ သူတို့သည် ဒေသတစ်ဝိုက်မှ မရှိရှားပါးသူများ၏ စားဝတ်နေရေး အတွက် မှီခိုစရာ။ နည်းပညာ ဗဟုသုတ နည်းပါးသူများ၏ အားကိုး အကြံတောင်းစရာ။ အမြဲတစေ အလုပ်ကိစ္စ အပျော်အပါးကိစ္စနှင့် သူတို့မှာ အချိန်က လောက်ငှသည် မရှိ။ နိုင်ငံရေး အခြေအနေ ဆိုတာ သူတို့နှင့်မဆိုင်။ နိုင်ငံကို အုပ်ချုပ်သူများနှင့်သာ ဆိုင်သော အရာမဟုတ်ပါလား။
သမုဒ္ဒရာ မပြောခင်က သိလိုစိတ်ပြင်းပြခဲ့သော အကြောင်းအရာကို သမုဒ္ဒရာ ပြောလိုက်သည့် အခါမှာတော့ ကျော်စွာရော ဧကရီပါ လုံးလုံး စိတ်မ၀င်စားကြတော့။ သို့သော် အသွင်မတူသော သိလိုစိတ်တစ်မျိုးက သူတို့နှစ်ယောက်ကို စိုးမိုးလာပြန်သည်။ သူတို့၏ သမုဒ္ဒရာသည် အဘယ်ကြောင့် ထိုအရေးမပါသော ကိစ္စကို အရေးလုပ်နေသနည်း။ အလုပ်ကိုတောင် လျစ်လျှူရှုရအောင်၊ သူငယ်ချင်းနှင့် နှမကိုတောင် ပစ်ထားခဲ့ရအောင် မည်သို့သော အရာက သူ့ကို ဆွဲဆောင် သိမ်းသွင်းပြီး နိုင်ငံရေ အခြေအနေ စသည်တို့ကို စိတ်ရောက်အောင် လုပ်လိုက်သနည်း။ သမုဒ္ဒရာ သည် တော်ရုံစိတ်ယိုင်တတ်သူမဟုတ်။ အားနာတတ် ပျော်ပျော်နေတတ် သော်လည်း စိတ်ဓတ်ကြံ့ခိုင်သည်။
“မင်းတစ်ယောက်ယောက်နဲ့ တွေ့လာတယ် မလား”
“ဟုတ်တယ် ဦးအောင်ဒင်တို့ အိမ်မှာ ဒေါ်သီ့တူရောက်နေတယ်”
“ဘယ်ကလဲ ဘာလာလုပ်တာလဲ”
“ရန်ကုန်က ထွက်ပြေးလာတာ”
“အန် ဘာလို့ထွက်ပြေးလာတာတဲ့လဲ”
“အဲဒီလူက ဘဏ်မှာလုပ်တာ အစိုးရငွေကြေးတွက်ချက်ရတယ် ပြောတယ် နိုင်ငံမှာရှိတဲ့ လည်ပတ်နေတဲ့ ၀င်ငွေ ထွက်ငွေ အခွန်ကိစ္စတွေ နိုင်ငံခြားဝင်ငွေ စတာတွေ သူမသိတာ မရှိဘူး။ အခု စာရင်းတွေ မကိုက်လို့ဆိုလား။ ငွေစက္ကူတွေကို အသစ်ထုတ်တာမှာ ထုတ်သင့်တာထက် ပိုထုတ်လို့ ဆိုလားမသိဘူး သူသဘောမတွေ့လို့ အလုပ်ထွက်တာကို ပေးမထွက်ဘူးတဲ့ အဲဒါအပြင် လိုက်ဖမ်းလို့ ထွက်ပြေးလာတာ”
“ဘာလဲ ထုတ်သင့်တာထက်ပိုထုတ်တယ်ဆိုတာ နားမလည်ဘူး”
“ဟာငွေကြေးဆိုတာကွာ အစိုးရက ထုတ်ချင်တိုင်း ထုတ်လို့ရတာမဟုတ်ဘူး နိုင်ငံရဲ့ပိုင်ဆိုင်မှုတွေနဲ့ ကိုက်ပြီးပဲထုတ်ရတယ် ဒါမှမဟုတ် ပိုက်ဆံတွေဟောင်းသွားရင် အဲဒီအဟောင်းတွေကို ဖျက်စီးပြီး အဲဒီဟောင်းသွားတဲ့ ပမာဏနဲ့ အညီပဲ အသစ်ထုတ်ရတယ်လေ။ အဲဒါမှ ငွေကြေးဖောင်းပွတာဘာညာမဖြစ်မှာ။ အခုက ထုတ်ချင်သလို ထုတ်နေတာတဲ့ ”
“အဲလိုလုပ်လို့မှ မရတာ ကမ္ဘာ့ဘဏ်ကလဲ အရေးယူမှာပေါ့”
“အေး ဟုတ်တယ် သဘောတရားအရ မရဘူး၊ ဒါပေမဲ့ အဲလိုကိုလုပ်နေတာ အခု”
“ဘာလို့အဲလိုလုပ်ရတာလဲကိုကို”
“အဲဒါတော့ ကိုကိုလဲ ဉာဏ်မမှီဘူး။ ဖြစ်နိုင်ခြေ ရှိတာကတော့ ဒီနိုင်ငံကထွက်တဲ့ သဘာဝ သယံဇာတတွေ ရောင်းရတဲ့ နိုင်ငံခြားဝင်ငွေတွေက နိုင်ငံအတွက် ပြည်သူတွေ အတွက်မဖြစ်ဘဲ သူတို့အတွက် ဖြစ်သွားတဲ့ သဘောရှိတယ်။ ဘယ်လိုပဲပြောပြော ဒါမကောင်းတဲ့ နိမိတ်လက္ခဏာဆိုတာတော့ သေချာတယ်”
“သြော် သူတို့ယူထားရင်လည်း ဖြစ်လာတဲ့ ပြသနာ သူတို့ရှင်းရမှာပေါ့ ဘာစိတ်ပူစရာ ရှိလို့လဲ”
“စကားပြောတာ ဆင်ခြင်စမ်း ဧကရီ”
သမုဒ္ဒရာ၏ ဒေါသသည် နှမဖြစ်သူအပေါ် ပြောင်းလဲသွားသည်။ လက်လွတ်စပယ်ပြော ရက်သည်။ မဆင်မခြင် မစဉ်းမစားပြောထွက်သည်။ သမုဒ္ဒရာ ဟောက်လိုက်တော့ ဧကရီငြိမ်ကုပ် သွားသည်။
“သူ့ပြသနာကို ကိုယ့်ပြသနာ လုပ်လိုက်မှာပဲ စိတ်ပူတာ။ လူတွေအကုန် ဒုက္ခရောက်ကုန်မှာ။ အခုတောင် ဘယ်သူတွေ ဘယ်လောက် ဒုက္ခဆင်းရဲ ခံနေပြီလဲ မသိ။ ငါတို့ကသာ မပူမပင် မကြောင့်မကြနေနေရတာ။ ကိုချစ်ဆွေပြောတာ တစ်နိုင်ငံလုံးမှာ ဆင်းရဲတဲ့လူအရေ အတွက်က အရမ်းများနေပြီတဲ့ ကိုကိုတို့ကသာ ဘာမှမသိတာ”
“ဒီနိုင်ငံမှာ ဒီလောက် သယံဇာတတွေပေါတာ ရာသီဥတုကလဲ ဒီလောက်တောင် ကောင်းတာ သိပ်လဲ စိတ်မပူပါနဲ့ ကိုကိုရယ်၊ ဘာမှ အရမ်းကြီး မဖြစ်လောက်ပါဘူး”
“ထမင်းငတ်မသေပါဘူးကွာ ဒီနိုင်ငံမှာ ထမင်းငတ်သေတဲ့ မသာမရှိသေးပါဘူး”
“ဆန်ပြသနာဖြစ်တုန်းက လူနင်းလို့သေတာတွေ ပစ်သတ်ခံရလို့သေတာတွေ ကြားလိုက်တယ်မလား အဲဒါ ထမင်းငတ်လို့သေတာပေါ့ကွ။ ငါတို့တွေကသာ ဘာမှမသိဘူးဖြစ်နေတယ်။ ဒီနေရာလေး တစ်ဝိုက်မှာ သာယာနေတာနဲ့ပဲ ငါတို့ပျော်နေကြတယ် ငါအခုမပျော်တော့ဘူး။ ငါကောင်းစားနေရင်ပြီးရော ငါတို့ဒေသမှာ ဖူလုံနေရင် ပြီးရောဆိုတဲ့ စိတ်မထားနိုင်တော့ဘူး။ တစ်ခုခုတော့လုပ်ရမယ်၊ ဒီလိုနေရတာ ငါရှက်လာတယ်”
သမုဒ္ဒရာသည် ပေါက်ကွဲအော်ဟစ်နေသည်။ သူ၏အချစ်ဆုံး သူငယ်ချင်းနှင့် သူ၏ တစ်ဦးတည်းသော နှမကို ပေါ့တန်လွန်းသည် ဟုမြင်လာသည်။ သူကိုယ်တိုင် ပေါ့ပေါ့တန်တန် နေခဲ့တာကိုလည်း ဒေါသဖြစ်လာသည်။ လူတကာက တော်လိုက်တဲ့ လူရွယ်၊ ကြိုးစားတဲ့ လိမ္မာတဲ့ သူငယ်စသည်ဖြင့် ချီးမွန်းကြတာကို သာယာပြီးနေလာခဲ့တာ ကို ရှက်စိတ်ဝင်လာသည်။ သူသည် မိမိဒေသတ၀ိုက်ကိုသာ ကြည့်နေလာခဲ့သည်ကော။ သူတို့နှင့် အလှမ်းကွာသောနေရာတွေမှာ လူတွေ မည်သလို့မည်ပုံစခန်းသွားနေကြသနည်း။ ကိုချစ်ဆွေနှင့် မတွေ့ခင်အထိ သူများတွေ အကြောင်းဆိုသည်မှာ သူ့အတွက် စွန့်စားခန်းပုံပြင်သာဖြစ်ခဲ့သည်။ ဖခင်၏ သူငယ်ချင်း ဖြစ်သူတစ်ယောက် ရဲအရာရှိ အလုပ်နှင့် မိသားစုကို စွန့်ပြီး တောခိုသွားသည် ဆိုတာ ကြားတုန်းကလည်း စိတ်ဝင်စားစရာ ၀တ္ထုဇတ်လမ်းတစ်ပုဒ်လို နားထောင်တတ်ခဲ့သည်။ အပြင်မှာ တကယ်ဖြစ်ခြင်းမဟုတ်သလို သူ့စိတ်ကယူဆခဲ့သည်။ အမှန်က သမုဒ္ဒရာ သည် စွန့်လွှတ် စွန့်စားသူတို့ကို ကိုယ်တိုင် မမြင်တွေ့ဖူးခဲ့။ ကိုချစ်ဆွေက သူ့ကို ပုံပြင်ထဲမှ ထွက်ပြီး ကိုယ်ထင်ပြလိုက်လေသည်။ ကိုယ်နဲ့ မသက်ဆိုင်သလို အသာမျှောနေလို့ ရပါလျက် မိသားစုကို ပစ်ပြီး ကိုချစ်ဆွေ ထွက်ပြေးလာခဲ့သည်။ အမှန်ကို သိနေလျက် အမှားထဲမှာ ကိုချစ်ဆွေ မပျော်မွေ့ခဲ့။ အမှန်တရား အတွက် စွန့်စားခဲ့သည်။ သမုဒ္ဒရာ သည် သူ့လောက် အမှန်တရားကို မြတ်နိုးမည့်သူမရှိဟု ထင်ခဲ့ဖူးသည်။ အမှန်တရား အတွက် မည်သည်ကိုမဆို စွန့်ရဲသည်ဟု ကြွေးကြော် ဖူးသည်။ သို့သော် သူသိနားလည်သော အမှန်တရားက ဘောင်ကျဉ်းလွန်းနေသည်။ ဤနေရာ ဤအကွက်လေး တစ်ခုအတွက် အမှန်တရားသည် ထိုထက်မက ကျယ်ပြောသော နေရာများအတွက်ကော ဆက်လက်မှန်နေပါ၏လော။ သူ့အတွက် စဉ်းစားစရာဖြစ်လာခဲ့သည်။
ဇီဇ၀ါပန်းတို့သည် မွှေးချင်တိုင်းမွှေးနေကြသည်။ သူတို့သုံးယောက်သည် တိတ်ဆိတ်စွာ ထိုင်နေကြသည်။ အေးမြသထက် အေးစိမ့်လာသော ဆောင်းလေကို သတိမထားမိကြ။ အ၀တ်မဖုန်းထားသော နေရာအနှံ့ကို တစစ်စစ်ကိုက်နေသော မှက်ခြင်တို့ကို အရေးမလုပ်မိကြ။ ဆာလောင်နေသော ၀မ်းဗိုက်တို့ကို လစ်လျှုရှုထားကြလေသည်။
ထိုညကကျော်စွာ အိမ်မပြန်ဖြစ်။ ထမင်းကိုစားသည်ဆိုရုံစားပြီး သုံးယောက်သား သမုဒ္ဒရာ အခန်းထဲမှာ တစ်ညလုံးခေါင်းချင်းဆိုင် ဆွေးနွေးကြသည်။ ပုံပြင်သဖွယ် ခံစားဖူးသော အရာအားလုံး အသက်ဝင်လာသည်။ သူတို့နဲ့ မဆိုင်သလို နေခဲ့သော ကိစ္စများအတွက် ပူပန်ရကောင်းမှန်း သိလာသည်။ အများအကျိုးအတွက် ဆောင်ရွက်တယ်ဆိုတာ သူတို့နယ်တစ်ဝိုက် ရှိရှိသမျှ အလှူအတွက် အပင်ပန်းခံလုပ်ပေးကြရုံ၊ ဘုန်းကြီးကျောင်း အသစ်ကို ဦးစီးပြီးဆေက်ရုံ၊ အခါကြီးရက်ကြီးတွေမှာ သက်ကြီး ပူဇော်ပွဲတွေ လုပ်ရုံသက်ကသက် မဟုတ်ဘူးဆိုတာ မြင်လာသည်။ သမုဒ္ဒရာသည် သူ့ကိုယ်သူ လေးစားစိတ်မရှိတော့။ ရှက်ရွံ့သိမ်ငယ်လာသည်။ အောင်မြင်နေသော သူ့ရက္ကန်း စက်ရုံကို မုန်းတီးစိတ်ဝင်လာသည်။ သူက အမျိုးကောင်းသမီးများ ၀တ်ဖို့လှဖို့ ထဘီတစ်ထည်ကို ဒီဇိုင်းဆွဲနေချိန်မှာ ၀တ်စရာရှားပါး၍ စပ်ဖာဝတ်နေရသူ မိန်းမကြီးငယ် မည်ရွေ့မည်မျှ ရှိနေလေပြီနည်း။ ဧကရီက ထမင်းစားမ၀င်၍ နွဲ့ဆိုးပူဆာနေချိန်မှာ ထမင်းတစ်နပ် အတွက် အလုပ်ကြမ်းလုပ်နေရသူ သူ့နှမအရွယ် မိန်းကလေးတွေ မည်မျှများပြား နေပြီနည်း။ သူတို့ကို ထိုသို့တွေးတတ်လာအောင် အစပြုပေးသော ကိုချစ်ဆွေ သည် အသက်လုံခြုံရေး အတွက် လွတ်လပ်စွာ မနေရဘဲ ပုန်းခိုနေရသည်။ သမုဒ္ဒရာကို မတွေ့ရလို့ ကျော်စွာတို့ စိတ်ပူစွာလိုက်ရှာ နေစဉ်မှာ ကိုချစ်ဆွေက သူ့ကိုလိုက်ရှာ သူတွေရောက်လာမှာ စိတ်ပူနေရသည်။
သမုဒ္ဒရာက ကိုချစ်ဆွေဆီမှ ကြားရသမျှကို ကျော်စွာနှင့် ဧကရီကို ပြန်ပြောပြနေသည်။ တစ်ညလုံးမောရကောင်းမှန်း မသိခဲ့။ ကျော်စွာနှင့် ဧကရီကို သဘောပေါက်နားလည် အောင်လုပ်ဖို့က သူ့တာဝန်လို့ ယူဆနေသည်။ သူတို့ နှစ်ယောက်ပါ ပူပန်တတ်လာတာ တွေ့ရတော့ သူ အားတက်ရသည်။ ကိုချစ်ဆွေနှင့် သူတို့နှစ်ယောက်ကို တွေ့ပေးရမည်။ သူတို့နားမလည်သေးသော သဘောတရားများကို သင်ပြခိုင်းရမည်။ သူကိုယ်တိုင်လည်း သင်ယူရမည်။
“မနက်ကျရင် ကိုချစ်ဆွေဆီ သွားရအောင်နော် ကိုကို မီးအရမ်းမြင်ဖူးချင်နေပြီ”
“အေးကွာ ငါရောပဲ အရမ်းတွေ့ချင်နေပြီ”
မနက်ကျတော့ ဦးအောင်ဒင် အိမ်မှာ ကိုချစ်ဆွေကို မတွေ့ရတော့။ ညဖက်က ဘယ်လို သတင်းရလို့လိုက်လာကြမှန်းမသိ ၀င်ဖမ်းသွားကြသည်ဟု သိရသည်။ သမုဒ္ဒရာသည် အံကြိတ်ရုံက လွဲ၍ ဘာမှမလုပ်တတ်တော့။ ဦးအောင်ဒင် အိမ်က အပြန်လမ်းမှာ သုံးယောက်လုံး စကားတစ်ခွန်းမှ မပြောနိုင်ကြ။ ကျော်စွာက သမုဒ္ဒရာ ပုခုံးကို တင်းကျပ်စွာ ဖက်ထားသည်။ သမုဒ္ဒရာသည် တောက်တခေါက်ခေါက်နှင့်။ လမ်းမှာ တွေ့သူတွေက သူတို့မျက်နှာ တင်းမာနေသည်ကို သတိပြုမိပြီး ထူးဆန်းမှန်း ရိပ်မိကြသည်။ မည်သူကမှတော့ နှတ်ဆက်ပြီး မမေးရဲကြ။
ဧကရီသည် မျက်ရည်ဝဲချင်နေသည်။ မနေ့က အထိသူ့ဘ၀သည် ရိုးစင်းခဲ့သည်။ ပျော်စရာ အတိနှင့်တန်ဆာဆင် ခဲ့သည်။ ဆေးတက္ကသိုလ် တက်ဖို့ဆိုသော မျှော်လင့်ချက်များ နှင့်သာတောက်ပခဲ့သည်။ ယနေ့မှာ သူလုံးဝမမြင်ဖူး မတွေ့ဖူးလိုက်သူ တစ်ဦးအတွက် ပူပန်နေရသည်။ နေ့လည် ကထိန်ပွဲအတွက် အမျိုးသမီးတွေ စုပြီး ပိုက်ဆံပန်းအလှ ခေါက်ဖို့ ဘုန်းကြီးကျောင်းမှာ ချိန်းဆို ထားသည်ကို သူသတိမရ။ မနက်ကလည်း ခြံထဲမှာ ပန်းပင်တို့ကို ရေလောင်းပေါင်းသင်ဖို့ သတိမရခဲ့။ မိခင်ဖြစ်သူနှင့် ဈေးလိုက်သွားပြီး စားချင်ရာလျှောက်စားဖို့ကိုလည်း ဖျက်ခဲ့သည်။ ကိုချစ်ဆွေကို တွေ့ဖို့အတွက် လုပ်ရိုးလုပ်စဉ်များကို ပယ်ခဲ့ရသည်။ ယခုမူ သူစိတ်အားထက်သန်စွာ တွေ့ဖို့ကြိုးစားသူကိုမှ မတွေ့ဖူးလိုက်ရ။ ထို ကိုချစ်ဆွေ ဆိုသူကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင် သွားကြလေသနည်း။ အချင်းချင်း ရယ်မော နောက်ပြောင် လာကြသော ယောက်ျားပျိုတို့ကို ဧကရီ မျက်စောင်းထိုးမိသည်။ ဘာမှမသိဘဲ အလကားရယ်နေကြသော လူအန္ဓများဟု သူမြင်နေသည်။ အားလုံးကို ကိုချစ်ဆွေနှင့်ယှဉ်ပြီး မုန်းတီးနေမိသည်။ သူတစ်သက်လုံး အထင်ပြီးလာသော သမုဒ္ဒရာ ကိုပင် အစွမ်းအစ မရှိသူဟုထင်လာသည်။ ကိုချစ်ဆွေသည်သာ သူ့အတွက် သူရဲကောင်း ဖြစ်သည်။ နုနယ်သော သူ့ဝိညာဉ်သည် ကိုချစ်ဆွေအပေါ်မှာ သနားစိတ်နှင့် ဒါဏ်ရာ ရခဲ့လေပြီ။ သူ့အစ်ကို ကို အချိန်မနှောင်းမှီ မမေးမိသည့် အတွက်လည်း နောင်တရသည်။
ခိုင်စိုးလင်း
(ဆက်ရန် )
Saturday, July 04, 2009
THE GRASS
it was the chilly winter wind that greeted me first. too sharp you know. as if it was sharpening itself to reveal its objection to my arrival as it had been very long that i neglected it. cool like icy ice. and it was nothing like the air-condition we always have in the office. i was shrinking in the open air till i got into the arrival lounge.
i don't know if anything had changed around the airport. in fact don't remember what it was like at the last time i was there. all i noticed was the green, green grass. i could still see them now. but i am not sure if they were the same grass. i don't know why i am always interested in the grass there. i regard them like my old friends. they encouraged me while I was too nervous for my first flight. they accompanied me while i was very much excited before my pace to the university. they soothed me when i tried to run away with a broken heart. they seemed to remember me too.
when i walked out of the airport, i saw some familiar face that i knew since i was very young that he runs taxis from the airport to downtown. he had always shown his kindness to me reducing the rate for me all the time. maybe as i was a student then. he recognized me and made some friendly conversation like "oh you look like a foreigner. now you are ok abroad? i always remember you taking my cab whenever you came back for university holidays” and then with these he carried my luggage to his car. i asked the fare and he said "you just give me 100 dollars. and will you wait for some others so that you can share the fare."
i was a bit surprised with the fare. how come the fare was in dollar. 100 dollars? it was shit. i was waiting for about 20 minutes until he finished negotiating with other passengers. they were a family of 4. three adults and one kid about 7. they all wanted to be seated behind and i had to move to the front near the driver. they had so many pieces of luggage and i needed to keep my one and only small suitcase on my lap as no space was left after their things were put at the back.
"they will alight first and i will drive you to where you want to stay. will you go home? or shall i send you to some nice hotel?" the guy asked me with a wink which I feel very uneasy. i just gave a nod that didn’t mean anything. then i don’t know what he realized with it. i could get the same jolting feeling of the car when it ran along the road that made me remember my childhood when i was riding my own bike along these rough road as if jolting and unsmooth meant something that represents the road here.
the car at last stopped in front of a hotel that i had never seen before. so did it mean that the driver already knew i no longer a house here? it was a nice hotel, maybe two stars or three stars i cannot guess, with two beautiful girls at the front desk. the car driver gave a very meaningful look to the girls when we walked in to the counter. the girls look professional front line service with steady smile and television tonality for which i call poker face and mono tone.
“how much is per night rate for single room?” i asked. “45 dollars for bed and breakfast” was the answer. dollars again. “no special rate in local currency for local people?” i asked. a look of disappointment ran across on the face of the girls. they didn’t answer my question. instead they just gave a strange look to the driver. the man pulled my arms to the corner where the girl could still see us but not looking at us at all. “this is special rate they offer you as you are my friend” he said. i am too much sure the girl overheard us. “ you earned a lot abroad. come on you can afford.” so the hotel rates here depends on if someone can afford or not? i really don’t know what they were trying to say. I just wanted to take rest very soon and i reluctantly accepted the rate of course with the hope that I could find another cheap place the next morning.
“so how much do i owe you?”
“100 dollars as i already told”
“what? it should be less as i shared with others, shouldn’t it?”
“ok give me 80. You are my old friend indeed.”
all i wanted was he leaves me as soon as possible. i gave the 80 he asked for a 15 minutes drive and said goodbye.
he wanted to give me a hug that i obviously refused. so he shook my hands and said. “ok pal, just call my mobile if you wanna go out in the evening. i am at your service”
i threw myself into the bed. i admit it was a nice superior hotel and well furnished to be international standardized. i had a long, long journey. but i could not fall asleep as i expected. i thought of taking a bath and got up. i could not call it small but the bathtub was still small i thought. oops no warm water. good anyways. icy water would make me even fresher. but i had to quit my bath in a short time as it became very cold.
the bath made me hungry. it was already dark outside. i could see the electricity in some big shops and romantic candle light in some small ones. i had some indian food that i always liked in my childhood. the taste remained the same as it was 15 years ago. glad that it was not charged in dollars.
i walked along the main road. it reminded me of my 20s. i would take a ride on my old bike, sometimes with my friends, sometimes alone. we would sing aloud when we felt like. we would follow the girls we liked if we meet them on the way. sometimes we would go by the river and drink. it was very nice to get drunk listening to the waves hitting the bank that forms a lovely rhythm, enjoying the beauty of the sky especially in the moonlit nights.
i could not see the stars as bright as these in other places. i always thought if they were not the same stars before i understood that the gas and the electricity creates a layer in the atmosphere so that we cannot see the stars very well. it was nothing like lying on the shore, gazing at the sky and letting the soul to travel wherever it wants to be drifted away. my legs led me to the shore when i thought about that feeling. it was very dark there. darker than ever. the darkest of all. i almost got over something along the way on the pavement. the something shouted. It was not the something. it was the somebody. well, should be two. i made an apology and continued the walk with care.
i lied down on the soft sand the feeling of which i always enjoyed. i could feel it was a bit wet under my clothes. But it doesn’t matter. it was very cool but i could still like it. look at those stars, they always stay in group, each of which is not very bright but it becomes very distinct as they are in group. does it show what we call strength in unity bla bla? maybe. i have no idea. i don’t understand much about those unity. before i came back, my friends said i was very much patriotic. i didn’t reply anything on it. i don’t know whether i am or not. to admit frankly i came back to make myself relax. just like going on a normal holiday and the purpose of choosing my own hometown doesn’t mean anything regarding the patriotic feelings or whatever. the same thing for the decision to make the donation at the orphanage and the home for the aged too.
when i was in the primary school, some rich parents arranged to make an excursion to the orphanage and the home for the aged in my town. and i was very much excited with that. i remembered i took it as a picnic with own lunch box and having lunch together. and then when i was about 16, my brother and some other sailors sent money to make donation in the same places. i loved seeing the kids and the aged having lunch we offered heartily not like in those dinners we always made in great, grand restaurants. i just wanted to see that image again. so i decided. i couldn’t let people think anything like i wanted to do it as i owe a gratitude.
i saw a star falling in the sky. well i know it actually was a meteor. i don’t know why people call it a falling star and why there is a belief that we can wish something when we see it. is the wish really be fulfilled? i am not sure. i didn’t wish anything at all. in fact I don’t know what i actually want. there were so many things i want. i wanted to become a famous director, i wanted to become a millionaire, i wanted to get married to the lady who left me as i said i only wanted to marry someone of the same race. i know i love her. But i don’t know what made me think that i couldn’t marry her. and i now regretted as i crazily wanted her. i still couldn’t say let bygone be bygone.
“hi”
i was scared with that feminine voice. she was in dark red or maybe light red. i was not sure in the dark.
“yes?”
she didn’t respond my yes in any word. she just touched my hands. oh my. was she a sex worker? i never expected this moment in this place, in my hometown, in this very humble and primitive oriental town. i didn’t know what was happening here. it no longer was like my old place. true there were some prostitutes in every era. but i have never encountered like this before. they never approached this openly and obviously. can i call this improvement? internationalization? globalization?
it was already midnight when i got back to my hotel room. i soon fell asleep soundly this time. the breakfast was just a european one with bread, eggs, coffee, juice and toast. i hated that. i just wanted to have some local food. i got a bike from the hotel staff. i could see the swallows flying low along the road. i could feel the winter wind roughly blow my hair. i could hear the bats squealing along the road. the market was very booming with plenty of fresh vegetable and fish. and piles of sugarcane the scenery of that i always love. i was born when my mother was 39, the age she could no longer gave enough milk for a kid. so i was given sugarcane before going to bed when i was very young. this must be the reason i still love sugarcane in any situation. and when i ride along the river, i could see the seagulls magnificently flying near the shore. i could feel myself at home again.
the warden of the home was a young man of the early forty. he greeted me in a formal style when i introduced myself.
“so what is the budget you expect?” he asked.
“how much does it normally cost?”
“it depends on your budget. We can make something suitable.”
“yes, but i need to know approximate price for a nice meal with one meat, one fish, one green and one soup at least”
“for that it will be about 2 dollars per head”
What is wrong with these people? i don’t understand why they always calculate things in dollars. were they like that when we visited in my childhood too? i don’t think so. what had changed them like that.
“so how many altogether in the home?”
“about 120 both male and female”
i was astonished with the number. how come so many deserted old people in a small town. it showed the business of the town was not very good. but some people seem to be earning a lot. i could see lots of tourists visiting all over the town. and whatever they buy or they rent or they donate was in dollars. and still so many people in the home and in the orphanage?
my way back to the hotel was not very much pleasant with the digits in my mind. i no longer want to see the image i thought i would like to see for pleasure. i no longer had a heart to see those enjoying the lunch. the next day i sent the calculated amount to the home and the orphanage and then flew back. at the airport, the green grass were this time giving a strange look at me. i still can't guess what they wanted to say. but they were always green.
Khine Soe Lung
12-01-2009 (00:05 am - GMT+8)
Tuesday, June 23, 2009
ပါပါ (သို့မဟုတ်) ရာဇ၀င်ထဲက သူရဲကောင်း
ငယ်ငယ်တုန်းက ကျွန်မတစ်ရက် အိမ်ဘေးမှာ ညနေဘက် ဆော့ပြီးအိမ်ပြန်လာတော့ လှေကားအပေါ်ဆုံးအထစ်မှာ မရင်းနှီးတဲ့ ရာဘာဖိနပ် အပြာရောင် တစ်ရံတွေ့ရသည်။ အိမ်ကို ဘယ်သူရောက်နေသလဲ ဘာလို့ ဖိနပ်ကို အောက်မှာ မချွတ်ဘဲ အပေါ်ဆုံးမှာ ချွတ်သလဲပေါ့။ ပါပါတဲ့။ အဲဒါ ပါပါနဲ့ ပတ်သက်တဲ့ တစ်ခုတည်းသော အမှတ်တရပါပဲ။
အဖေကို အပြင်မှာ မြင်ဖူးလားလို့မေးကြတိုင်း အဲဒီတုန်းက ၀ိုးတ၀ါးမြင်ခဲ့တာလေးကို ပြန်သတိရပြီး မြင်ဖူးတာပေါ့လို့ ဖြေတတ်သည်။ ပြီးတော့ ရဲအရာရှိဝတ်စုံနဲ့ ဓာတ်ပုံနှစ်ပုံ၊ မိသားစု ဓာတ်ပုံတစ်ပုံ၊ မာမာနဲ့ ရန်ကုန် တိရစ္ဆန်ရုံမှာ သစ်ကုလားအုတ်တွေ အစာကျွေးနေတဲ့ ပုံတစ်ပုံ။ လေးပုံတောင်။ ပါပါကို ကောင်းကောင်း မြင်ဖူးပါသည်။ မိသားစု ဓာတ်ပုံဆိုတဲ့ အထဲမှာ ကျွန်မ မပါပါ။ အငယ်ဆုံးနန်းနန်းက ဆယ်နှစ်လောက်မှာ ရိုက်ထားတာ။ ကျွန်မ လူ့လောကထဲကို မရောက်သေးတဲ့ အချိန်ဖြစ်သည်။
ကျွန်မက ပါပါနဲ့တူတယ်လို့ပြောကြသည်။ မာမာကတော့ လက်ဝါးလေးတွေ လက်ချောင်းလေးတွေကအစ တူတယ်လို့ ပြောပါသည်။ ဟုတ်မှာပါ။ ဓာတ်ပုံတွေထဲမှာ လက်တွေ သေချာမှမမြင်ရတာ။ အပြင်မှာ မြင်ဖူးတဲ့ ညကလည်း လက်တွေကို ဂရုမစိုက်အားဘူးလေ။ အဲဒီနေ့က ပုံမှန်ဆို ကျွန်မက မှတ်မိနိုင်တဲ့ အရွယ်မဟုတ်သေးပါ။ အိမ်ကလူတွေက ကျွန်မမှတ်မိတာကို ကြီးလာလို့ ပြန်ပြောပြတော့မှ သိကြသည်။ အဲဒီတုန်းက ဘယ်အရာကြောင့် ပတ်ဝန်းကျင် အိမ်နီးနားချင်းတွေကိုတောင် မပြောပြမိသလဲ မသိ။ ကျွန်မက ငယ်ငယ်တည်းက သိပ်စကားတတ်သည်တယ်တဲ့။ အရမ်းတတ်သည်တဲ့။
သမီးလေးက သိပ်စကားတတ်နေပြီ မလာပါနဲ့တော့ လို့ပြောလိုက်သည်တဲ့။ အဲဒီကျွန်မ မှတ်မိလိုက်တဲ့ နောက်ဆုံး အချိန်ကဖြစ်သည်။ ကိုကို ရှင်ပြုတုန်းက ရောက်လာမလားလို့ တစ်ရပ်ကွက်လုံးက စောင့်ကြည့်နေကြသည်တဲ့။ ညဘက် ရှင်ပြုအိမ်မှာ လူစည်နေတုန်း ပါပါ့ညီ အငယ်ဆုံး ၀င်လာရင်ပဲ အားလုံးက ၀ိုင်းပြီး ပါပါလို့ကို ထင်လိုက်ကြသည်တဲ့ ။ အဲလောက်ကြီးလည်း ရုပ်မတူပါဘဲ၊ ပါပါ့ညီကို အားလုံးက အမြဲတမ်းမြင်နေကျ ဖြစ်နေသော်လည်းပဲ။ သားရှင်ပြုပွဲမှာ ရောက်လာတာ ဘလာဘလာ ဘာညာဘာညာ ရုပ်ရှင်တွေထဲမှာ လိုမျှော်လင့်ကြတာဖြစ်မှာပေါ့။
ကိုကို ဆံချတော့ မာမာနဲ့ အဘောင်ရှင် (အဖွား) ကပိတ်ဖြူကိုင်ကြသည်။ ကျွန်မက ရေခဲမုန့်တွေကို လှည့်ပြီး ပျော်နေသည်။ ရေခဲမုန့်ဗူးဆိုတာ သူများရှင်ပြုပွဲတွေ ဆိုင်တွေမှာသွားကိုင်ကြည့်လို့ရတာမှမဟုတ်တာ။ ရေခဲမုန့် ဗူးထဲမှာ ရေခဲတွေနဲ့အတူ ဆားပါထည့်ရတယ်ဆိုတာ အဲဒီမှာ စသိတာပဲ။ ညီအစ်မတွေအကုန် နန်းနန်း ခြုပ်တဲ့ ဇာအင်္ကျီ ပန်းရောင်လေးတွေနဲ့။ ဓာတ်ပုံတွေပြန်ကြည့်တော့မှ ကျွန်မဟာ ငါးနှစ်သာဆိုတယ် လူက သေးေ